A Pair Of Watch Eyes

  • Home
  • A Pair Of Watch Eyes

A Pair Of Watch Eyes လက်ရှိဖြစ်ပေါ်နေသော သတင်းမှန်များကို အချိန်နှင့်တပြေးညီ တင်ဆက်သွားပါမည်။

"ကြက်ကလေးတစ်ကောင်ကသူ့အမေကို မေးတယ်" ☺☺"မေမေ... လူတွေကျတော့ နာမည်တွေရှိပြီး သားတို့ကြက်တွေက ဘာလို့ နာမည် မရှိတာလဲဟင်..." ...
12/09/2022

"ကြက်ကလေးတစ်ကောင်က
သူ့အမေကို မေးတယ်" ☺☺

"မေမေ... လူတွေကျတော့ နာမည်တွေရှိပြီး
သားတို့ကြက်တွေက ဘာလို့ နာမည်
မရှိတာလဲဟင်..." 😬

သူ့အမေ ကြက်မက...
"လူတွေက အသက်ရှိနေတုန်းသာ
နာမည်တွေ ရှိကြတာပါ သားရယ်… 😄

သေသွားရင်တော့ နာမည်က
အားလုံးတူသွားတယ်
လူသေ(မသာ) တဲ့... 😢

"မေမေတို့ ကြက်တွေကျတော့…"
အသက်ရှိနေတုန်းမှာ ကြက်လို့ပဲ ခေါ်ကြပြီး
သေသွားတော့မှ နာမည်တွေရသွားကြတာကွယ့် သားရယ်" 😔

"ဟင်… 😱 ဘယ်လိုနာမည်တွေလဲ မေမေ…" 😶

ဘယ်လိုနာမည်တွေလဲ ဆိုတော့…

ကြက်ကုန်းဘောင်...😁
ကြက်ချဉ်စပ်…😁
ကြက်သောက်ဆမ်း...😁
ကြက် ကာလသား...😁
ကြက်ကင်😁
KFC တို့ပေါ့ ကလေးရယ်... 😢

ကြက်မသာလို့ ဘူမှခေါ်ဝူး 😅😅😅

😀😀😀😀😀



ဗိုက်တောင်ဆာလာပီ 😋😋😋🤣🤣

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၂) (၂၀၂၂ ခုနှစ်၊ ဩဂုတ်  ၁၄  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်======...
14/08/2022

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၂)
(၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်
===================================================

(က) မုန်တိုင်းငယ်(Depression)အခြေအနေ
-------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းလွန်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ မောင်တော (Maungdaw)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ စစ်တွေ(Sittwe)မြို့၏ အနောက်-အနောက်မြောက်ဘက်ရေမိုင် (၃၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၁၅)မိုင် ခန့်နှင့် ဘလာဆော(Balasore)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ) မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
--------------------------------------------------------
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၂၁.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။


(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
----------------------------------------
အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၆)နာရီအတွင်း အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှှိသော ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့ကို အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့အနီးမှ ဖြတ်ကျော်နိုင်ကာ၊ နောက်(၂၄)နာရီအထိ မုန်တိုင်းငယ်(Depression)အဆင့်နှင့် အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်
---------------------------
အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက် (၂၄) နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(င) အကြံပြုချက်
------------------
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ် ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
#မိုးလေဝသသတင်း

14/08/2022

#သရော်စာ

သြော်.... ခေတ်.. ခေတ်..

"ငတက်ပြားက စစ်သူကြီးလားတဲ့"

"သံလွင်မြစ်က စစ်ကိုင်းတိုင်းကို ဖြတ်စီးတယ်တဲ့"

"ရှိတ်စပီးယားက ကမ္ဘာကျော်ဘောလုံးသမားလား?"

