Kay's Diary

Kay's Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kay's Diary, Digital creator, Da Nang.

11/12/2025

Forest 98 Cafe

🇻🇳ဗီယက်နမ် Danang မြို့မှာ 🐷 ဝက်သားဆန်ပြုတ်လေး စားလို့ရမယ့် နေရာလေးကို Comment မှာ Link လေးပေးထားပါတယ်နော်။ 🇻🇳ဗီယက်နမ်ရေ...
08/12/2025

🇻🇳ဗီယက်နမ် Danang မြို့မှာ 🐷 ဝက်သားဆန်ပြုတ်လေး စားလို့ရမယ့် နေရာလေးကို Comment မှာ Link လေးပေးထားပါတယ်နော်။

🇻🇳ဗီယက်နမ်ရောက်ပြီးတော့ သူတို့အစားအစာလေးကို မြည်းစမ်းကြည့်ပြီး မြန်မာပါးစပ်နဲ့ အဆင်မပြေမှာ အမြဲစိုးရိမ်နေမိပါတယ်။ 😟စစချင်း အမြင်အရတော့ အဆင်ပြေပါ့မလား တွေးမိပေမယ့် စားကြည့်တဲ့ အချိန်မှာတော့ အဆင်ပြေလို့ ညွှန်းပေးတာပါ။

🐷ဆန်ပြုတ်ထဲဝက်သားထည့်ပြီးသားမှာလို့ရသလို အသားနဲ့ ကလီစာသီးသန့်လည်း မှာလို့ရပါတယ်။ အသားချည်းစားရင်တော့ အရသာသိပ်မရှိပါဘူး သူပေးထားတဲ့ ဆော့စ်လေးနဲ့တွဲစားရပါမယ်နော်။
ဝက်သားဒုတ်ထိုး အလွမ်းပြေ‌ အနေနဲ့ စားခဲ့ပါတယ်။

မင်္ဂလာပါ။ Vietnam 🇻🇳 ကို 90 days E-visa နဲ့ လာခဲ့တဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးချင်ပါတယ်။အလည်လာတဲ့သူတွေအနေနဲ့ Myanmar...
05/12/2025

မင်္ဂလာပါ။ Vietnam 🇻🇳 ကို 90 days E-visa နဲ့ လာခဲ့တဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးချင်ပါတယ်။

အလည်လာတဲ့သူတွေအနေနဲ့ Myanmar Passport ဆို Visa free ရက် ၃၀ ရပါတယ်။ Official က 14 ရက်ဆိုပေမယ့် လေဆိပ်မှာ ရက် ၃၀ တုံးထုပေးပါတယ်။
များသောအားဖြင့်တော့ အပြန်လေယာဉ်လက်မှတ် 🛫၊ Hotel Booking🏨၊ Show Money 💵 ပြခိုင်းလေ့မရှိပါဘူး။

🚨 ရက် ၃၀ ထက်ပိုနေမယ်ဆိုရင်တော့ မလာခင် E-Visa ‌ကြိုလျှောက်ခဲ့တာက ကုန်ကျစရိတ်ပိုသက်သာစေပါတယ်။

90 days E-visa လျှောက်မယ်ဆိုရင်တော့ Visa Type နှစ်မျိုး ရှိပါတယ်။

- ရက် ၉၀ အတွင်း Vietnam နိုင်ငံ ပြင်ပထွက်ခွာဖို့ မရှိဘူးဆိုရင်တော့ Single Entry ကိုရွေးချယ်ရပါမယ်။ Visa Fee - 25 USD 💵 ပါ။

- ရက် ၉၀ အတွင်း Vietnam နိုင်ငံပြင်ပ ကို အကြိမ်ရေ အကန့်အသတ်မရှိ အဝင်အထွက် လုပ်မယ်ဆိုရင် Multiple Entry ကိုရွေးချယ်ရပါမယ်။ Visa Fee - 50 USD 💵 ပါ။

ကြာချိန် အနေနဲ့ကတော့ ရုံးဖွင့်ရက် 3-5ရက်နဲ့ ရတတ်ပါတယ်။
မလာခင် တပတ်/ဆယ်ရက် ကြိုလျှောက်ပါတယ်။

E-Visa လျှောက်ရာတွင် လိုအပ်ချက်များ
-Passport Photo
-Passport ရှေ့ဆုံးစာမျက်နှာ
-မြန်မာနိုင်ငံ လိပ်စာ
-Vietnam Hotel လိပ်စာ
- Visa Card (Visa ကြေးပေးရန်)

🚨Visa လျှောက်ရာတွင် သတိထားရမယ့် အချက်ကတော့ Vietnam နိုင်ငံကို စတင်ဝင်ရောက်မယ့်နေ့ကို သေချာဖြည့်ရပါမယ်။ E-Visa မှာ ဖြည့်သွင်းထားတဲ့ ရက်ထက်စောဝင်လို့မရလို့ပါ။ အဲ့ဒီရက်ထက်စောဝင်ပါက ရက် ၃၀တုံးပဲ ရပါမယ်။

ပြန်လည်ထွက်ခွာမယ့် ရက်ကို Vietnam ကို စတင်ဝင်ရောက်မယ့်နေ့ကနေ ရက် ၉၀တွက်ပြီး ဖြည့်သွင်းရပါမယ်။

လေဆိပ်ကို ရောက်ရင် E-Visa ကို ဖုန်း/ Print ထုတ်ပြီး Immigration Officer ကို အရင်ဆုံးပြသရပါမယ်။

🚨 တစ်ခုသတိထားရမှာက ကိုယ်က E-Visa ထဲမှာ ဖြည့်ထားတဲ့ ရက်ထက်‌ နောက်ကျပြီးမှ ဝင်လို့ရပါတယ်။ နောက်ကျပြီးမှ ဝင်ခဲ့လျှင် E-Visa ထဲက ပြန်လည်ထွက်ခွာမယ့် ရက်အတိုင်း တုံးထုပေးရင်တော့ ရက် ၉၀အပြည့်မရတော့ပါဘူး။ တချို့ကလည်း ကိုယ် စဝင်တဲ့ရက်ကနေ ရက် ၉၀တွက်ပြီးထုပေးတယ်‌ ပြောကြပါတယ်။ အဲ့ဒါကတော့ Immigration Officer ပေါ်မူတည်မယ် ထင်ပါတယ်။
ကိုယ်တွေကတော့ တလလောက်နောက်ကျပြီးဝင်တော့ ရက်၆၀လောက်ပဲရပါတယ်။ အားလုံးသတိပြုနိုင်ဖို့ပါ။

Address

Da Nang
550000

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 12:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Kay's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share