Myat Thu

Myat Thu Social Sharing

21/10/2025

စစ်ပွဲတွေ မရှိတော့တာကြာပြီ
ေးပါတယ်

ကမ္ဘာတစ်ဝှမ်းမှာ ပလတ်စတစ်အသုံးပြုမူများလာတာနဲ့အမျှ ကျွန်တော်တို့ ခန္ဓာကိုယ်တွေဟာလည်း ပလတ်စတစ်ပါဝင်မူနှုန်းများလာပါတယ်။ဒီ...
20/10/2025

ကမ္ဘာတစ်ဝှမ်းမှာ ပလတ်စတစ်အသုံးပြုမူများလာတာနဲ့အမျှ ကျွန်တော်တို့ ခန္ဓာကိုယ်တွေဟာလည်း ပလတ်စတစ်ပါဝင်မူနှုန်းများလာပါတယ်။
ဒီ Microplastics လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်လေးတွေဟာ အစားအသောက်၊ ရေနဲ့ လေထုကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို တစ်နေ့ နည်းနည်းချင်း စီးဝင်နေပါတယ်။

သွေးကြော၊ အဆုတ်နဲ့ တစ်ချို့ဆို သန္ဓေသားအိမ်ထဲအထိတွေ့ရှိနေရပြီဖြစ်တဲ့ Microplastics အမှုန်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျန်းမာရေးစိုးရိမ်မှုတွေကို မြင့်တက်စေနေပါတယ်။

ဒါပေမယ့် ဓာတ်ခွဲခန်းလေ့လာမှုအသစ်တစ်ခုက မျှော်လင့်ချက်တစ်စကို ပေးလိုက်နိုင်ပါတယ်။ အဲ့တာကတော့ မြန်မာပြည်ရဲ့ သဘာဝထွက်ကုန်ပစ္စည်းဖြစ်တဲ့ မန်ကျည်းသီးပါပဲ။

အရှေ့တောင်အာရှနဲ့ အာဖရိကမှာ အသုံးများတဲ့ ဒီမန်ကျည်းသီးဟာ ခန္ဓာကိုယ်အတွင်းက Microplastics အမှုန်တွေကို သဘာဝအတိုင်းစွန့်ထုတ်နိုင်ဖို့ အကူအညီပေးနိုင်တယ်လို့ ဆိုပါတယ်။

သုတေသီတွေ့ရှိချက်အရ မန်ကျည်းသီးထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ပလပ်စတစ်အမှုန်အမွှားလေးတွေနဲ့ ချိတ်ဆက်ပြီး အစာခြေစနစ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို သဘာဝနည်းနဲ့ စွန့်ထုတ်နိုင်အောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ဒီတွေ့ရှိချက်တွေဟာ ဓာတ်ခွဲခန်းအဆင့်မှာပဲ ရှိသေးပြီး ကနဦးအဆင့်သာဖြစ်ပေမယ့် ခေတ်သစ်ရဲ့ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအတွက် ရိုးရှင်းတဲ့ စားသောက်မှုပုံစံဖြင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ညွှန်ပြနေပါတယ်။

တစ်ကယ်လို့ နောက်ထပ်သုတေသနတွေကသာ ဒီအကျိုးသက်ရောက်မှုကို အတည်ပြုနိုင်မယ်ဆိုရင် မန်ကျည်းသီးဟာ ဆေးဝါး ဒါမှမဟုတ် ခွဲစိတ်ကုသမှုမလိုဘဲ လူသန်းပေါင်းများစွာရဲ့ ခန္ဓာကိုယ်ထဲက ပလပ်စတစ်ဝန်ထုပ်ကို လျှော့ချပေးနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်း စားသောက်မှုပုံစံထဲမှာ ပါဝင်လာနိုင်ပါတယ်။


#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုတ ေးပါတယ် #ဗဟုသုတ

Use ...... What?ဘာသုံးရမလဲ?
14/10/2025

Use ...... What?
ဘာသုံးရမလဲ?

ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်း ဘာလို့စားပေးသင့်တာလဲ?ငှက်ပျောသီးဟာ ဈေးသက်သာ၊ လွယ်လွယ်ကူကူ ရရှိနိုင်ပြီး၊ စားဖို့အတွက်လည်း...
14/10/2025

ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်း ဘာလို့စားပေးသင့်တာလဲ?

ငှက်ပျောသီးဟာ ဈေးသက်သာ၊ လွယ်လွယ်ကူကူ ရရှိနိုင်ပြီး၊ စားဖို့အတွက်လည်း အလုပ်မရှုပ်၊ ပြင်ဆင်ရခက်ခဲမှုမရှိတဲ့အပြင် မိသားစုအားလုံးနီးပါးနဲ့ သင့်တော်တဲ့ အသီးတစ်မျိုးပါ။

ငှက်ပျောသီးကို ဒီအတိုင်းစားရင်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသလို၊ ငှက်ပျောသီးကို မီးဖုတ်ပြီး ပျားရည်ဆမ်းစားမယ်ဆိုရင်လည်း အောက်ပါအတိုင်း ကျန်းမာရေးဝေဒနာတွေအတွက် အထောက်အကူပြုနိုင်ပါတယ်။

ဖီးကြမ်းငှက်ပျောသီးကို ဘာလို့ မီးဖုတ်စားပေးသင့်တာလဲ?