"ဦးသန့်ကြ မသိဘူး"

"exoကြ သိတယ်"

"ဆီးဂိမ်းဆိုတာကြ ပင်လယ်ကစားပွဲတဲ့"

ကြားကြားနေရတာတွေပါ
ဘယ့်နှယ်တွေလဲ မသိပါဘူး

ဖတ်ပါမှတ်ပါဆိုတော့ "အိမ်ရောင်းမည်" တို့
"ခွေးကိုက်တတ်သည်"တို့လောက် လျှောက်ဖတ်တယ်

ပြောသေးတယ်
စာရှည်ရင် မဖတ်ချင်ဘူးတဲ့

ကျောင်းပိတ်ရက် ခရီးထွက်မယ်ဆိုတော့
ပုဂံသွား လေ့လာပါလားပြောတော့ အန်းဒိတ်ကြီးတဲ့

ဘဝရဲ့ရည်ရွယ်ချက်ကို မေးကြည့်တော့
အဆိုတော် မင်းသမီးလုပ်မှာတဲ့
ဘာတွေစိတ်ဝင်စားလဲ မေးတော့ k popတဲ့

အားကစား ဘာလုပ်လဲဆိုတော့
ဂိမ်းဆော့တယ်တဲ့

အားလပ်ချိန်တွေ ဘယ်လိုသုံးလဲဆိုတော့
fb နဲ့ cb သုံးတယ်တဲ့

ဘာတွေရှာဖတ်လဲဆိုတော့ 18+ တဲ့

ဟိုတစ်နေ့က ခတ္တာသီချင်းကို ဂစ်တာခေါက်နေတော့
ဖြိုးမြတ်အောင်သီချင်း တော်တော်ပေါက်တယ်နော်
လာလုပ်သေး

ထူးအိမ်သင် သိလားမေးတော့
ထူးအယ်လင်း ညီလားတဲ့

နယူတန်နိယာမတွေကြ အလွတ်ရတယ်
My Hobby ကို Essay ရေးခိုင်းကြည့်တော့ ခိုးချတယ်

မြန်မာရဲ့အိမ်နီးချင်းနိုင်ငံက ၁၀နိုင်ငံတဲ့
အနောက်ဘက်မှာ ဘာရှိလဲမေးတော့
ထိုင်းနိုင်ငံတဲ့

လုပ်ပါ လုပ်ပါ
ဆယ်တန်းတွေလည်း အောင်မှာပါ
ဂုဏ်ထူးတွေလဲ ဘာသာစုံရဦးမှာ

တို့ဆရာလူအိုကြီးတွေ ပြောသလိုပဲ
"အဲကောင်တွေ ဆရာဝန်ဖြစ်ရင် ငါသွားအကုမခံဘူးတဲ့
လူသတ်မယ့်ကောင်တွေ".... ဆိုသလိုပေါ့..

မင်းတို့တွေသာ
တိုင်းပြည်အုပ်ချုပ်တဲ့ဘက် ရောက်သွားခဲ့ရင်?????

🅒🅡🅔🅓🅘🅣

29/07/2022

ကျောက်တံတား မြို့နယ်
ပန်းဘဲတန်း မြို့နယ်
လသာ မြို့နယ်
လမ်းမတော် မြို့နယ်
ဒဂုံ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ကျောက်တံတား ခရိုင်ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
အလုံ မြို့နယ်
ကြည့်မြင်တိုင် မြို့နယ်
စမ်းချောင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မရမ်းကုန်း မြို့နယ်
လှိုင် မြို့နယ်
မြောက်ဥက္ကလာ မြို့နယ်
၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ကမာရွတ် မြို့နယ်
ဗဟန်း မြို့နယ်
၂ မြို့နယ် ပေါင်း၍
ကမာရွတ် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
သင်္ဃန်းကျွန်း မြို့နယ်
တောင်ဥက္ကလာပ မြို့နယ်
ရန်ကင်း မြို့နယ်
တာမွေ မြို့နယ်
၄ မြို့နယ် ပေါင်း၍
သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ဗိုလ်တစ်ထောင် မြို့နယ်
ဒေါပုံ မြို့နယ်
မင်္ဂလာတောင်ညွန့် မြို့နယ်
ပုဇွန်တောင် မြို့နယ်
သာကေတ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်
၄ မြို့နယ် ပေါင်း၍
ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
သန်လျှင် မြို့နယ်
ကျောက်တန်း မြို့နယ်
သုံးခွ မြို့နယ်
ခရမ်း မြို့နယ်
ကိုကိုးကျွန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
သန်လျှင် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
တွံတေး မြို့နယ်
ဆိပ်ကြီးခနောင်တို မြို့နယ်
ဒလ မြို့နယ်
ကော့မှူး မြို့နယ်
ကွမ်းခြံကုန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
တွံတေး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
အင်းစိန် မြို့နယ်
လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်
လှိုင်သာယာ အနောက်ပိုင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အင်းစိန် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မင်္ဂလာဒုံ မြို့နယ်
ရွှေပြည်သာ မြို့နယ်
၂ မြို့နယ် ပေါင်း၍
မင်္ဂလာဒုံ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မှော်ဘီ မြို့နယ်
ထန်းတပင် မြို့နယ်
၂ မြို့နယ် ပေါင်း၍
မှော်ဘီ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
လှည်းကူး မြို့နယ် အား
လှည်းကူး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
တိုက်ကြီး မြို့နယ် အား
တိုက်ကြီး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂
Crd//

