เส้นทาง ติดต่อ ธุรกิจของเรา

H Khant ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก H Khant, บริษัทด้านสื่อ/ข่าวสาร, Bangkok

Entertainment and fun at your wall.
ကြော်ငြာများ ယုံကြည်စွာအပ်လိုရပါတယ်

ဂိမ်းကြော်ငြာများ ယုံကြည်စွာအပ်လိုရပါတယ်
Tg link/
t.me/Activenow71

Movie Recap Zone
Tg/link/https://t.me/thae180

🌟 ၁ နှစ်ပြည့် ပွဲဦးထွက် အထိမ်းအမှတ် 🌟 ဒီနေ့ဟာ စမ်း ရေ မိုး ရဲ့ ခေါင်းဆောင်မင်းသားလေးတစ်ဦးအဖြစ် ပထမဆုံး ဖျော်ဖြေတင်ဆက်ခဲ့...
03/10/2026

🌟 ၁ နှစ်ပြည့် ပွဲဦးထွက် အထိမ်းအမှတ် 🌟

ဒီနေ့ဟာ စမ်း ရေ မိုး ရဲ့ ခေါင်းဆောင်မင်းသားလေးတစ်ဦးအဖြစ် ပထမဆုံး ဖျော်ဖြေတင်ဆက်ခဲ့တဲ့နေ့မှစပြီး ၁ နှစ်ပြည့်မြောက်တဲ့ အထူးနေ့လေး ဖြစ်ပါတယ်။ ❤️

မြန်မာ့ရိုးရာအနုပညာကို ချစ်မြတ်နိုးစွာနဲ့ ဆက်လက်ဖော်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိလာခဲ့တဲ့ စမ်း ရေ မိုး ရဲ့ အနုပညာခရီးလမ်းတစ်နှစ်ပြည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ✨

🎉 ၁ နှစ်ပြည့် ပွဲဦးထွက်အတွက် ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုပါတယ်။ 🎉

ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာလည်း
🌸 ပိုမိုအောင်မြင်မှုများ ရရှိပါစေ
🌸 လှပတဲ့ အနုပညာမှတ်တိုင်များစွာကို ဆက်လက်တည်ဆောက်နိုင်ပါစေ
🌸 မြန်မာ့ရိုးရာအနုပညာကို ပိုမိုတောက်ပစွာ ဆက်လက်ဖော်ဆောင်နိုင်ပါစေ
🌸 ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ အောင်မြင်မှုတွေ ပိုမိုရရှိပါစေ

“တစ်နှစ်တာ အနုပညာခရီးရဲ့ မှတ်တိုင်တစ်ခုကနေ နောက်ထပ်လှပတဲ့ အခန်းသစ်များစွာဆီသို့…” ✨

Happy 1st Year Debut Anniversary, San Yay Moe! 🤍✨

#စမ်းရေမိုးသဘင်

San Yay Moe

05/09/2026

ဂိမ်းကြော်ငြာများ ယုံကြည်စွာအပ်လိုရပါတယ်
Tg link/
t.me/Activenow71

Movie Recap Zone
Tg/link/https://t.me/thae180

လူပေါင်းထောင်ချီကို အလုပ်အကိုင်ပေးထားတဲ့ Teng Hui Myanmar အထည်ချုပ်စက်ရုံ လကုန်မှာ အပြီးပိတ်သိမ်းမည်ရန်ကုန်၊ စက်တင်ဘာ ၃မ...
05/09/2026

လူပေါင်းထောင်ချီကို အလုပ်အကိုင်ပေးထားတဲ့ Teng Hui Myanmar အထည်ချုပ်စက်ရုံ လကုန်မှာ အပြီးပိတ်သိမ်းမည်

ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာနိုင်ငံမှာ ၁၃ နှစ်ကျော် လည်ပတ်လာပြီး လူပေါင်းထောင်ချီကို အလုပ်အကိုင်ပေးထားတဲ့ Teng Hui Myanmar အထည်ချုပ်စက်ရုံကြီး လကုန်မှာ အပြီးပိတ်သိမ်းတော့မယ် လို့ ဝန်ထမ်းတွေကို အသိပေးထားပါတယ်။

စက်ရုံဘက်က စက်တင်ဘာ ၂ ရက်မှာ ဝန်ထမ်းတွေကို ပိတ်သိမ်းမယ့်အကြောင်း အသိပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ လုပ်သား ၃,၀၀၀ ကျော်ရှိကာ အများစုက အမျိုးသမီးဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် ရိုးကြီးဘက်မှာရှိတဲ့ Teng Hui Myanmar ဟာ အထည်ချုပ်စက်ရုံ ၅ ရုံနဲ့ လည်ပတ်ခဲ့တာဖြစ်ပြီး အရင်က လူပေါင်း ၆,၀၀၀ ကျော်အထိ အလုပ်အကိုင်ပေးနိုင်ခဲ့တဲ့ စက်ရုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။

