Ah Phar CM

Ah Phar CM God's grace is sufficient for me!

29/05/2026

#ယုံကြည်ခြင်းအားနည်းနေပြီလား
======================

ယုံကြည်သူတွေဖြစ်လာတာ သက်တမ်းကြာလာတာနဲ့အမျှ ယုံကြည်ခြင်းအားနည်းနေပြီလား

တချိုကမိဘတွေ
ခရစ်ယာန်ဖြစ်လို့ဖြစ်လာတယ်
သခင်ယေရှုကို မိမိကိုယ်တိုင်မသိကျွမ်းဘဲနဲ့ပေါ့
အဲလိုလူတွေက တဖန်ခရစ်တော်ကို မိမိရဲ့ကယ်တင်ရှင်အဖြစ်ပြန်လည်လက်ခံဖို့လိုပါတယ် မိဘယုံလို သားသမီးနဲ့မဆိုင်ပါဘူး သူတို့ကိုယ်တိုင် နားလည်သဘောပေါက်လက်ခံရပါမယ်

တချိုက တကယ်မိမိ ကိုယ်တိုင်သိရှိနာလည်းပြီး အစစ်အမှန်ခရစ်တော်ကို လက်ခံခဲ့တယ်
ဒါပေမဲ့ အချိန်ကာလကြာလာတဲ့အခါ ယုံကြည်ခြင်းအားနည်းလာတယ် ဘုရားဘက်မှာအားမသန်တော့ဘူး
ဖြစ်သလိုအသက်ရှင်လာပါတော့တယ်

တချိုက ဟိုနေ့တနေ့ကမှ ခရစ်တော်ကို တကယ်သိရှိ ယုံကြည်လက်ခံခဲ့တယ် အဲလူတွေက တကယ်တောက်လောင်သောမီးကဲ့သို့ ယုံကြည်ခြင်းအားကြီးလာတာတွေ့ရပါတယ် အမှုတော်မှာ တကယ်သက်ကြွစွာလှုပ်ရှားတာကိုလည်းတွေ့ရပါတယ်

ယုံကြည်သူသက်တမ်းကြာလေ ယုံကြည်ခြင်းကြီးလေ ဖြစ်ပါစေဗျ
ယုံကြည်ခြင်းမီးလျှံများ တောက်လောင်ပါစေ

ဆားမပါတော ဟင်းချိုရည်ကဲ့သို့ မဟုတ်ဘဲနဲ့ အသားကိုဆာနယ်ပြီးချက်ထားတော ဟင်းကောင်းတပွဲလို ယုံကြည်သူအသက်တာဖြစ်ပါစေ

ပထမဦးစွာ သင်ခရစ်တော်ကိုရတုန်းကရှိတဲ့ ဝမ်းမြောက်ခြင်း ငြိမ်သက်ခြင်းအမြဲတမ်းရှိပါစေ
ယုံကြည်ခြင်းအားကြီးစွာ ဘဝကိုဖြတ်လျှောက်ပါစေ

"ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင့် စိတ်တော်နှင့်မတွေ့နိုင်" လို့ကျမ်းစာကပြောပါတယ်

ယုံကြည်ခြင်းမပျောက်ပါစေနဲ့
ယုံကြည်ခြင်းအပြည့်နဲ့ အာဗြံဟာ ကဲ့သို့ ကိုယ်တော်နဲ့လျှောက်လှမ်းနိုင်ကြပါစေ

Ah Phar CM

(၂၆ . ၅ . ၂၀၁၆ တုန်းက စာစုလေးပါ...)