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..လူနာဟာ.... ရင်ခေါင်းရောင် ခြင်းအပူနာဖြစ်၍ညပိုင်း...
17/07/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

@@ #@ #@@@@@ #&-+(/)

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

22/06/2022

ဘာရယ်မဟုတ် သဘောကျမိလို့ပါ☺☺

"ကတော်"ခေါ်ထိုက်သူမှ"ကတော်"ဟုခေါ်သည်..

#အရာရှိနဲ့ကြိုက်နေတာနဲ့ကတော်ဖြစ်ရောလား??
#အရာရှိကိုယူလိုက်တာနဲ့ကတော်ဖြစ်ရောလား??

"ကတော်"ဆိုတဲ့စကားကဘာလဲ...
အရမ်းကိုကြီးကျယ်မြင့်မြတ်တဲ့"စကားလုံး"လေးပါ...

ခုက အရာရှိကိုယူလိုက်ပြီးတာနဲ့ "ကတော်"ဆိုတဲ့ဘွဲ့ခံပြီး မောက်မာနေကြတဲ့သူငယ်မတွေ၊အကြီးကိုအကြီးမှန်းမသိရိုင်းစိုင်းပြီး ဒေဝဒတ်နဲ့ဘေးချင်းကပ်နေရာကိုယူဖို့ ကြိုးစားနေကြတဲ့ အဆန်မရှိတဲ့စပါးနှံမတွေ ကိုပဲတွေ့နေရတယ်...

မသိလို့မေးပါအုံးမယ်...
"ကတော်" ဆိုတဲ့ နာမ်စားလေးကို လူတကာနဲ့ရန်သတ်၊ပေတိပေစုတ်နေ၊ အလုပ်မရှိအကိုင်မရှိ အတင်းထိုင်တုတ်၊ fb ပေါ်ရန်ပွဲပေါင်းတခြိမ်းခြိမ်း ကျင်းပနေတဲ့ ဘေးထိုင်ဘိုင်ကျဘုပြော နေတဲ့ မိန်းမတွေကိုခေါ်ထိုက်လား???

ကျွန်မအထင်တော့ ဟိုးအရင်ခေတ်တွေတုန်းက
"ကတော်"တွေဆိုတာ
လူတကာအားကျရလောက်အောင် ကျက်သရေအပေါင်းနဲ့ပြည့်စုံရတယ်...စိတ်သဘောထားပြည့်ဝတယ်...ကိုယ့်ရဲ့ ဂုဏ်နဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့ ဂုဏ်သရေရှိတဲ့မိန်းမပျိုတွေ...