စက်ရုံပိတ်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ အဓိကဝယ်ယူသူဖြစ်တဲ့ H&M ဘက်က အော်ဒါတွေ မမှာတော့တာကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲဖြစ်လာတာလို့ စက်ရုံမန်နေဂျာတစ်ဦးရဲ့ ပြောဆိုချက်မှာ ပါရှိပါတယ်။

ဝန်ထမ်းတွေအတွက်တော့ သတ်မှတ်ထားတဲ့ စာချုပ်တွေအတိုင်း နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ သိရပြီး စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း အလုပ်သစ်တွေ ရှာထားဖို့လည်း အသိပေးထားပါတယ်။

Teng Hui Myanmar လို စက်ရုံကြီးတစ်ခု ပိတ်သွားတာက စက်ရုံတစ်ခု ပိတ်သွားတာထက် ပိုပါတယ်။

အလုပ်သမား ထောင်ချီရဲ့ နေ့စဉ်ဝင်ငွေ ပျောက်သွားတာဖြစ်သလို သူတို့နောက်မှာ မှီခိုနေရတဲ့ မိသားစုတွေအတွက်လည်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အထူးသဖြင့် အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီးငယ်တွေ အများအပြား အလုပ်လုပ်ကိုင်နေကြတာဆိုတော့ စက်ရုံတွေ ဆက်တိုက်ရပ်နားလာရင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာနိုင်တဲ့အခြေအနေပါ။

ဈေးကွက်မှာလည်း အော်ဒါတွေကို သတ်မှတ်ချိန်အတွင်း မပေးနိုင်တာ၊ ကုန်ကျစရိတ်နဲ့ လုပ်ငန်းလည်ပတ်မှုအခက်အခဲတွေ များလာတာတွေရှိရင် လုပ်ငန်းရှင်တွေအနေနဲ့ အခြားနိုင်ငံတွေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။

အခု Teng Hui Myanmar ပိတ်သိမ်းတော့မယ့်အတွက် စက်ရုံထဲက အလုပ်သမားတွေ ဝမ်းနည်းနေကြတဲ့ မြင်ကွင်းတွေကလည်း စိတ်မကောင်းစရာပါ။

နေ့တိုင်းသွားလာပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အလုပ်နေရာတစ်ခု ရုတ်တရက်ပျောက်သွားတော့ သူတို့အတွက် ဘယ်လောက်ထိ ခက်ခဲမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။

လကုန်ရင်တော့ Teng Hui Myanmar ရဲ့ တံခါးတွေ ပိတ်သွားတော့မှာဖြစ်ပြီး အလုပ်သမားထောင်ချီအနေနဲ့ အလုပ်သစ်တွေ ပြန်ရှာကြရတော့မှာ ဖြစ်ပါတယ်။

01/09/2026

တာမွေမြို့နယ်မှာ လူတစ်ရပ်ခန့်မြင့်ပြီး ပေ ၁၀,၀၀၀ နီးပါး ရှည်လျားတဲ့ နောက်ဖေးလမ်း အမှိုက်ပုံကြီးကို ရှင်းလင်းနေတဲ့ အဆိုတော်ယုန်လေး ဦးဆောင်တဲ့ ရန်ကုန်မြို့တော်စည်ပင်အဖွဲ့ကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ နေဝင်းတို့က ငွေသား ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လူကိုယ်တိုင် မကူညီနိုင်ပေမယ့် အများပြည်သူအကျိုးအတွက် အမှိုက်နံ့၊ အညစ်အကြေးတွေအကြား ရှင်းလင်းနေကြတဲ့ အဖွဲ့သားတွေအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ပါဝင်ကူညီခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမှိုက်ပုံကြီး ရှင်းလင်းရေးလုပ်ငန်းကို ယုန်လေး ဦးဆောင်ပြီး စေတနာရှင်တွေ၊ အလှူရှင်တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ဆောင်ရွက်နေခြင်းဖြစ်ကာ လက်ရှိအချိန်အထိ အခြားစေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၆၀ ရရှိထားတယ်လို့ ယုန်လေးက အသိပေးထားပါတယ်။

စိန်စံပယ်ဖြူဓမ္မဝိဟာရကျောင်းတိုက် ပြင်ဦးလွင်၂၄မိုင် မှာ အပြုံးမင်းသား လေးစမ်းရေမိုးမှ ဘုရားဒကာ အဖြစ် ခံယူလှူဒါန်းတဲ့ဘုရာ...
22/08/2026