ဖီးကြမ်းငှက်ပျောသီးမှည့်ကို မီးဖုတ်လိုက်တဲ့အခါ၊ ငှက်ပျောသီးအခွံအတွင်းမှာရှိတဲ့ အမျှင်ဓာတ်တွေဟာ ပျော်ဝင်ပြီး ငှက်ပျောသီးအသားနဲ့ ပေါင်းစပ်သွားပါတယ်။ ငှက်ပျောသီးအခွံမှာပါတဲ့ အမျှင်တွေက လေပူကိုနိုင်ပြီး ပါးစပ်အနာ၊ အစာအိမ်နာ များကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။

ဒီလို ဆေးဖက်ဝင်တဲ့ ငှက်ပျောသီးအခွံရဲ့ အာနိသင်ကို သိရှိသူနည်းပါတယ်။

အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ၊ သွားနာရောဂါ ရှိသူများအပြင်၊ နှလုံးလေပင့်၍ မောသူ နဲ့ သွေးတိုးရောဂါ ရှိသူတွေအတွက်ပါ ဖီးကြမ်းငှက်ပျောသီးဟာ ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်း၏ အကျိုးကျေးဇူးများ

၁။ "မနက်သင်္ဘော၊ ညငှက်ပျော" လို့ ဆိုရိုးရှိတာကြောင့် ငှက်ပျောသီးမီးဖုတ်ပျားရည်ဆမ်းကို ညနေဘက် အိပ်ရာမဝင်ခင် စားပေးတာ ပိုသင့်တော်ပါတယ်။

၂။ ငှက်ပျောသီးမှာပါဝင်တဲ့ tryptophan ဓာတ်ကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ကာ အာရုံစူးစိုက်မှုကိုလည်း အထောက်အကူပြုပါတယ်။

၃။ ကယ်လိုရီဓာတ်ပါဝင်တာကြောင့် ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ပြည့်ဝစေတာမို့ နာရီပိုင်းအတွင်း အားအင်ပြန်လည်ပြည့်ဝစေတဲ့ အစားအစာအဖြစ် သတ်မှတ်ကြပါတယ်။

၄။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်လို့ ဝမ်းချုပ်သူများ စားပေးပါက ဝမ်းမှန်စေပါတယ်။

၅။ မှတ်ဉာဏ်ထက်သန်စေပြီး အရိုးများကို သန်မာဖွံ့ဖြိုးစေပါတယ်။

အခြားသော ကုထုံးများ

၆။ ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ - ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတစ်ဇွန်းတို့၍ နေ့စဉ်စားပေးပါ။
၇။ အစာအိမ်ကင်ဆာ၊ အရိုးကင်ဆာသမားများ - ငှက်ပျောသီးကို နနွင်းမှုန့်အနည်းငယ်နဲ့ တို့စားပါ။
၈။ စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်ရင် - ငှက်ပျောသီး ၃ လုံးကို ပျားရည်နဲ့ ကြော်စားပါ။
၉။ ကျောက်ကပ်အားနည်း၊ ကျောက်ကပ်နာကျင်မှုအတွက် - သဘာဝပိုတက်စီယမ် ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း) ငှက်ပျောသီးကိုသာ စားပါ။
၁၀။ အူမကြီး မြန်ဆန်စွာ အလုပ်လုပ်နိုင်ရန် နှင့် အူသန့်စင်စေရန် - ဖီးကြမ်းငှက်ပျောသီးမှည့်၊ အိပျော်နေတာကို ဆားမီးလှော်/ဆားမီးဖုတ်နဲ့ တို့စားပါ။
၁၁။ မျက်စိမှုန်ခြင်း၊ မျက်စိတိမ်ကပ်ခြင်းများအတွက် - ငှက်ပျောသီးအသားကို ချေပြီး မျက်ကွင်းအောက်နားတစ်ဝိုက်ကို ၁၀ မိနစ်ခန့် သုတ်ထားပြီး ရေနွေးနွေးနဲ့ ပြန်ဆေးချပါ။
၁၂။ ဝမ်းချုပ်ပြီး အပူအပုပ် ထွက်စေရန် - ငှက်ပျောသီးကို ဒိန်ချဉ် ၃ ဇွန်းနဲ့ စားပါ။
၁၃။ ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက - ငှက်ပျောသီးကို အုန်းနို့နဲ့ပေါင်းစားပါ။
၁၄။ လေးဘက်နာ အဆစ်အမြစ်ကိုက်ခဲနေသူများ - ငှက်ပျောသီးကို ထိပ်နဲ့ဖင်ဖြတ်၊ အခွံကျွမ်းအောင် မီးကင်ပြီး အထဲမှ အသားကို စားပါ။
၁၅။ တင်းတိပ်နဲ့ အမည်းစက်များ၊ မီးလောင်ဒဏ်ရာများ မှေးမှိန်ချင်ရင် - ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကို ရောမွှေ၍ ပါးပါးလူးပေးပြီး ၁၀ မိနစ်တွင် ရေနွေးနွေးနဲ့ ဆေးချပါ။

ရှောင်ရန်များ

ရင်ကျပ်နေချိန် မစားရ။

နေပူပူထဲ သွားလာရင်း မစားရ။

ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေးငှက်ပျောသီး မတည့်ပါ။

ကိုယ်ပူနေချိန် ငှက်ပျောသီးကို အဖန်ရည်ထွက်အောင် ပြုတ်ပြီးမှ စားပါ။

ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန် စားလိုပါက သီးမွှေး၊ ဖီးကြမ်း၊ မည်သည့်ငှက်ပျောသီးမဆို စားနိုင်ပါသည်။

(နေ့စဉ်နဲ့အမျှ ကျန်းမာရေးဗဟုသုတများ တင်ပေးနေပါတယ် ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် မျှဝေ (share) ခြင်းဖြင့် ကုသိုလ်ယူလို့ရပါတယ်ရှင့်)

#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုတ ေးပါတယ် #ဗဟုသုတ

13/10/2025

ကိုယ်အတွင်းကလီစာများရောဂါရှိမရှိသိနိုင်သောလွယ်ကူသောနည်းလမ်း ၅ ခု

၁။ ကျောက်ကပ်အားနည်းလာလျှင် နားထဲတွင် အသံမြည်ခြင်း (နားအူခြင်း) ဖြစ်တတ်သည်။
၂။ နှလုံးမကောင်းလျှင် အိပ်မပျော်ဖြစ်တတ်သည်။
၃။ အသည်း၏သွေးလည်ပတ်မှုမကောင်းလျှင် အကြောများတောင့်တင်းပြီး ကြွက်တက်ခြင်း (ခြေသလုံးကြွက်တက်ခြင်း) ဖြစ်တတ်သည်။
၎။ သရက်ရွက်မကောင်းလျှင် သလိပ်များများ ထွက်တတ်သည်။
၅။ အဆုတ်မကောင်းလျှင် အရေပြားယားယံခြင်း ဖြစ်တတ်သည်။

ခန္ဓာကိုယ်မှ ပြသသော သေးငယ်သည့် လက္ခဏာများသည် သင်ထင်ထားသည်ထက် ပိုအရေးကြီးပါသည်။ စစ်ဆေးကြည့်ဖို့ အကြံပြုအပ်ပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုတ ေးပါတယ် #ဗဟုသုတ