ခုခေတ်မှာက ပုခုံးပေါ်အပွင့်မြင်တာနဲ့ နည်းလမ်းပေါင်းစုံနဲ့ရအောင်ယူ... အထက်လမ်းနည်းရော အောက်လမ်းနည်းရော အစုံသုံး... နောက်ဆုံးဘယ်လိုမှမရရင် အရက်မူးအောင်တိုက်ပြီး အပိုင်ဖမ်းတဲ့နည်းနဲ့ယူကြ...အရာရှိရသွားပြီဆိုတာနဲ့ ငါဟဲ့ "ကတော် " ဆိုပြီး လာပါပြီ ဗိုလ်အောင်ဒင်လေသံနဲ့...
ယောကျာ်းရဲ့ အပတ်စဉ်ကိုအမှီပြု... ဆင်ဖြူတော်မှီကြံစုတ်တယ် ပြောရမလား...ငါ့ယောကျာ်းက စီနီယာမို့ ငါနဲ့မတည့်တဲ့ကောင်မကို ပညာဘယ်လိုပြမယ် ဆိုတာမျိုးလာပါလိမ့်မယ်...

ကိုယ့်ယောကျာ်းရဲ့ စီနီယာ၊ဂျူနီယာ ဂုဏ်ပုဒ်တွေဟာ ရှင်တို့ အလွဲသုံးစားလုပ်ပြီးဂုဏ်မောက်ဖို့ စစ်တက္ကသိုလ်တွေမှာ၊ဗိုလ်လောင်းတွေကို လေ့ကျင့်ပေးခဲ့တာမဟုတ်ဘူး။မသိရင် သူတို့ကပဲ ဗိုလ်လောင်းတက်ခဲ့သလိုလိုနဲ့ စတိုင်တွေက...အပြင်မှာရန်ဖြစ်လို့မဝသေးပဲ social network ပေါ်တက်ပြီး ငါကစီနီယာကတော်၊သူကဂျူနီယာကတော် ။ဖော်ပြပါလိမ့်မယ် အပုတ်မှန်သမျှ ။ကြည့်လိုက်ရင် ပညာတက်ပါလို့ ကျိန်ဆိုပြရလောက်အောင် ယုတ်မာတဲ့နည်းလမ်းပေါင်းစုံနဲ့ တစ်ယောက်ကိုတစ်ယောက် သတ်နေကြတာဟာ
👉ရှင်တို့ချစ်ပါတယ်ဆိုတဲ့ စစ်တပ်ကြီးကို အပုတ်ချနေတာနဲ့တူတူပဲဆိုတာသိကြရဲ့လား👈

ထပ်ပြောမယ်..."ကတော်"ခေါ်ခံပြီး ရိုသေခံချင်ရင် ခေါ်ထိုက်အောင်နေ၊ရိုသေထိုက်အောင်နေ။
ခုခေတ်က အကြောက်တရားကုန်ခမ်းနေတဲ့ခေတ်ရှင့်။အရင်လို သူ့ယောကျာ်းကစီနီယာမို့။သူ့ယောကျာ်းက ငါ့ယောကျာ်း၊ငါ့ချစ်သူထပ် အပတ်စဉ်ကြီးလို့ကြောက်ပြီး ငြိမ်ခံနေမဲ့ခေတ်မဟုတ်ပဲ
မမှန်မကန်နဲ့သွားဖြဲခြောက်ရင် ဂုတ်ပြန်ချိုးမဲ့ခေတ်ဆိုတာမှတ်ထား...

ကိုယ့်ယောက်ျားကဘယ်အပတ်စဉ်ကဖြစ်ဖြစ် ကိုယ်ကသာ ရိုသေထိုက်အောင်နေရင် ဘယ်သူ မဆိုရိုသေမှာပဲ...
အဲတော့ အရာရှိကိုယူတိုင်း "ကတော်"ခေါ်ထိုက်မှခေါ်မယ်...
မခေါ်ထိုက်တဲ့မိန်းမဆို "အရာရှိမိန်းမ"ပဲပေါ့နှော့...