စိန်စံပယ်ဖြူဓမ္မဝိဟာရကျောင်းတိုက် ပြင်ဦးလွင်၂၄မိုင် မှာ အပြုံးမင်းသား လေးစမ်းရေမိုးမှ ဘုရားဒကာ အဖြစ် ခံယူလှူဒါန်းတဲ့ဘုရားပင့်ဆောင်ခဲ့ပါပြီ🙏🙏😊 အားလုံးလာရောက် ဖူးမျှော်ကြည်ညိုနိုင် ပါသည်😊🙏🙏

05/08/2026

မိခင်မရှိ ဖခင်အဝေးရောက်နေလို့ ပြိုနေတဲ့တဲလေးမှာနေရင်း ကိုယ့်ဘာသာဟင်းချက်ကျောင်းတက်နေရတဲ့ Grade 6 ကျောင်းသားလေးကို သူငယ်ချင်းတွေဆီကရတဲ့ မုန့်ဖိုးလေးတွေစုပြီး အိမ်အသစ်ဆောက်ပေးခဲ့တဲ့ ၁၁နှစ်အရွယ် အလှူရှင်သမီးငယ်လေး ယမုံနာ❤❤🙏

အမေရိက ကယ်လီဖိုးနီးယား မှာ မွေးပြီး Grade 6 တက်နေတဲ့ မြန်မာသမီးငယ်လေး ယမုံနာထက်အောင်ဟာ သူတို့ရဲ့ကျောင်းက ပရော့ဂျက် လုပ်ရတဲ့အခါ မြန်မာနိုင်ငံက အိမ်လိုအပ်နေသူတွေကို အိမ်ပြန်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး သူမက ငွေကြေးတစ်ခု မတည် သူမရဲ့သူငယ်ချင်းတွေက သူတို့ရဲ့ မုန့်ဖိုးတွေထဲကနေ စုပေါင်းလှူဒါန်းတဲ့ Yamona project လေး ပြုလုပ်ခဲ့ကြတာပါ.
သူမရဲ့ ပရော့ဂျက်ကနေ စုစုပေါင်း US ဒေါ်လာ ၂၅၀၀ ရရှိခဲ့တာမို့ သူမက အိမ်လေးတွေဆောက်ပြီး လှူဒါန်းပေးမယ့် ကြယ်ငါးအိမ် ကို ဆက်သွယ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်. သူမရဲ့အလှူငွေက မြန်မာငွေနဲ့ဆိုရင် ငွေကျပ် ၁၀၅သိန်း ပြို.ပျ. တဲအိမ်ပိုင်ရှင်လေးတွေကို ပြန်ဆောက်ပေးတဲ့ ဘတ်ဂျက်အရ အိမ် ၇လုံး ရရှိမှာပါတဲ့.

သူမရဲ့ အိမ်သစ်အလှူလေးကို ဦးစွာ လက်ခံရရှိသူလေးကလည်း တကယ့်ကို ထူးထူးခြားခြားပါပဲ. သူလေးကတော့ မြန်အောင်မြို့နယ် သခွတ်ကွင်းအုပ်စုက Grade 6 ကျောင်းသားလေး မော​င်ပိုင်ဇင်ဖြိုး ဖြစ်ပြီး သူ့ရဲ့ တဲစု.၊တ်လေးမှာ တစ်ယောက်တည်း နေထိုင်ဘဝကို ဖြတ်သန်းနေရသူလေးတစ်ဦးလို့ သိရပါတယ်.