11/10/2025

ဇီးဖြူသီးဟာ လုံးဝန်းပြီး သေးငယ်ပေမယ့် အရသာကတော့ ချဉ်၊ ဖန်၊ ချို ဆိုပြီး အရသာစုံလင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ရှေးလူကြီးတွေက ဒီအသီးကို ရာစုနှစ်ပေါင်းများစွာကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပြီး၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့အပြင် အဖျားကျစေတဲ့ အစွမ်းသတ္တိတွေလည်း ပါဝင်ပါတယ်။။

ဇီးဖြူသီးရဲ့ ထင်ရှားတဲ့ အစွမ်းသတ္တိများ
ဇီးဖြူသီးမှာ အောက်ပါအတိုင်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစွမ်းသတ္တိတွေ အများအပြားရှိပါတယ်-

အပူကျစေခြင်း - အပူကြီးပြီး ဖျားတာ၊ ပါးစပ်ခြောက်တာ၊ လည်ချောင်းနာတာ တွေကို သိသိသာသာ သက်သာစေပါတယ်။

သလိပ်ရွှင်စေခြင်း - ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ကို သက်သာစေပြီး သလိပ်များကို ထုတ်ပေး နိုင်ပါတယ်။

ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း - ဗီတာမင် C ပမာဏ အလွန်မြင့်မားစွာ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး နိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ခြင်း - အသားအရေကို ကြည်လင်တောက်ပစေဖို့ အထောက်အပံ့ပေးပါတယ်။

မျက်စိအားကောင်းစေခြင်း - မျက်စိဆဲလ်တွေ ယိုယွင်းပျက်စီးမှုကို နှေးကွေးစေဖို့ ကူညီပေးပါတယ်။

လွယ်ကူတဲ့ သောက်သုံးနည်း
ဒီလို အစွမ်းထက်တဲ့ ဇီးဖြူသီး ကို လွယ်လွယ်ကူကူ သုံးစွဲနိုင်တဲ့ နည်းလမ်းကတော့-

ဇီးဖြူသီး ၅-၆ လုံး ကို ရေစင်အောင် ဆေးကြောပါ။

ရေ ၂ ခွက် နဲ့ ၁၀ မိနစ်ခန့် အပူပေး ပြုတ်ပါ။

ပြီးနောက် နွေးနွေးလေး သောက်သုံးပါ။

ချိုချဉ်တဲ့ အရသာက ခံတွင်းကို လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ထဲက အပူကို ကန်ထုတ် ပေးကာ ပါးစပ်ခြောက်တာ၊ လည်ချောင်းနာတာတွေကို ကောင်းစွာ သက်သာစေနိုင်ပါတယ်
#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုတ ေးပါတယ် #ဗဟုသုတ

တောင်ဇီးဖြူ (တောဇီးဖြူပင်) – အစွမ်းထက်သော ဆေးဖက်ဝင်အပင်တောဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်ငယ်လေးဖြစ်ပြီ...
11/10/2025

တောင်ဇီးဖြူ (တောဇီးဖြူပင်) – အစွမ်းထက်သော ဆေးဖက်ဝင်အပင်
တောဇီးဖြူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်ငယ်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ သူ့ရဲ့အရွက်အောက်မှာ အသီးသေးသေးလေးတွေ သီးတာကြောင့် “မြေဇီးဖြူပင်” လို့လည်း လူသိများပါတယ်။ တခြားနိုင်ငံတွေမှာ ဒီအပင်ကို "ကျောက်ပျော်ဆေး" လို့တောင် တင်စားခေါ်ဝေါ်ကြပြီး ကျောက်တည်တာအတွက် ဆေးဖက်ဝင်တယ်လို့ အသိများပါတယ်။

ဒီအပင်မှာ ကျောက်ကပ်၊ အသည်း၊ ဆီးလမ်းကြောင်းနဲ့ အရေပြားပြဿနာတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင်ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။

တောဇီးဖြူ၏ အဓိက ကျန်းမာရေး အကျိုးကျေးဇူးများ
၁။ အသည်းအားဖြည့်ခြင်း
အသည်းကို ကာကွယ်ပေးပြီး အသည်းရောင်အသားဝါ B လို ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ Phyllanthin နဲ့ Hypophyllanthin ဓာတ်တွေ ပါဝင်ပါတယ်။

၂။ ကျောက်တည်ခြင်းကို ကုသခြင်း
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာရှိတဲ့ ကျောက်တွေကို ပျော်ဝင်စေပြီး ဆီးကနေတဆင့် စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

၃။ ကိုယ်ခံစွမ်းအား မြှင့်တင်ခြင်း
ဗီတာမင် C နဲ့ Antioxidant ဓာတ်တွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။

၎။ ဆီးချိုထိန်းချုပ်ခြင်း
သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေအတွက် အထူးအထောက်အကူ ဖြစ်စေပါတယ်။

၅။ အနာကျက်မြန်စေခြင်း
ပွေး၊ ဝဲ၊ ယားနာ၊ ခေါင်းခြောက်၊ အနာသေးနဲ့ အနာစက်တွေအတွက်လည်း သုံးနိုင်ပါတယ်။

၆။ ဆံပင်ကျန်းမာရေး
ဆံပင်သန်စွမ်းဖို့ ကူညီပေးပြီး ဗောက်နဲ့ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။

၇။ ခေါင်းတစ်ခြမ်းကိုက်ခြင်း
အပင်ရဲ့ အမြစ်ကို ဆီနဲ့ချက်ပြီး လိမ်းပေးရင် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်လို့ ရိုးရာအစဉ်အလာမှာ ရှိပါတယ်။

သုံးစွဲနည်းနှင့် သတိပြုရန်
ပြုတ်ရည် - အရွက်၊ ပင်စည် သို့မဟုတ် အမြစ်ကို ရေနဲ့ပြုတ်ပြီး သောက်နိုင်ပါတယ်။

ဆေးမှုန့် - နေလှန်းပြီး အမှုန့်ကြိတ်ထားတဲ့ အပင်ကို ရေနဲ့ ရောသောက်နိုင်ပါတယ်။

လိမ်းဆေး - အရွက်နဲ့ အမြစ်တွေကို သွေးပြီး လိမ်းနိုင်သလို ဆီနဲ့ချက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