👉👉 #သင့်ယောက်ျားရာထူးသည်

#သင့်ရာထူးမဟုတ်ပါ

#ထို့ကြောင့်သင်စပ်စလူးထစရာမလိုပါ👈👈

27/09/2021

ကိုကိုစစ်သားချစ်သူရေ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲
မမြင်ရကြာလှပေါ့နော် ရင်ထဲအလွမ်းတွေဝေသီနေ
ရှေ့တန်းကိုသွားတဲ့ စစ်သားချစ်သူရေ

ဖမ်းဆီးရမိ အကြမ်းဖက်သမားများစာရင်းတွင် အဆိုတော် အီတိုး ပါဝင်ရန်ကုန်၊ စက်တင်ဘာ ၂၅NLDအကြမ်းဖက်ပါတီကနေ ဖွဲ့စည်းထားတဲ့ CRPH,...
26/09/2021

ဖမ်းဆီးရမိ အကြမ်းဖက်သမားများစာရင်းတွင် အဆိုတော် အီတိုး ပါဝင်

ရန်ကုန်၊ စက်တင်ဘာ ၂၅

NLDအကြမ်းဖက်ပါတီကနေ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ ခိုင်းစေချက်ကြောင့် PDF အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး ဖောက်ခွဲဖျက်ဆီး၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေရာမှာ အနုပညာရှင်တွေလည်း ပူးပေါင်းပါဝင်နေကြပါတယ်။

ယနေ့ည ဖမ်းဆီးရမိ အကြမ်းဖက်သမားများစာရင်းမှာ နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော် အီတိုးလည်း အကြမ်းဖက်သမားအဖြစ် ပါဝင်လာတာကို တွေ့ရှိရပါတယ်။

မော်ဒယ်ထားထက်ထက်ဆို သူဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံမှာ တောခိုနေပြီး အခြားသူတွေကို အကြမ်းဖက်သင်တန်းတက်ရောက်နိုင်ဖို့ ချိတ်ဆက်ခေါ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။

သရုပ်ဆောင်ဇင်ဝိုင်းရဲ့သား မင်းမော်ကွန်းဟာလည်း တောခိုအကြမ်းဖက်သမားတစ်ဦးဖြစ်နေပြီး၊ အဆိုတော်ရင်ဂိုရဲ့သား ဖြစ်သူ ကျားပေါက်(ခ) ဟန်ထူးလွင်ကလည်း တောခိုနေတာ ဖြစ်ပါတယ်။ အဆိုတော်ရေမွန်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထံမှာ တောခိုရင်း ဆုံးပါးသွားခဲ့ရပါတယ်။

နိုင်ငံရေးဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးလှုံ့ဆော်သူ မင်းကိုနိုင်နဲ့အတူ သရုပ်ဆောင်ဒေါင်း၊ အဆိုတော် အာဇာနည်တို့ဟာ D-Day ကြေညာပြီး တိုင်းရင်းသား ပြည်သူအချင်းချင်း တိုက်ခိုက် သတ်ဖြတ်ဖို့ တိုက်တွန်းပြောဆိုခဲ့တာတွေ ရှိပါတယ်။

NLDအကြမ်းဖက်ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့တဲ့ Rap အဆိုတော် ဇေယျာသော် (ခ) ဖြုးဇေယျာသော်ကတော့ ရန်ကုန်မြို့ပေါ်မှာ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုတွေကို စေခိုင်းနေသူဖြစ်ပြီး မီးရထားလုံခြုံရေးရဲတပ်ဖွဲ့ဝင် (၄)ဦးကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်မှာလည်း ပူးပေါင်းပါဝင်ခဲ့သလို ယနေ့ည ချိန်ကိုက်လက်လုပ်မိုင်းများ ဖမ်းဆီးရမိမှုဟာလည်း ဖြိုးဇေယျာသော်ရဲ့ ခိုင်းစေချက်ကြောင့် လုပ်ဆောင်တာလို့ ထွက်ဆိုချက်များအရ သိရပါတယ်။ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် လမ်းညွှန်ခိုင်းစေနေသူ ဖြိုးဇေယျာသော်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

အလားတူ အခြားသော အဆိုတော်၊ သရုပ်ဆောင် များဟာလည်း တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေတဲ့ NLD, CRPH, NUG အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးပြီး PDF အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းများ ရှိနေပါတယ်။