28/05/2026

မိမိအသက်တာ အရင်မတည်ဆောက် မပြင်ဆင်ဘဲနဲ့ သူတပါးကို သွားတည်ဆောက်ဖို့ ကြိုးစားနေရင် မဟုတ်သေးဘူး။

မိမိရဲ့ မိသားစုထဲမှာ ချစ်ချင်းမေတ္တာ မတည်ဆောက် မပြနိုင်ဘဲနဲ့ သူများ မိသားစုထဲကို ချစ်ချင်းမေတ္တာအကြောင်းသွားပြောနေရင် မဟုတ်သေးဘူး။

မိမိအသက်တာထဲမှာ ဘုရားရဲ့ကောင်းမြတ်ခြင်း၊ မခံစားဖူး၊ မသိဘဲနဲ့ ဘုရားရဲ့ ကောင်းမြတ်ခြင်းဟောပြောနေရင် မဟုတ်သေးဘူး။

ဘုရားရဲ့ ချစ်ချင်းမေတ္တာကို မိမိအထဲမှာ စီးဝင် ခံစားရခြင်း မရှိဘဲနဲ့ ဘုရားရဲ့ ချစ်ချင်းမေတ္တာကို သူတပါးကို ဟောပြောနေရင် မဟုတ်သေးဘူး။

မိမိကိုယ်ကို ခရစ်တော်ရဲ့ ကယ်တင်ခြင်း ဆုကျေးဇူး ရရှိခံစားခြင်း မရှိဘဲနဲ့ သူတပါးကို ကယ်တင်ခြင်း တရားဟောနေရင် မဟုတ်သေးဘူး။

မိမိအထဲကနေ ဦးစွာ ထိတွေ့ခံစားပြီးမှ သူတပါးကို သက်သေခံ၊ လက်ဆင့်ကမ်းနိုင်ခြင်းက ထိရောက်မှုရှိတယ် ။

ဦးစွာ မိမိကိုယ်ကို တည်ဆောက် ပြင်ဆင်ပြီးမှသာ သူတပါးထံ ရောက်ပါစေ။

မဟုတ်ရင် လူ့ရဲ့ နှလုံးသားထဲမှာ မရောက်ဘဲနဲ့ လေထဲမှာဘဲ လွှင့်သွားမယ်။

အားဖာ CM

#2017 တုန်းက ရေးထားတဲ့ မှတ်စုတိုလေးပါ

26/05/2026
20/05/2026

•မျိုးစေ့မှန်ဆိုတာ အရင်ဆုံး ပုတ်ပျက်သွားရတယ်...

•ပြီးမှ ပျိုးပင်လေးအနေနဲ့ ပြန်လှည်ရှင်သန်လာပါတယ်...

•ဘုရားသားသမီးများလည်း ဇာတိဆိုတဲ့ (ငါ) ကို အရင်ဆုံးပုတ်ပျက်ခြင်းကိုခံရပြီး

•ဝိညာဉ်သဘောနဲ့ ပျိုးပင်လေးလို ရှင်သန်လာဖို့ ထုထောင်းခံရပါတယ်

•စုံစမ်းစစ်ကြောခြင်းကို အခုမြင်တွေ့နေရတဲ့ အရာတွေထက် အဆပေါင်းများစွာ လာအုံးမယ်...

•ပြင်ဆင်ထားကြပါ...

•ခရစ်ဆော်၌ အင်္ဂါအစိတ်အပိုင်း အချင်းချင်းအတွက် သတိရဆုတောင်းပေးကြပါ....

With Love
Ah Phar CM

07/05/2026

လောကအရာများ အရမ်းလွှမ်းမိုးလာပြီဆိုရင် ယုံကြည်ခြင်းကို ယိုင်လဲသွားစေမယ်...။

ဇာတိကို ဦးစားပေးခြင်းများလာရင် ဝိညာဉ်ခွန်အား လျှော့နည်းလာမယ်...။

နှုတ်ကပတ်တော်ကို နေ့ရက်ချိန်တိုင်း ဖက်တွယ်ပြီး မသွားလာ၊ အသက်မရှင်ရင် စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်း၊ ဝမ်းနည်းခြင်းတွေ ပြည့်နှံလာလိမ့်မယ်...။