သတိပြုရန်
ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ဆီးချိုဆေး၊ သွေးတိုးဆေး သောက်နေသူတွေဟာ သမားတော်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။ အလွန်အကျွံသုံးစွဲရင် ပျို့အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။


#ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတရကြပါစေ ေးပါတယ် #ဗဟုသုတ

{သိုင်းရွိုက်ရောဂါ} အတွက် ဆောင်ရန်ရှောင်ရန်အစားအစာလေးများသိုင်းရွိုက်ဆိုတာ ခန္ဓာကိုယ်ရဲ့ဂလင်းများစုဝေးရာဗဟိုချက်ဖြစ်ပြီး...
11/10/2025

{သိုင်းရွိုက်ရောဂါ} အတွက် ဆောင်ရန်ရှောင်ရန်

အစားအစာလေးများ

သိုင်းရွိုက်ဆိုတာ ခန္ဓာကိုယ်ရဲ့ဂလင်းများစုဝေးရာဗဟိုချက်ဖြစ်ပြီး၊ ဟိုမုန်းများထုတ်ပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီး တစ်ခု လုံး ဇီ၀ကမ္မလုပ်ဆောင်ချက်က ၄င်းသိုင်းရွိုက်ကျန်းမာရေးပေါ် မူတည်နေပါတယ်။

ဟိုမုန်းပြဿနာကြောင့် သိုင်းရွိုက်ရောဂါဖြစ်လာရပါတယ်။ ရှိသင့်တဲ့ ဟိုမုန်းထက် နည်းနေခြင်း (သို့) များနေခြင်းတို့ကြောင့် ဟိုက်ပါသိုင်းရွိုက် (သို့) ဟိုက်ပိုသိုင်းရွိုက်တွေ ဖြစ်လာရပါတယ်။ အကယ်၍ လက်ရှိအခြေအနေမှာ ဟိုက်ပိုသိုင်းရွိုက်ဖြစ်နေပေမယ့် နောင် ၆ လ ကြာတဲ့အခါမှာ ဟိုက်ပါ အဖြစ်သို့ သူ့အလိုလိုပြောင်းလဲတတ်တာကြောင့်လည်း သိုင်းရွိုက်ဝေဒနာသည်တွေအနေဖြင့် ၆ လ တစ်ကြိမ် မှန်မှန် ဆေးစစ်သင့်ပါတယ်။

အမျိုးသမီးများ သိုင်းရွိုက်ဝေဒနာပို၍ ခံစားရတတ်ပါတယ်။ သိုင်းရွိုက်ကြောင့် မျက်စိအတန်ငယ် ပြူးလာတတ်သလို၊ ဆံပင် ကျွတ်ခြင်း၊ ရင်တုန်ခြင်း၊ ချွေးတအားထွက်ခြင်း၊ လေးလံထိုင်း မှိုင်းခြင်း စတဲ့ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ အလုပ်ပင်ပန်း လွန်းတဲ့အခါ ရောဂါပို၍ ထတတ်ပါတယ်။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသလို၊ သင့်တင့်လျောက်ပတ်တဲ့ အစား အစာတွေက ရောဂါပျောက်ကင်းအောင် တဖက်တလမ်းမှ ကောင်ကျိုးပြုပေးနိုင်ပါတယ်။

ဆောင်ရန် ရှောင်ရန် အစားအစားလေး တွေကတော့-

အိုင်အိုဒင်း ဆားတစ်မျိုးတည်းကိုသာ စားသင့်ပါတယ်။
မုန်ညင်းစိမ်းရှိ goitrogens ဓာတ်တစ်မျိုးက သိုင်းရွိုက်ဟိုမုန်းထုတ်လုပ်ခြင်းကို ကြီးစွာသော အဟန့်အတားဖြစ်စေတာ ကြောင့် သိုင်းရွိုက်ဝေဒနာသည်များ မုန်ညင်းစိမ်းစားသုံးခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။
ဒူးရင်းသီးက သိုင်းရွိုက်၊ လည်ပင်းအကျိတ် ကျန်းမာရေးကို သက်သာကောင်းမွန်လာစေပါတယ်။

ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓာတ်အမြောက်အများပါရှိသဖြင့်၊ ဟိုမုန်းထုတ်လုပ်ခြင်း နှင့် စုပ်ယူခြင်းစတဲ့ သိုင်းရွိုက်၏ လုပ်ငန်း ဆောင်တာများကို အထောက်အကူပြုကာ၊ သိုင်းရွိုက်ကိုကျန်းမာစေပါတယ်။

တို့ဟူးထဲမှာ ငါးနှင့် အစေ့အနှံများကဲ့သို့ selenium ဓာတ်ပါရှိပါတယ်။ ၄င်းဓာတ်က သိုင်းရွိုက်အကြိတ်ကို ပုံမှန်ဖြစ်စေ ပါတယ်။ သို့သော် တို့ဟူးကို အလွန်အကျူးစားသုံးတဲ့အခါ တို့ဟူးထဲရှိ isoflavones ဓာတ်က သိုင်းရွိုက်ကို ဘေးဥပါသ်ဖြစ်စေ နိုင်တယ်လို့လည်း ဆေးသုတေသီကျမ်း တချို့မှာဖော်ပြထားပါတယ်။ ဒါကြောင့် စာရေးသူအနေဖြင့် သိုင်းရွိုက်ဝေဒနာသည်တွေ ကို တို့ဟူး စားဖို့မတိုက်တွန်းလိုပါဘူး။

အိုင်အိုဒင်းဓာတ်တို့စုဝေးရာ ကန်စွန်းရွက်ကိုစားပေးခြင်းဖြင့် သိုင်းရွိုက်ဟိုမုန်းများကို မျှခြေဖြစ်ကာ ဟိုက်ပိုသိုင်းရွိုက် အကျိတ်ဂလင်းကိုများစွာ အထောက်အကူ ပြုပေးပါတယ်။
ဟင်းနုနယ်ထဲမှာ oxalates ဓာတ် ပါရှိနေတာ
ကြောင့် သိုင်းရွိုက်ဝေဒနာသည်တွေသာမက၊ ကျောက်ကပ် နှင့် ဂေါက်ရောဂါ ဝေဒနာသည်များလည်း အလွန်အကျွံမစားသင့်ပါဘူး။

