05/12/2022
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ရက်ပိုင်းအတွင်း တရားဝင်တွေ့ဆုံမည်
မေ ၁၂ ၊ ၂၀၂၂
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာက အမျိုးသားညီ ညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်တွေ့ဆုံသွားဖို့ရှိပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာက “ကျနော်အနေနဲ့ သူ့(ဒေါ်ဇင်မာအောင်)ကို အသိပေးပြောကြားလိုတာကတော့ မလေးရှားအစိုးရနဲ့ မလေးရှား ပြည်သူတွေဟာ မြန်မာပြည်သူတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေတယ် ဆိုတာပါပဲ။ ကျနော်တို့အနေနဲ့ သွယ်ဝိုက်ပြီးဖြစ်စေ၊ အလွတ် သဘောဖြစ်စေ သူနဲ့ သူတို့အဖွဲ့ (NUG)ကို အကူအညီပေးချင်ပါတယ်။ ဒါပြင် ကျနော်အနေနဲ့လည်း သူပြောမယ့်စကား တွေကို နားထောင်ချင်ပါတယ်။ သူ့မှာသတင်းစကားတွေ၊ အချက်အလက်တွေ ရှိနိုင်ပါတယ်။ သူ့သဘောထား တွေ၊ ထင်မြင်ယူဆချက်တွေ မြန်မာနိုင်ငံ.. အထူးသဖြင့် မြန်မာပြည်သူတွေ ဘယ်လိုရှေ့ဆက်သွားကြမလဲ ဆို တာ သိချင်ပါတယ်”လို့ ပြောကြားလိုက်တာပါ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံမယ့် ရက်က မေ ၁၄ (စနေနေ့) ဖြစ်တယ်ဆိုပြီးတော့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန် ဆိုင်ဖူဒင် အဗ္ဗဒူလာက Benar News သတင်းဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပြောကြား ခဲ့တာပါ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံနိုင်ငံတွေကို အမျိုးသားညီ ညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု တွေ လုပ်ကြဖို့အတွက် တိုက်တွန်းထားပါသေးတယ်။
Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။