NLD, CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော် (၇)ပါး အပါအဝင်၊ ဆရာမ(၅)ဦး၊ (၈)လသားအရွယ် ကလေးတစ်ဦး၊ (၅)နှစ်သားအရွယ် ကလေး(၂)ဦး အပါအဝင် အပြစ်မဲ့ ဝန်ထမ်း၊ ပြည်သူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

https://t.me/MyanmarNationalPost
https://mnpnewsagency.com/

မြန်မာလေတပ်​၏ AS-365N2 ရဟတ်ယာဉ်=====မြန်မာလေတပ်ဟာ AS-365N2 ဘက်စုံသုံးရဟတ်ယာဉ် ၆ စီးကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ...
25/09/2021

မြန်မာလေတပ်​၏ AS-365N2 ရဟတ်ယာဉ်
=====

မြန်မာလေတပ်ဟာ AS-365N2 ဘက်စုံသုံးရဟတ်ယာဉ် ၆ စီးကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ ဝယ်ယူခဲ့ပါတယ်။

လက်ရှိမှာတော့ လေတပ်ရဲ့ကွပ်ကဲမှုအောက်က Naval Aviation လေယာဉ်အုပ်စုမှာ JF-17M ၆ စီးပါတဲ့ ရေတပ်တိုက်လေယာဉ်အုပ် ၁ အုပ်၊ ATR-42MPA ပင်လယ်ပြင်ကင်းလှည့်လေယာဉ် ၂ စီးပါတဲ့ ပင်လယ်ပြင်ကင်းလှည့်လေယာဉ်အုပ် ၁ အုပ်၊ BN-2 Islander ကင်းထောက်လေယာဉ် ၅ စီးပါတဲ့ ကင်းထောက်လေယာဉ်အုပ် ၁ အုပ်နဲ့ AS-365N2 ရဟတ်ယာဉ် ၆ စီးပါတဲ့ ရှာဖွေကယ်ဆယ်ရေးအုပ် ၁ အုပ်တို့ ဖွဲ့စည်းထားရှိပါတယ်။

AS-365N2 ဟာ Airbus ကုမ္ပဏီကထုတ်လုပ်တဲ့ အင်ဂျင် ၂ လုံးတပ် ဘက်စုံသုံး အလတ်စား ရဟတ်ယာဉ်ဖြစ်ပါတယ်။

မြန်မာလေတပ်ရဲ့ AS-365N2 တွေကို ရေတပ် LPD နဲ့ ဖရီးဂိတ်တွေပေါ်မှာ အတက်အဆင်း ပြုလုပ်နေတာ မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။

မြန်မာလေတပ်ရဲ့ AS-365N2 တွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန် ရေပြင်နဲ့မြေပြင် ကလူနဲ့ ပစ္စည်းတွေကို ရဟတ်ယာဉ်ပေါ် ဆွဲတင်နိုင်ဖို့ hoist နဲ့ winch လည်း တပ်ဆင်ထားတာ မြင်တွေ့ရပါတယ်။

မြန်မာလေတပ်ရဲ့ AS-365N2 တွေဟာ ရှာဖွေကယ်ဆယ်ရေးအပြင် သယ်ယူပို့ဆောင်ရေးနဲ့ လူနာတင် ရဟတ်ယာဉ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
Myanmar Defence Review

🇲🇲🇲🇲🇲🇲🇲🇲🇲🇲

လေးစားရပါသော Customer များခင်ဗျာ2020-2021ဘဏ္ဏာ‌ရေးနှစ်အတွက် နှစ်ချုပ်စာရင်းများ ပိတ်သိမ်းရန်အတွက် Innwa Bank ATM စက်များ...
23/09/2021

လေးစားရပါသော Customer များခင်ဗျာ
2020-2021ဘဏ္ဏာ‌ရေးနှစ်အတွက်
နှစ်ချုပ်စာရင်းများ ပိတ်သိမ်းရန်အတွက်
Innwa Bank ATM စက်များအား
30.9.2021ရက် ညနေ 1800နာရီမှ
4.10.2021ရက် နံနက် 0900နာရီချိန်ထိ
၀န်ဆောင်မှု ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း
လေးစားစွာ အသိပေးအပ်ပါသည် 🙏🙏🙏

