Gracy HappySpace

  • Home
  • Gracy HappySpace

Gracy HappySpace A captivating journey of a girl exploring the artistry of the earth and nature 🍃💕

15/10/2025

ဒါကဒီနှစ်ဘုံကထိန်သွားခဲ့တဲ့ ဗီဒီယိုလေး

ဘုံကထိန်လှည့်ချိန် ပျော်ဖို့ကောင်းတာလေးတွေကို အသံကြားစေချင်လို့ သီချင်းမထည့်ထားတော့ဘူး

14/10/2025

မနှစ်က အသိအမကနေ ဘုံကထိန်လုပ်ဖို့ရှိတာ လိုက်ချင်လားမေးလို့ သွားရောက်ခဲ့တဲ့ Wat Chak Daeng ဘုန်းကြီးကျောင်းက ထိုင်းရောက်မြန်မာတွေရဲ့ စုပေါင်းဘုံကထိန်အလှူ 🙏

မနက်အစောမှာ Tent တွေထိုးပြီး စတုဒီသာအလျှံအပယ်ကျွေး၊ ဘုံကထိန် ဘုန်းကြီးကျောင်းဝန်းထဲလှည့်၊ နေ့ခင်းမှာ ဘုန်းဘုန်း တရားခံယူ။

လုံးဝကို မြန်မာပြည်ထဲပြန်ရောက်သွားသလို ခံစားရတယ်။ မြန်မာတွေဆိုတာ ထောင်ချီပြီတော့ လာအလှူလုပ် ပါဝင်ကြတာ ပျော်စရာကြီး။

ဒီနှစ် ဗီဒီယိုလေးလည်း ထပ်တင်ပေးမယ်နော်

Happy Thadingyut Festival to you all✨🌕As the lights of Thadingyut shine bright, may they bring warmth, happiness, and pe...
06/10/2025

Happy Thadingyut Festival to you all✨🌕

As the lights of Thadingyut shine bright, may they bring warmth, happiness, and peace into your heart and home.

🪔🕯️ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ပွဲတော်လေးဖြစ်ပါစေ

သီတင်းကျွတ်ကာလမှာ ချစ်ရသောသူတွေ၊ မိသားစုတွေနဲ့ ချစ်ခြင်းမေတ္တာတရားတွေ ဝေမျှရင်း လုံခြုံတဲ့ရပ်ဝန်းလေး ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ် 🙏

Hoi An nights, where dreams glow brighter.City of Lanterns ဆိုသလိုဘဲ နေရာတိုင်း မီးပုံးလေးတွေထွန်းထားပြီး လှနေတဲ့ မြို့လ...
22/09/2025

Hoi An nights, where dreams glow brighter.

City of Lanterns ဆိုသလိုဘဲ နေရာတိုင်း မီးပုံးလေးတွေထွန်းထားပြီး လှနေတဲ့ မြို့လေး 💛

🇻🇳✨ Ha Long Bay Cruise Experience ✨🇻🇳ဗီယက်နမ်ကိုရောက်ပြီး သွားမယ်သွားမယ်နဲ့ ကျော်ကျော်သွားတဲ့ Ha Long Bay ကိုတော့ အခုတစ်...
21/09/2025

🇻🇳✨ Ha Long Bay Cruise Experience ✨🇻🇳

ဗီယက်နမ်ကိုရောက်ပြီး သွားမယ်သွားမယ်နဲ့ ကျော်ကျော်သွားတဲ့ Ha Long Bay ကိုတော့ အခုတစ်ခါ တစ်ညအိပ် သွားလည်ဖြစ်ခဲ့တယ်

အစမှာတော့ Day Trip သွားမလား စဉ်းစားထားပေမယ့်—
👉 အေးဆေးနေလို့ရမယ့် ခံစားချက်ကိုလိုချင်တာ၊
👉 Rush မဖြစ်ချင်တာနဲ့
👉 တစ်ည Cruise ပေါ်မှာ အိပ်ချင်တာကြောင့်
Overnight Cruise ကိုရွေးဖြစ်ခဲ့တဲ့ ခရီးစဉ်လေး

🛳️ Cruise Experience

Ha Long Bay တလျှောက် cruise စီး ၊ tour က စီစဉ်ပေးတဲ့ activities တွေလုပ်ရင်း Cruise ပေါ်ပါလာတဲ့ တခြားနိုင်ငံကလူတွေနဲ့လည်း မိတ်ဖွဲ့ရင်း စကားလက်ဆုံကျဘဲ။