ဝိညာဉ်တော်ရဲ့ လမ်းပြမှု၊ ဦးဆောင်ခြင်းနဲ့ မသွားရင် သွားနေရင်း၊ လျှောက်နေရင်း လမ်းတွေပျောက်နေလိမ့်မယ်...။

By Ah Phar CM

03/05/2026

"ဒေါသအမျက်နဲ့ ဆုံဖြတ်ချက်ချခြင်းသည် တကယ် ကြီးမားသော မဟာ အမှားကြီးဖြစ်သည်"

လွန်ခဲ့တဲ့ နှစ်အနည်းတုန်းက ကျွန်တော့် အိမ်ဘေးက ဦးလေး တယောက်နဲ့ စကားစမြည်လေးပြောရင်းနဲ့ အဲဦးလေးက ကျွန်တော့်ကို ရင်ဖွင့်ပါတယ်...

ခပ်လှမ်းလှမ်းမြင်နေရတဲ့ အိမ်နဲ့မြေကွက်ကို လက်ညှိုးထိုးပြီး " ဆရာရေတဲ့ အခုမြင်နေရတဲ့ အိမ်နဲ့ခြံက တချိန်တုန်းက ဦးလေးနဲ့ သူငယ်ချင်းတယောက်ပေါင်းဝယ်ပြီး ဆောက်ထားတဲ့အိမ်ပါတဲ့...

ကျွန်တော်က ဆက်မေးတယ် ဘယ်လိုဖြစ်ခဲ့တာလဲ ဦးလေးရေပေါ့...
သူက ဖြေတယ်...
သူ့သူငယ်ချင်းနဲ့ အလုပ်တခု တိုင်ပင်ဆွေးနွေးတာ ညိနှိုင်းမရတာနဲ့ သူအရမ်း ဒေါသ အမျက်ထွက်လို့ ပေါင်းဝယ်ထားတဲ့ အိမ်နဲ့ခြံကို သူ့ငွေပြန်တောင်းလိုက်တယ်တဲ့ ...
ခင်ဗျာနဲ့ ပေါင်းပြီး ဘာအလုပ်မှ မလုပ်တော့ဘူးဆိုပြီး ... ပြောလိုက်တယ်တဲ့ ...

အဲဒါနဲ့ အခုဆိုရင်တဲ့ အဲမြေကွက်ရဲ့ တန်ဖိုး ဘတ်ငွေး သိန်းရာ ကျော်ပြီးတဲ့
သူ ဒေါသ အမျက်နဲ့ ဆုံဖြတ်ချက်ချတာ လောသွားတယ်... တကယ်မှားပါတယ်၊ နောင်တရတယ်... လို့ ကျွန်တော်ကို ပြောပြရင်း မျက်နှာလေးက အတော်လေး ပျက်နေပါတယ်...

ကျွန်တော် ဘာ သင်ခန်းစာ ရတာလဲဆိုရင်
အော်... ဒေါသ အမျက်ထွက်နေချိန်မှာ ဘာ ဆုံဖြတ်ချက်မှ မချသင့်ဘူးဆိုတာ သင်ခန်းစာ ရလိုက်ပါတယ်...

ကျွန်တော်တို့ လူတွေက ဒေါသအမျက်ထွက်တာ လွယ်ကြသော သူများဖြစ်ကြပါတယ်...

ဒါပေမဲ့ ဒေါသအမျက် ထွက်နေချိန် ဘာဆုံဖြတ်ချက်မှ မချတာကောင်းတယ်... မဟုတ်ရင် သွေးပူနေလို့ အလောတကြီးဆုံဖြတ်လိုက်တဲ့ အရာဟာ ဘယ်တခုမှ မကောင်းဘူးဆိုတာ သတိထားရပါမယ်...
မဟာအမှားကြီး မှားသွားနိုင်ပါတယ်...