ပိန်နဲသီးထဲရှိ ကော့ပါးသတ္တုဓာတ်များက သိုင်းရွိုက်၏ ဇီ၀ကမ္မလုပ်ဆောင်ချက်များကို ကောင်းကျိုးပြုကာ သိုင်းရွိုက်ကို ကျန်းမာစေပါတယ်။

သိုင်းရွိုက်ရောဂါအတွက် ဖျော်ရည်တစ်ခွက်

သိုင်းရွိုက်ကျမ်းမာရေးအတွက် ဗီတာမင်အေ နဲ့ဗီတာမင်ဘီတို့က မရှိမဖြစ်လေးတွေပါ။ ဗီတာမင်အေကြွယ်၀တဲ့ မုန်လာဥနီက ဟို မုန်းတွေထွက်ရှိလာဖို့သိုင်းရွိုက်ကိုလှုံ့ဆော်ပေးသလို၊ ဗီတာမင်ဘီကြွယ်၀တဲ့ သခွားသီးက သိုင်းရွိုက်ဂလင်းတွေကို အာဟာရ ဖြစ်စေပါတယ်။ တရုပ်နံနံပင်က ဟိုမုန်းထွက်ရှိမှုပမာဏကို မျှတစေသောကြောင့် အထူးသဖြင့် အမျိုးသမီးများရာသီမလာခင် သရိုးသရီဖြစ်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း နဲ့သွေးဆုံးကိုင်ခြင်းဝေဒနာတွေကို သက်သာစေပါတယ်။ အုန်းရည်က ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်လာစေပါတယ်။

ပါ၀င်မှု (သဘာဝအော်ဂဲနစ်သီးများကိုသာရွေး၀ယ်ပါ)

မုန်လာဥနီ (၁) လုံး
သခွားသီး (၁) လုံး
တရုပ်နံနံပင် (၅) ပင်
အုန်းရည် (၁) ခွက်
သံပုရာသီး (၁) လုံး

မုန်လာဥနီ၊ သခွားသီး နဲ့တရုပ်နံနံပင်တွေကို ရေစင်စင်ဆေးပြီးကြိတ်စက်ဖြင့်ကြိတ်ပါ။ အဲဒီအရောအနှောထဲကို သံပုရာရည် ညှစ်ထဲ့ပါ။ ပြီးရင် အုန်းရေရောထဲ့ပြီး သောက်ရုံပါဘဲ။ သစ်သီးဖျော်ရည်လေးကို တစ်နေ့တစ်ခွက် မှန်မှန်သောက်ရင်း သိုင်းရွိုက် ရောဂါ ပျောက်ကင်းနိုင်ကြောင်းကို Daily Health Tips (ခေါ်) ကျန်းမာရေးဂျာနယ် တစ်ခုမှာ ဖော်ပြထားပါတယ်။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

ပင်စိမ်းရွက်တွင် က'င်ဆာဖြစ်ပွားမှုကို ဟန့်တားပေးနိုင်သော အရေးကြီးသည့် သဘာဝဓာတုပစ္စည်းများစွာ ပါဝင်ပါတယ်။ပင်စိမ်းရွက်ထဲရှ...
11/10/2025

ပင်စိမ်းရွက်တွင် က'င်ဆာဖြစ်ပွားမှုကို ဟန့်တားပေးနိုင်သော အရေးကြီးသည့် သဘာဝဓာတုပစ္စည်းများစွာ ပါဝင်ပါတယ်။

ပင်စိမ်းရွက်ထဲရှိ အရေးပါသော ဓာတ်များက
– ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိပြီး ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ၏ ဖျက်ဆီးမှုမှ ဆဲလ်များကို ကာကွယ်ပေးပါတယ်။
– ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ရောင်ရမ်းမှုဟာ ကင်ဆာဖြစ်စေသော အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ပါတယ်။
- ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားခြင်းကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှေးကွေးစေပါတယ်။

ဓာတ်ခွဲခန်းအဆင့် သုတေသနများအရ အောက်ပါ အချက်များကို တွေ့ရှိရပါတယ်–

ပင်စိမ်းရွက်မှ ထုတ်ယူထားသော အဆီအနှစ်များသည် အသည်းက'င်ဆာ၊ ရင်သားက'င်ဆာနှင့် အရေပြားက'င်ဆာ ဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

"ယူဂျီနောလ်" ဓာတ်က က'င်ဆာဆဲလ်များကို သဘာဝအတိုင်း သေဆုံးစေသော စနစ်ထဲသို့ ဝင်ရောက်ရန် လှုံ့ဆော်ပေးပါတယ်။

ပင်စိမ်းရွက်ထဲမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် DNA ပျက်စီးမှုကို လျှော့ချပေးပြီး ပုံမှန်မဟုတ်သော ဆဲလ်များ ဖြစ်ပေါ်လာမှုကို နှေးကွေးစေပါတယ်။

ပင်စိမ်းရွက်၏ အခြားကျန်းမာရေး အကျိုးကျေးဇူးများ
က'င်ဆာကာကွယ်ခြင်းအပြင် ပင်စိမ်းရွက်တွင် အခြားထင်ရှားသော စွမ်းပကားများစွာလည်း ရှိပါတယ်။

လေထုတ်ပေးပြီး ဗိုက်ပူ၊ လေထိုးခြင်းနှင့် အစာမကြေခြင်းတို့ကို သက်သာစေပါတယ်။

ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

နှလုံးကို အားကောင်းစေပြီး သွေးထဲရှိ အဆီဓာတ်ကို လျှော့ချပေးပါတယ်။

ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်အချို့ကို တိုက်ဖျက်နိုင်ပါတယ်။

ဦးနှောက်ကို အားဖြည့်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် အာရုံစူးစိုက်မှု တိုးတက်စေခြင်း စသည့် အာနိသင်များ ရှိပါတယ်။

အကျိုးအများဆုံး ရရှိအောင် စားသုံးနည်း
အစိမ်းလိုက် စားသုံးခြင်း – အခြားဟင်းလျာများ၊ အတို့အမြှုပ်များနှင့် တွဲဖက် စားသုံးပါ။