သူပဲလူကြီး သူပဲလူငယ် သူ့ထမင်းသူချက် သူ့ကျောင်းတက်ဖို့ သူပြင်ဆင်နေရတဲ့ မောင်ပိုင်ဇင်ဖြိုး လသားအရွယ်တည်းက မိခင်က ထားသွားခဲ့တာမို့ သူ့အမေကိုတောင် သူမသိပါဘူး. သူ့အဖေနဲ့ အစ်မက ပြုစုစောင့်ရှောက်ခဲ့ရင်း အစ်မဖြစ်သူက အိမ်ထောင်ကျ အဝေးမှာ နေပါတယ်တဲ့. အဖေကလည်း ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားတာ ၂နှစ်ကျော်ရှိပြီ ပြန်မလာတာ. ၂လတခါ ၃လတခါတော့ ငွေလေးလှမ်းလှမ်း ပို့ပေးတတ်တယ်လို့ သိရပါတယ်.
ကျန်တဲ့အချိန်တွေကတော့ အိမ်နီးချင်းတွေရဲ့စောင့်ရှောက်မှုကောင်းလို့ သူခုအရွယ်ထိ ရောက်လာတယ်ပဲ ပြောပါတော့.
သူ့အိမ်လေး ခုလိုဖြစ်နေတာကို သိရှိခဲ့သူက သူ့ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီး ဖြစ်ပြီး မိဘဆရာအစည်းအဝေးမှာ ပိုင်ဇင်ဖြိုးအိမ်က အဖေမလာလို့ အိမ်လိုက်လာရင်း ပိုင်ဇင်ဖြိုးရဲ့ အိမ်အနေအထား သူ့ဘဝနေထိုင်မှုအနေအထားတွေ သိခဲ့ရတာလို့ ဆိုပါတယ်.
အိမ်လေးကယိုင်နဲ့. အမိုးတွေက မိုးယို. သူ့ထမင်းသူချက် သူ့ဟင်းစား သူရှာစားနေရတဲ့ သူ့တပည့်လေးအတွက် အိမ်သစ်လေး ရချင်ပါတယ်လို့ အလှူခံပေးလာတာပဲ ဖြစ်ပါတယ်.
အခု သမီးလေး ယမုံနာထက်အောင် ရဲ့ အိမ်အသစ်ပရော့ဂျက်လေးကြောင့် ပိုင်ဇင်ဖြိုးလေး အိမ်အသစ်မှာ လုံလုံခြုံခြုံ ရှိနေပြီမို့ ကျောင်းအုပ်ဆရာကြီးရော အိမ်နီးချင်းတွေရော ဝမ်းသာကြည်နူးခဲ့ကြရတာပါ.

ကြယ်ငါးအိမ်ဆောက်လုပ်ပေးနေတဲ့ ဦးလေးကလည်း သမီးလေး ယမုံနာထက်အောင် ရဲ့ နောက်ထပ်အလှူ အိမ် ၆အိမ်စာအတွက် ထိုက်တန်သူလေးတွေ ထပ်ရှာဖွေရဦးမှာပဲ ဖြစ်ပါတယ်.
၁၁နှစ်အရွယ်ကနေ အလှူတစ်ခု စတင်လိုက်နိုင်တဲ့ သမီးလေး ယမုံနာထက်အောင် အနေနဲ့ နောက်ထပ်နောက်ထပ် ရည်ရွယ်ချက်ကောင်းမွန်အကျိုးရှိတဲ့ အလှူတွေအများကြီး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်.

03/08/2026

ထိပ်တန်းမင်းသားဆိုပေမဲ့ အချဥ်ပေါင်းသည်အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်လို့ ပရိသက်တွေရဲ့ချီးကျူးခံနေရတဲ့ အောင်ဇမ္ဗူ 😍 တော်လိုက်တာနော် ရုပ်ရှင်ကားတွေ၁၀ ကားနီးပါးရို၊တ်ထားတာဆိုတော့ နောက်နှစ် အကယ်ဒမီပြေးမလွတ်တော့ဘူး😘😘❤.

08/07/2026

" လေးကျော်မှာဆိုရင် ဟင်းအနှစ်ထုတ် (၈)မျိုးရှိတာမို့ စုံလင်စွာ ရွေးချယ် စားသုံးလို့ရပါတယ်။ ဒီကနေ့ကတော့ လေးကျော်စားသောက်ကုန်ကနေ (၆)ဘာသာဂုဏ်ထူးရှင် တိုးဝေယံအတွက် ဆုငွေ (၁၅)သိန်းကျပ်နှင့်အတူ လေးကျော်ရဲ့ Products တွေကို လက်ဆောင်လာပေးတာပေါ့နော်။

လေးကျော်က တီဗီမှာ ကြော်ငြာကတည်းက သိသလို ဆိုင်မှာလည်း အမြဲဝယ်စားဖြစ်ပါတယ်။ စျေးနှုန်းလည်း သင့်တင့်တဲ့အတွက် လေးကျော်စားသောက်ကုန်ကို အခုတော့ အစုံမြည်းကြည့်လို့ရတော့မယ်”

….. လို့ပြောပြလာတဲ့ (၆)ဘာသာဂုဏ်ထူးရှင် တိုးဝေယံ , မဆုမွန် တို့နှင့်

07/07/2026

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား အီဂျစ်ကို နိုင်ပြီး ကွာတားတက်

နှစ်ဂိုးပြတ်နဲ့ ရှုံးနေရာက အာဂျင်တီးနားက ဒုတိယပိုင်းမှာ သုံးဂိုးပြန်သွင်းပြီး ၃-၂ နဲ့ အနိုင်ရသွားခဲ့တာပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ H Khant โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง H Khant:

ทางลัด

แชร์