23/09/2021

ဥပဒေကိုသုံးပြီး ထိထိရောက်ရောက်ပြန်ဆော်ပါ
==============

ယနေ့ထိ PDF GZ တို့၏ ယုတ်မာရက်စက်မှုများကြောင့် အမျိုးသမီးများ ဘုန်းကြီးများပါမကျန် သတ်ဖြတ်ခံနေရပါတယ်။

တရားဥပဒေအရ ၈၈ အရေးအခင်းကြီးအား ကိုင်တွယ်ခဲ့ရာတွင် ပျော့ကွက်များရှိခဲ့ပါတယ်။ အဲဒါကြောင့် အကြမ်းဖက်များနဲ့ အကြမ်းဖက်ကူညီသူများအားအရေးယူရာမှာ ပြင်းထန်စွာအရေးယူဖို့ ခက်ခဲခဲ့ပါတယ်။ ဥပမာပြောရရင် အကြမ်းဖက်သူတယောက်ကိုကူညီခဲ့ရင် ကူညီသူရဲ့ပိုင်ဆိုင်မှုကို သိမ်းလို့မရခဲ့ပါဘူး၊ အလွန်ဆုံး လုပ်ငန်းလိုင်စင်ပိတ်သိမ်းရုံပါပဲ။

အခုချိန်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြီးဖြစ်ပါတယ်။ ရက်စက်တယ်လို့မပြောပါနဲ့၊ ယင်းဥပဒေအရ ပြတ်သားစွာ ပြစ်ဒဏ်ချမှတ်သင့်ပါပြီ။

အကြမ်းဖက် PDF တို့ရဲ့ မိသားစုပိုင်ပစ္စည်းများကို ပြည်သူပိုင်သိမ်းရပါ့မယ်။ ယခု PDF ဆိုပြီး ပြည်သူချင်းပြန်သတ်နေတဲ့လူယုတ်မာတွေဟာ တန်ဖိုးမရှိတဲ့ သူတို့ကိုယ်သူတို့ပဲ ရင်းရတယ်ဆိုပြီး မိုက်ရိုင်းနေကြတာပါ။ အဲဒီတော့ သူတို့ရဲ့မိသားစုရပ်တည်မှုတွေကို ဖျက်စီးပစ်ရပါ့မယ်။

မိသားစုတခုမှာ PDF ရှိနေရင် အဲဒီမိသားစုပိုင်အားလုံး သိမ်းဆည်းရပါ့မယ်။ နောက်ပြီး လက်ခံအားပေးသူတွေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ရပါ့မယ်။

ဒါမှသာ PDF တွေအတွက် ငါတို့မဟုတ်တာလုပ်ရင် ငါ့မိသားစုပါ ဘဝပျက်မှာပါလားဆိုတဲ့အသိ ဝင်လာပါ့မယ်။ PDF တွေအတွက် မိသားစုတခုလုံးလမ်းဘေးရောက်ခံပြီး ကူညီမဲ့သူ နည်းသွားပါ့မယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ PDF တွေကိုလက်ခံမိတဲ့အိမ်တွေကို ချိတ်ပိတ်ခြင်းဖြင့် ထိရောက်မှုရှိတာ တွေ့ရပါတယ်။ PDF နဲ့ ပတ်သက်ဆက်နွယ်သူတွေကို ဘဝပါဖျက်ဆီးပစ်မယ့်ဥပဒေတွေ ပြဌာန်းပြီးဖြစ်ပါတယ်။

တိုင်းပြည်အတွက် ရက်စက်မှရတော့မယ့်အနေအထားမို့ နစကအနေနဲ့ အဆိုပါဥပဒေအား ထိရောက်သောလက်နက်အဖြစ် လက်တွေ့အသုံးချရန် အရေးတကြီးလိုအပ်နေပါပြီ။

Ko Myo Win

(ဥပဒေနဲ့ညီအောင်နေလွန်းလို့ ခံရတာတွေများနေပြီ။ အဲဒီဥပဒေကိုအသုံးချပြီး ပြန်ဆော်တတ်ဖို့လည်းလိုပါတယ် အဘ။ နစကဆီရောက်အောင် ပြန်တင်ပေးကြပါ။ Admin)

Address


Website

Alerts

Be the first to know and let us send you an email when A Pair Of Watch Eyes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share