ပြုတ်ရည် သို့မဟုတ် လက်ဖက်ရည် ပြုလုပ်၍ သောက်ခြင်း – ပင်စိမ်းရွက် (ခြောက် သို့မဟုတ် စိမ်း) ကို ရေနွေးနှင့် ပြုတ်ပြီး တစ်နေ့လျှင် တစ်ခွက် သောက်သုံးပေးနိုင်ပါတယ်။

အဆီအနှစ်ကို ရှူရှိုက်ခြင်း – ပင်စိမ်းရွက်မှ ရသော မွှေးကြိုင်သောအဆီ (Essential Oil) ကို ရှူရှိုက်ခြင်းဖြင့် စိတ်ကို ပြေလျော့စေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ရရှိစေပါတယ်။

သတိပြုရန်
ကိုယ်ဝန်ဆောင်သည်များ သို့မဟုတ် နို့တိုက်မိခင်များ သည် ပမာဏ အသင့်အတင့်သာ စားသုံးသင့်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ အဆီအနှစ်ထုတ်ယူထားသော ပုံစံမျိုးကို အချိန်ကြာမြင့်စွာ ဆက်တိုက် သောက်သုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။
#ကျန်းမာရေးဗဟုသုတရကြပါစေ ေးပါတယ် #ကျန်းမာရေးဗဟုသုတ

⚛ မုန်လာဥနီ ဖျော်ရည်ကို ၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်...
11/10/2025

⚛ မုန်လာဥနီ ဖျော်ရည်ကို ၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်****
ကလေးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့အကြုံကို ဝေမျှ ခဲ့ပါတယ်..

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့ ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

သူမကိုယ်တိုင် အူမကြီး ကင်ဆာ တတိယ အဆင့်ကို ခံစားနေရတယ်လို့ သိလိုက်ရချိန်မှာ သူမဟာ သူမ ရဲ့ ခင်ပွန်းသည်လို ဓာတုကုထုံး နဲ့ ကုသမှူ ခံယူဖို့ကို ငြင်းဆိုခဲ့ပါတယ် ၂၀၁၂ ခုနှစ် ဇွန်လ မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ် အဲ့ဒီနောက် တစ်ရက်ထက် တစ်ရက် သက်သာ သလို ခံစားခဲ့ရပေမဲ့ ၆ လ အကြာ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်ချိန်မှာတော့ ကင်ဆာဆဲလ် တွေဟာ သူမ ရဲ့ အဆုတ်အထိ ပြန့်နှံ့လာပြီး ကင်ဆာ စတုတ္ထ အဆင့်အထိ ရောက်နေကြောင်း သိလိုက်ရပါတယ်

Ann ဟာ ဒီရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်မဲ့ နည်းမျိုးစုံ ကို လေ့လာရှာဖွေတဲ့အခါ အရေပြားရောဂါဆိုးကြီးကို ခံစားခဲ့ရတဲ့ Ralph Kalley ရဲ့ ဖြစ်စဉ်ကို သိလာခဲ့ပါတယ်.. Ralph Kalley ရဲ့ အပြော အရဆိုရင်တော့ သူဟာ ၂.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် တိုင်း တစ်နေကုန်သောက်သုံးရင်းနဲ့ သူ့ရဲ့ အရေပြားကင်ဆာ ကို ကုသနိုင်ခဲ့တယ်လို့ ဆိုပါတယ်

Annကတော့ အောက်ပါ နည်းများနဲ့ သူမရဲ့ကျန်းမာရေးကို တိုးတက် စေခဲ့တယ် လို့ဆိုပါတယ်..

မုန်လာဥနီ ဖျော်ရည်ကို ၈ ပတ် ဆက်တိုက် သောက်ပြီးနောက် ကင်ဆာဆဲလ် တွေ ပြန့်နှံ့ခြင်း မရှိတော့ပဲ အသားပိုတွေဟာလည်း ကျုံ့လာတယ်ဆိုတာကို စမ်းသပ် တွေ့ရှိခဲ့ရပါတယ်.

၄ လ ခန့် ဆက်တိုက် သောက်ပြီးချိန်မှာ တော့ အဖုအကျိတ်လေးတွေ ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကင်ဆာဆဲလ်တွေကိုလည်း ဆက်လက် ထိန်းချုပ် ကုသနိုင်ကြောင်းတွေ့ရှိခဲ့ ပါတယ်..

၈ လ ပြည့်တဲ့ အချိန်မှာတော့ နေ့စဉ် တစ်နေကုန် မုန်လာဥနီ ဖျော်ရည်ကို မပျက်မကွက် သောက်ခဲ့ တဲ့ ကျေးဇူးနဲ့ ကင်ဆာရောဂါ လုံး၀ ပျောက်ကင်းသွားကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်

အခုလို အံ့သြစရာ ရလာဒ် များ ကို ရစေခဲ့တာကတော့ မုန်လာဥနီ ဖျော်ရည်မှာ ပါ၀င်တဲ့ Fatty Alcohol ၊ ကင်ဆာဖြစ်စေသော ဆဲလ်များကို သဘာ၀အလျောက် သေစေတဲ့ ဓါတ်များ နဲ့ မုန်လာဥမှာ ပါ၀င်တဲ့ Carotene တို့က ကင်ဆာဆဲလ်များ ဖြစ်ပွားခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

သူမရဲ့ မုန်လာဥနီ ဖျော်ရည် ကုထုံး ကို ဆောင်ရွက်လို့အပြီးမှာ အခုလို ထိရောက်တဲ့ ရလာဒ်ကောင်းများ ရခဲ့ပြီးတဲ့နောက် Ann Cameron ဟာ မုန်လာဥနီ ဖြင့် ကင်ဆာရောဂါကို ကုသခြင်း ဆိုတဲ့ စာအုပ် ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

မုန်လာဥနီ ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ (တစ်ခွက်စာ)
- မုန်လာဥနီ ၆ တောင့်
- သံပုရာသီး တစ်ခြမ်း (အနံ့မွှေးကြိုင်စေရန်)
- ၁ လက်မ ခန့် အရွယ် ဂျင်း တစ်တက်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က် သို့မဟုတ် ၄ ပုံ ၁ ပုံ
- သစ်ဂျပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ရေဖန်ခွက် တစ်၀က်