ကျမ်းစာက ဘာပြောတာလဲ ဆိုရင်
" အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။- အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။"
(ဧဖက် 4:26-27)

အမျက်ထွက်လို့ရတယ် အပြစ်မလုပ်မိဖို့ သတိပေးထားပါတယ်...

အမျက်မပြေပဲ နေဝင်ခိုင်းတယ်ဆိုရင် စာတန်မာရ်နတ်ကို အခွင့်ပေးတာဖြစ်သွားပါတယ်... သူ့ကို အခွင့်ပေးပြီး အသက်တာထဲ ဝင်လာခိုင်းရင် သူက ဖျက်စီးသောမှာ သေချာပါတယ်...

မိသားစု အရေးမှာ သော်လည်းကောင်း၊ ညီကိုမောင်နှမကြား၊ မိတ်ဆွေသူငယ်ချင်းကြား၊ အသင်းတော်ကြား၊ လူ့အဖွဲ့အစည်းကြားမှာ မာရ်နတ်က ဝင်မွှေခွင့်ရတော့ ပျော်ပျော်လေးနဲ့ ဖျက်သွားမှာ သေချာပါတယ်...
အတော်လေ သတိထားပြီး ဆင်ခြင်စရာများဖြစ်ပါတယ်...

အမျက်ဒေါသထွက်နေချိန် ဆုံဖြတ်မချမိဖို့ သင်ခန်းစာ ယူရင်းနဲ့ မျှဝေပေးလိုက်ပါတယ်...

အားလုံးပေါ် ဘုရားရှင် ကောင်းကြီးပေးပါစေ... အာမင်...

By Ah Phar CM

30/04/2026

သင့်ရဲ့ အခြေအနေကို လူတွေက နားလည်ချင်မှ နားလည်ပါလိမ့်မယ်...
ဒါပေမယ့် ကောင်းကင်အဖကတော့ သင့်ရဲ့ အခြေအနေ တစ်ခုစီတိုင်းကို နားလည်သိကျွမ်းနေပါတယ်...
သူ့ထံ ချဉ်းကပ်တိုးဝင်ပြီး ရင်ဖွင့်ချင်တဲ့အရာမှန် သမျှကို ဖွင့်ချလိုက်ပါ...
သူနားလည်ကာ သင် လိုအပ်နေတဲ့ အကူညီအားလုံးကို ကူညီ ၊ မစ
ဖြည့်စွမ်း ပေးလိမ့်မယ်...

Ah Phar CM

ကိုယ်တော့်ရှေ့မှောက် ကျွန်ုပ် ယူဆောင်လာနိုင်ခဲ့တာကတော့ကြေကွဲပျက်စီးနေတဲ့ နှလုံးသားတစ်စုံနဲ့နာကျင်စရာ အတိတ်က အနာဟောင်းတွေ...
25/04/2026

ကိုယ်တော့်ရှေ့မှောက် ကျွန်ုပ် ယူဆောင်လာနိုင်ခဲ့တာကတော့
ကြေကွဲပျက်စီးနေတဲ့ နှလုံးသားတစ်စုံနဲ့
နာကျင်စရာ အတိတ်က အနာဟောင်းတွေပါပဲ။

ဒါပေမဲ့... ကိုယ်တော်ကတော့
ဖုန်မှုန့်ထဲက ကျွန်ုပ် ဘဝပျက်လေးကို ကောက်ယူလို့
အလွန်တရာ လှပလွန်းတဲ့ "ဘဝသစ်" တစ်ခုအဖြစ်
မေတ္တာတော်နဲ့ ထုဆစ်ပုံဖော်ပေးခဲ့ပြီ။

