14/09/2025
Customer Pain Points ဆိုတာ
အရေးကြီးတဲ့အချက်တွေပါ💥
စီးပွားရေးလုပ်ငန်းတိုင်းက ပိုရောင်းရချင်တာဟာ ဓမ္မတာပါပဲ...
သို့ပေမယ့်လည်း အမှန်တရားတစ်ခုကိုတော့ မေ့နေတတ်ကြတယ်။
" Customers don't buy products - They buy Solutions to their problems ''ဆိုတဲ့အရာပါပဲ။
ဒါကြောင့် ဝယ်သူတွေရဲ့ Pain Points ကိုသိဖို့အရေးကြီးတာပါ။
သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့
ကျွန်တော်တို့တွေဟာလည်း ရောင်းသူဖြစ်နေတာနဲ့တပြိုင်နက် တခြားတစ်ဖက်မှာလည်း ဝယ်သူဖြစ်နေတာကို သတိထားမိသင့်ပါတယ်။
ကိုယ်တိုင်တောင်မှ တစ်ခုခုဝယ်ယူတယ်ဆိုတာ လိုနေတဲ့တစ်ခုခုကိုဖြည့်စွက်ဖို့ပဲမဟုတ်လား။
ဒါကြောင့် Pain Points တွေဆိုတာ ရှိလာတာဖြစ်ပါတယ်။
-----
ဥပမာ...
ဗိုက်ဆာနေချိန်မှာ တစ်ခုခုမှာစားတဲ့အခါ အတတ်နိုင်ဆုံး အမြန်ရောက်လာစေချင်ကြတယ်လေ။
ဒါဟာ အချိန်နဲ့ပတ်သက်တဲ့ 'Time Problems Pain Point' တစ်ခုပဲမဟုတ်လားဗျာ။
-----
Common Customer Pain Points တွေကတော့
Time Problems ⏰
Customers တွေက အချိန်သိပ်မလောက်ကြဘူးဗျ
ဒီတော့... ပိုမြန်ပြီး လွယ်ကူတာကိုလိုချင်ကြတယ်။
Financial Concerns 💸
ဈေးကြီးတာကိုတော့ လူတိုင်းမကြိုက်ဘူးလေ။
ကျွန်တော်လည်း မကြိုက်ဘူး။
ဒါကြောင့် Customers တွေရဲ့စိတ်ထဲမှာသင့်တင့်မျှတတဲ့ တန်ဖိုးတစ်ခုကို ချပြပေးနိုင်ဖို့လိုတာပေါ့။
Process Difficulties 🥊
Order တင်တာပဲဖြစ်ဖြစ်၊ တစ်ခုခုဝင်ရတာဖြစ်ဖြစ်၊ အသုံးပြုရတာ ခက်တာပဲဖြစ်ဖြစ်...
Customers တွေဟာ စိတ်ပျက်သွားတတ်ကြတယ်။
ဒါကြောင့် အဲ့လိုအခက်တွေကြုံလာရင် ' They'll quit '.
Trust Issues 🤔
ပစ္စည်တစ်ခု (ဒါမှမဟုတ်) ဝန်ဆောင်မှုတစ်ခုခုကို
ယုံကြည်လို့မရနိုင်တဲ့အခါ...
လုံခြုံစိတ်ချရတယ်လို့ မခံစားရတဲ့အခါမှာ
လူတွေဟာ တွန့်ဆုတ်တတ်ကြတယ်။
အဲ့တော့ ပိုယုံရတဲ့နေရာကို ရောက်သွားကြမှာပဲ။
Customer Service (Supp or Service) ☎
ဒါကတော့ အရေးကြီးဆုံးအပိုင်းလို့တောင်ဆိုလို့ရတယ်။
Responses တွေနှေးနေတာဖြစ်ဖြစ်၊ After Sales Support တွေညံ့နေတာဖြစ်ဖြစ်...
ဒါတွေကြုံရတဲ့ customers တွေက အဲ့လိုနေရာကို နှစ်ခါပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူး။
-----
လူတိုင်းမှာ မတူညီတဲ့ Pain Points တွေရှိနေတတ်တာကြောင့် ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဒါတွေကို ပြည့်စုံအောင်လုပ်ထားမယ်ဆိုရင်တော့ ရောင်းကောင်းဖို့ဆိုတာ ဆုတောင်းစရာမလိုတဲ့အရာဖြစ်လာပါလိမ့်မယ်။
-----
Biz တစ်ခုအတွက် 'USP (unique selling point)' တည်ဆောက်တဲ့နေရာမှာလည်း Pain Points တွေကိုနားလည်ပြီးသေချာ တည်ဆောက်တဲ့အခါမှာ ပိုပြီးတော့ ပြည့်စုံစေပါတယ်။
-----
ကျန်မာချမ်းသာပြီး အစစအရာရာလည်း အဆင်ပြေကြပါစေခင်ဗျာ💫
✨အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
နောက်စာတိုလေးတွေမှာ ပြန်တွေ့ကြတာပေါ့...
Digital DreamScape (DDs) မှ ဝန်ဆောင်မှုတွေကိုရယူချင်တယ်ဆိုရင်တော့
Chat box ကနေ Hi လိုက်ရုံပဲနော်။
စာပို့ရန် 📨
https://m.me/dds.digitaldreamscape