ပြင်ဆင်ပုံ
ပါ၀င်သည့် ပစ္စည်းများအားလုံးကို (သစ်ဂျပိုးခေါက်မှုန့်မှ လွဲပြီး) သစ်သီးဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ၊ ထို့နောက် အဖတ်များကို သေချာစွာ စစ်ထုတ်ပြီး သစ်ဂျပိုးခေါက်မှုန့်ထည့်ပြီး သေချာစွာမွှေပါ။ ခပ်ကျဲကျဲ သောက်လိုပါက ရေထပ်ထည့် နိုင်ပါသည်။

ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်
ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
Creditပေးပါသည် 🙏🙏🙏

😘🥰🥰🥰🥰🥰🥰🥰🥰🥰

ယနေ့ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းဟာ တစ်စထက်တစ်စ မြင့်တက်နေပါတယ်။ သဘာဝအသီးအနှံတွေကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ တွေ့ရှိပြီးဖြစ်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိတဲ့ အသီးအနှံတွေကို စားသုံးပေးရပါမယ်။

အဲ့ဒီအသီးအနှံတွေထဲမှ မုန်လာဥနီစားသုံးရင် ကင်ဆာရောဂါအများစုကို ကာကွယ်နိုင်စွမ်းရှိကြောင်း လေ့လာရပါတယ်။ အထူးသဖြင့် မုန်လာဥနီမှာပါဝင်တဲ့ ပေါ်လီအဆီတိုင်လင်း (Polyacetylene) ဟာ အူမကြီးကင်ဆာ ကာကွယ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ (Dietary fibers) ဝမ်းမှန်စေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ အူမကြီးကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ကယ်ရိုတီနွိုက်တွေ၊ဗီတာမင်တွေနဲ့ အိုမီဂါ-၃ ဟာ ကင်ဆာကာကွယ်ရေးအတွက် အဓိက အထောက်အကူပြုပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ မုန်လာဥနီကို စားသုံးတဲ့အခါ ဘယ်လိုပုံစံမျိုးတွေနဲ့ စားသုံးသင့်ပါသလဲ❓❓

မုန်လာဥနီရဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပြီး မလှီးခင် ရေဆေးပြီးမှသာ အစိမ်းအတိုင်းဖြစ်ဖြစ်၊ ကြော်လှော်ချက်ပြုတ်ပြီးဖြစ်ဖြစ် စားသုံးရပါမယ်။ ဒါ့အပြင် မုန်လာဥနီကို အပူချိန်များများနဲ့ အချိန်အကြာကြီး ချက်ပြုတ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲ့ဒါမှ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းကောင်းတစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မုန်လာဥနီကို ဖျော်ရည် ပြုလုပ်သောက်သုံးရာမှာလည်း အနေတော်လေးတွေတုံးပြီး နို့အနည်းငယ်ထည့်ပြီး သဘာဝအတိုင်း ဖျော်သောက်သင့်ပါတယ်။ သတိပြုရမယ့် အချက်အနေနဲ့ကတော့ မုန်လာဥနီဟာ မြေကြီးထဲမှာရှိတဲ့ ဓာတ်ပစ္စည်းတွေကို စုပ်ယူလေ့ရှိတာကြောင့် စိုက်ပျိုးထုတ်လုပ်ရာမှာ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးထားတဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားဖြစ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါ တိုက်ဖျက်တဲ့နေရာမှာ စားသုံးမယ်ဆိုရင် ဒီအချက်ဟာ အထူးအရေးပါလှပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားကို ပြောင်းလဲစိုက်ပျိုးသင့်ပါတယ်။

ဒုတိယအချက်ကတော့ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား (Fat soluble vitamin) ဖြစ်တာကြောင့် စားသုံးဆီအနည်းငယ် ထည့်ပြီး ချက်ပြုတ်စားသုံးပါက အူနံရံကနေ စုပ်ယူမှု အရမ်းကောင်းမွန်စေပြီး အာနိသင် ပိုမိုထိရောက်စေပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge
#လေးစားစွာဖြင့်မူရင်ရေးသားသူအား #ကျန်းမာရေးဗဟုသုတရကြပါစေ ေးပါတယ် #ဗဟုသုတ

အူမကြီးကင်ဆာနှင့် ရှားစောင်းလက်ပတ် လူတိုင်းဖတ်ချိန်တမိနစ်💛💛____________အူမကြီး ကင်ဆာ ဘာကြောင့်ဖြစ်သလဲ?အူမကြီးကင်ဆာနှင့် ...
11/10/2025

အူမကြီးကင်ဆာနှင့် ရှားစောင်းလက်ပတ် လူတိုင်းဖတ်ချိန်တမိနစ်💛💛
____________

အူမကြီး ကင်ဆာ ဘာကြောင့်ဖြစ်သလဲ?
အူမကြီးကင်ဆာနှင့် ရှားစောင်းလက်ပတ်
----------
အူမကြီး ကင်ဆာ ဘာကြောင့်ဖြစ်သလဲ-

၁-မျိုးရိုး လိုက်ခြင်း။💛💛
၂- အမျှင်ဓါတ်နည်းသော အနောက်တိုင်းစတိုင် အစားအစာ များ စားသုံးမှု များခြင်း။
၃- အနီရောင် အသား နှင့် အသင့်စား စည်သွပ် အသားများစားသုံးမှု များခြင်း။
၄- ဝမ်းချုပ်ခြင်း။
၅-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း တို့ကြောင့်ဖြစ်ပါတယ်။💛💛💛