ကိုယ်တွေစီးတဲ့ Cruise က အစပိုင်းမှာ ကိုယ်တွေအပါမှ ၅ယောက်ဘဲရှိပြီး ညနေမှ နောက်ထပ်တစ်ယောက်က ဒုတိယရက်အနေနဲ့ လာjoin တာ။
အကုန်လုံးက အေးအေးဆေးဆေးနဲ့ activity တွေလုပ်ကြ ၊ စကားတွေပြောကြ၊ Ha Long Bay ထဲ chill ဘဲ။

🗺️ Activities (Cruise အများစုကတော့ တူကြတယ်)
• ပုလဲမွေးမြူရေးနှင့် အရောင်းဆိုင်
• Surprising Cave
• Ti Top Island (Bay ကို အပေါ်စီးကနေမြင်ရတဲ့နေရာလေး)
• Kayaking at Luon Cave

🍴 Meals & Fun Onboard
• နေ့လယ်စာ ၊ ညစာ ၊ နောက်တစ်ရက် မနက်စာနှင့် နေလည်စာလည်းပါတယ်
• Sunset Party
• Cooking Class(Vietnamese Spring Roll)
• ညဘက် Karaoke ဆို၊ ငါးမျှား

💵 Price & Booking
ကိုယ်တွေကတော့ Klook ကနေ Cruise ရွေးပြီး ဝယ်လိုက်တာ။ စျေးနှုန်းက Cruise အမျိုးအစားပေါ် မူတည်ပြီး activities အားလုံးအပါဝင် ပျမ်းမျှ $90 – $150 အထိ ရှိတတ်တယ်။

🚐 Transport & Guide
Hanoi မှာ တည်းတဲ့ ဟိုတယ်ထိ Pick-up လုပ်ပေးပြီး၊ ၃ နာရီခွဲလောက်စီးရင် Ha Long Bay ကိုရောက်ပြီ။ Tour အစကနေ အဆုံးထိ Vietnam guide က ဂရုစိုက် ပြီး နေရာတစ်ခုချင်းစီအတွက် ရှင်းပြပေးတယ်။

Vietnam မြောက်ပိုင်းရောက်ဖြစ်ခဲ့ရင်တော့ ပင်လယ်ပြင်ကြီးထဲ နှစ်ထောင်နီးပါးလောက်ရှိတဲ့ ကျွန်းတွေနဲ့ လှပတဲ့ Ha Long Bay ကို သွားလည်ခဲ့ကြဦးနော်


✨ Hoi An – City of Lanterns “မီးပုံးမြို့တော်”လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြို့လေး Hoi An 💛ဗီယက်နမ်နိုင်...
13/09/2025

✨ Hoi An – City of Lanterns

“မီးပုံးမြို့တော်”လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြို့လေး Hoi An 💛

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာရှိပြီး UNESCO ကမ္ဘာ့အမွေအနှစ်မြို့တော်တစ်ခုဖြစ်ပြီးတော့နိုင်ငံခြားသား စိတ်ဝင်စားအလည်ပတ်များတဲ့ မြို့လေးတစ်မြို့လဲ ဖြစ်ပါတယ်။

၁၅ ရာစုမှ ၁၉ ရာစုအထိ ကူးသန်းစီးပွါးရေး အချက်အချာကျရာ မြို့တစ်မြို့ဖြစ်ပြီး တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ ပေါ်တူဂီ ၊ အနောက်နိုင်ငံအစရှိတာတွေနဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ခဲ့တဲ့ မြို့လေးဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တာကြောင့် ဒီရေအတက်အကျနဲ့ ရေကြီးမှုဒဏ်ခံရလေ့ရှိတဲ့အတွက်အိမ်ဆောက်တဲ့အခါ ရေကြီးမှုဒဏ်အတွက် ပြင်ဆင်တည်ဆောက်ထားကြတာကို အဆောက်အဦးတွေမှာ တွေ့နိုင်သလို တရုတ်နှင့် ဂျပန်ဗိသုကာလွှမ်းမိုးမှုနဲ့ တည်ဆောက်ထားပုံတွေကိုလည်း တွေ့မြင်နိုင်တယ်။