24/04/2026

အပင်တစ်ပင်ကို စိုက်လိုက်တဲ့ခါ သူ့အချိန်နဲ့သူ အသီးသီးပါတယ်။

ထိုနည်းတူ သင့်အတွက် ဘုရားပြင်ဆင်ထားတဲ့ အချိန်တစ်ချိန်ရှိပါတယ်။
အဲအချိန်ရောက်ရင် သင့်အတွက် သခင်ပြင်ဆင်ထားတဲ့ အရာများကို လှပစွာ မြင်တွေ့ ခံစားရမှာပါ။

စိတ်ပူပန်ခြင်းမရှိနဲ့၊ အရာခပ်သိမ်းသခင့် လက်တော်ထဲအပ်ထားပြီး စိတ်ချလက်ချ (Confidence) အပြည့်နဲ့သာ သင်ခြေလှမ်း လှမ်းလိုက်ပါ။
သင့်အတွက် အကောင်းဆုံးထဲက အကောင်းဆုံးအရာများကို သခင်ပြင်ဆင်ထားပြီးပြီ..။

အာမင်

22/04/2026

Nothing is impossible with God!
"ဘုရားသခင်၌ မဖြစ်နိုင်သောအရာမရှိပါ"

ဆိုနဲ့ ကျမ်းပိုဒ်ကို လူတွေ မကြာခဏ ပြောနေ၊ ရေးနေကျ တာကို တွေ့ရပါတယ်။

ဟုတ်ကဲ့ပါ ဘုရားသခင်၌ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။

သို့ပေမဲ့ မိမိ ဆန္ဒနဲ့ မိမိဖြစ်ချင်တာ ဖြစ်ခိုင်းလို့တော့ ဘုရားသခင်မလုပ်ပေး၊ မဖြစ်လာဘူးဆိုတာ သိထာဖို့ လိုပါတယ်...။

မာန်မာန၊ အတ္တစိတ်နဲ့ ထင်ပေါ်ကျော်ကြားဖို့ ၊ ကောင်းကြီးလိုချင်နေတာက စိတ်ဓာတ်ရေးရာပိုင်းနဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ညီတဲ့ ဆုတောင်းခြင်း ပြောဆိုခြင်း မဖြစ်နေပဲ ..

မိမိတကိုယ်အတွက် ကောင်းစာချင်စိတ်နဲ့ Nothing is impossible with God" "ဘုရားသခင်၌ မဖြစ်နိုင်သောအရာမရှိ ဘူး

ဆိုပြီး ကြွေးကြော်နေသော်လည်း ဖြစ်လာမှာ မဟုတ်ပါ...

ကျမ်းစာမှာ ကြည့်တဲ့အခါ အဲဒီ စကားလုံးကို သုံးထားတာက ဘုရားသခင်ရဲ့ မဟာ ဂတိတော်ကြီးကို ပြည့်စုံစေဖို့ သုံးထားတာ တွေ့ရပါတယ်...

ဒီကနေ့ ကျွန်ုပ်တို့လည်း ဘုရားရဲ့ ဂတိတော် ပြည့်စုံလာဖို့ အလိုတော်နဲ့ညီတဲ့ ဆုတောင်းခြင်း၊ အမှုတော်လုပ်ငန်း၊ ဘုရားရဲ့ အကြံအစည်တခုခုကို ပြည့်စုံလာဖို့ ပါဝင် ဆက်ကပ်နေတယ်ဆိုရင် Nothing Is impossible with God "ဘုရားသခင်၌ မဖြစ်နိုင်သောအရာမရှိ" ဆိုတဲ့ စကားလုံးက သင့်အတွက် လူတိုင်းအတွက် အသက်ရှင်သော စကားလုံးဖြစ်လာပြီး ဘုရားရဲ့အမှုပြီးမြောက်ဖို့ရန် အလုပ်လုပ်ဆောင်ပေးပါလိမ့်မယ်...။

By Ah Phar CM

22.4.2026( Wednesday)

Address


Website

Alerts

Be the first to know and let us send you an email when Ah Phar CM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ah Phar CM:

  • Want your business to be the top-listed Media Company?

Share