အူမကြီး ကို သန့်စင်ရန် လိုအပ်ခြင်း
~~~~~~~~~~~~~~~~~~~~~
နေ့စဉ်စားသုံးနေသော အစား အစာ ထဲတွင် အ မျှင် ဓါတ် စားသုံးမှု နည်းသည့် အခါ မိမိ ဝမ်းသွား လျှင် အူမကြီး ၏ အတွင်းနံရံ သည် ပြောင်စင်မှု မရှိပဲ အစာဟောင်း အစာကြွင်း များ ကပ်ငြိ ကျန်နေ ခဲ့တတ် သည်။ ထို အကြွင်း အကျန်များ ကို အူမကြီး မှ အမြဲ မပြတ် စုပ်ယူနေ ခြင်း ဖြင့် toxins များ ခန္ဓာ ကိုယ်တွင်း သို့ ရောက်လာသည်။💛💛
ထိုအခါ လေပွခြင်း ၊ လေထခြင်း၊ မအီမသာဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း၊ ခံတွင်းနံ့နံခြင်း၊ နုံးခြင်း ၊အစာအိမ် နာခြင်းတွေ ဖြစ်လာတတ် ပါတယ်။
သတိ မထားပဲ လစ်လျူ ရှု ထားမယ် ဆိုရင် ဗိုက်မအီ မသာဖြစ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ အားမရှိ သလို ဖြစ်ခြင်း ၊အိပ် မပျော်ခြင်း၊ ယားယံခြင်း ၊ မကြာခဏ ခေါင်း ကိုက်ခြင်း ၊ ဇက်ကြော တက်ခြင်း၊ လိပ်ခေါင်း ဖြစ်ခြင်း တို့ ဖြစ်လာတတ် ပါတယ်။💛💛
ဒါ့ အပြင် အoလွန်ခြင်း ကို လည်း ဖြစ်စေပါတယ်။ မိမိ စားတဲ့ အာဟာ ရ တွေ ကိုလည်း အပြည့်အဝ စုပ်ယူ နိုင်မှာ မဟုတ် ပါဘူး။

အညစ်အကြေးနဲ့ထိတွေ့မှုများလာတဲ့အူမကြီး
~~~~~~~~~~~~~~~~~~~~~~~~~~
Toxins တွေနဲ့ ထိတွေ့ နေရတဲ့ အူမကြီးဟာ ကြာတော့ ရောင်ရမ်းလာပါတယ်။ ရောင်ဖန်များလာတော့ ကင်ဆာ ဖြစ်လာတော့တာပေါ့။💛💛
အူမကြီးကင်ဆာ၏လက္ခဏာများ💛💛💛
~~~~~~~~~~~~~~~~~~~
၁-ဝမ်းလျှောလိုက်ဝမ်းချုပ်လိုက်ဖြစ်ခြင်း၊
၂-မကြာခဏ ဝမ်းကိုက်သလို ဖြစ်ခြင်း၊ ဝမ်းသွားလျှင် အရိအချွဲပါခြင်း၊
၃-ဝမ်းသွားလျှင်သွေ:ပါခြင်း
(ဝမ်းအမဲရောင်သွားခြင်း)
၄-မစင်တုံးသေးသေး မျှင်မျှင်သွားခြင်း၊
၅-သွေ:အားနည်းခြင်း၊
၆-အစားပျက်ခြင်း၊
၇-ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်တတ်ပါတယ်။
ကင်ဆာ အဆင့်သတ်မှတ်ခြင်း 💛💛
~~~~~~~~~~~~~~~~~~
အူမကြီး ကင်ဆာသည် အူ အတွင်းနံရံ မှ စတင်ဖြစ်ပေါ် လာပြီး ဘေးနံရံ သို့ ပျံ့နှံ့ ၊ ထိုမှ တဆင့် ဝမ်းဗိုက်အတွင်း ရှိကလီစာ များ ( များသောအားဖြင့် အသည်း) ကိုရောက်ရှိပျံ့နှံ့ ပါသည်။ ကင်ဆာ ပျံ့ပွါးမှု အပေါ်မူတည်ပြီး အဆင့် ၁-၂-၃-၄ သတ်မှတ်ပါသည်။ ကုလို့ ပျောက်မှာလား မပျောက်ဘူးလားဆိုတာကတော့ ကင်ဆာ အဆင့်ပေါ် မူတည်ပါသည်။

အူမကြီး ကိုဘာနဲ့သန့်စင်မလဲ💛💛💛
~~~~~~~~~~~~~~~~~
ရှားစောင်း လက်ပပ် စားရပါမယ်။ ရှားစောင်း လက်ပပ် အတွင်း အနှစ် ဂျယ် ကို လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ကြည့်ပါ။ ဆပ်ပြာ လို အမြှုပ်တွေ ထွက်လာတာ တွေ့ရပါမယ်။sarponin လို့ ခေါ်ပါတယ်။ သင့် အူမကြီး ကို ပြောင်အောင်ဆေ:ကြော ပေးမယ့် ပစ္စည်းပါ။

ကုသိုလ်ရချင်ရင် shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

ေးပါတယ် #ကျန်းမာရေးဗဟုသုတရကြပါစေ #ဗဟုသုတ #လေးစားစွာဖြင့်မူရင်ရေးသားသူအား

စိန်လည်း ကာဗွန်ပဲမီးသွေးလည်း ကာဗွန်ပါပဲကာဗွန်ချင်း တူပေမဲ့တန်ဖိုးချင်းကတော့ မတူဘူးအဖိနှိပ်ခံ အပူပေးခံရတာများတော့မလောင်ကျ...
11/10/2025

စိန်လည်း ကာဗွန်ပဲ
မီးသွေးလည်း ကာဗွန်ပါပဲ

ကာဗွန်ချင်း တူပေမဲ့
တန်ဖိုးချင်းကတော့ မတူဘူး

အဖိနှိပ်ခံ အပူပေးခံရတာများတော့
မလောင်ကျွမ်းပဲ
တောင့်ခံနိုင်တဲ့ သူက
စိန် ဖြစ်သွားတာပါပဲ

အပူနဲ့ ဖိအားကြောင့်
ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ

အဲဒါကြောင့် အပူတွေ
ဖိအားတွေ လာရင်
စိတ်မပျက်ပါနဲ့

ငါ့ကို စိန်ဖြစ်အောင်
လုပ်ပေးမဲ့ အရာတွေပဲလို့
ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ

မကြာခင်ကာလမှာပဲ
စိန်ဖြစ်သွားပါလိမ့်မယ်

လိုက်ပြီး ခံစား
လောင်ကျွမ်း နေရင်တော့
မီးသွေးပဲ ဖြစ်သွားမှာပေါ့။

ေးပါတယ် #ဗဟုသုတ

Address

Thanh My Tay

Website

Alerts

Be the first to know and let us send you an email when Myat Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share