Hoi An မြို့လေးက နေ့ဘက်ရော ညဘက်ပါ ရှင်သန်လှုပ်ရှား လှပနေတဲ့မြို့လေးလဲဖြစ်တယ်။ နေ့ဘက်ဆိုရင် မြို့ထဲ ရှေးဟောင်းအဆောက်အအုံတွေဘက်ကို အလည်အပတ်သွားရောက်လေ့လာနိုင်ပြီး လမ်းတိုင်းက အိမ်လေးတွေက အတော်ကို ချစ်ဖို့ကောင်းတယ်။ အိမ်ဝါဝါလေးတွေ၊ ပန်းပင်လေးတွေ အိမ်တိုင်း ဆိုင်တိုင်းက တကယ်ကိုလှတာ။

ညနေစောင်းလာပြီဆိုရင် Thu Bon မြစ်ဘက်မှာ စပြီး လူစည်လာကြပြီ။ မြစ်တစ်လျှောက် လှေစီးရင်း မီးမျှောနိုင်သလို လှေမစီးလည်း ကမ်းပေါ်က ရောင်းတဲ့သူတွေစီကနေ ဝယ်ပြီးလဲ မျှောလို့ရတယ်။

မြစ်တစ်လျှောက် ဟိုဘက်ဒီဘက်ခြမ်းမှာ ဆိုင်တွေရှိတာဖြစ်လို့ အေးအေးဆေးဆေးလမ်းလျှောက် ညစျေးပတ် တကယ့်ကို chill လို့ကောင်းတဲ့ မြို့လေး

Hoi An ကို ဘယ်လိုသွားကြမလဲဆိုရင် သူ့ဆီမှာ လေဆိပ်မရှိတာကြောင့် အနီးဆုံး Da Nang ကို လေယာဉ်စီးသွားပြီးမှ တစ်ဆင့်ထပ်သွားရပါတယ်။ Taxiနဲ့ဆိုရင် ၄၅မိနစ် ၁နာရီလောက်စီးသွားရင်ရောက်ပြီ။

မြို့ထဲလည်ပတ်ဖို့ကလဲ တစ်ခုနဲ့တစ်ခုနီးတာဖြစ်လို့ လမ်းလျှောက်သွားနိုင်သလို စက်ဘီး၊ ဆိုင်ကယ်လည်း ငှါးလို့ရပါတယ်။

လည်ပတ်စရာနေရာလေးတွေ
- Hoi An Ancient Town
- Ancient House
- Fujian Assembly Hall
- Japanese Covered Bridge
- Vieille ville de Hoi An
- Quan Cong Temple
- Old House of Tan Ky
- Precious Heritage Art Gallery Museum
နေရာအတော်များများမှာတော့ ဝင်ကြေးကောက်ပါတယ်။

ကော်ဖီဆိုင်လေးတွေလည်း အများကြီးရှိတာဖြစ်လို့ လည်ပတ်ကြည့်ရင်း ထိုင်ခဲ့ကြဦးနော်။

နောက်ထပ်ပို့စ်တွေမှာ ပြန်တွေ့ပါမယ်ရှင့်
GracyHappySpace

A short escape to the Bang Saen Beach 🏝️ နားရက်တွေ ပိတ်ရက်တွေမှာ အလည်သွား ရေဆော့ သူငယ်ချင်းတွေနဲ့ အတူ လည်ပတ်လို့ကောင်း D...
11/02/2025

A short escape to the Bang Saen Beach 🏝️

နားရက်တွေ ပိတ်ရက်တွေမှာ အလည်သွား ရေဆော့ သူငယ်ချင်းတွေနဲ့ အတူ လည်ပတ်လို့ကောင်း Day Trip သွားလို့ကောင်းတဲ့ ဘန်ကောက် အနီးက Bang Saen Beach

ဘန်ကောက်ကဆို ကား သို့ ရထားနဲ့သွားလို့ရတယ်။ ကားနဲ့သွားမယ်ဆို Ekkamai Bus Terminal ကနေ လက်မှတ်ဝယ်ပြီး သွားလို့ရပါတယ်။ လက်မှတ်ခက တစ်ကြောင်းကို ဘတ် ၁၁၀ ကျပြီး တစ်နာရီ တစ်စီးလောက်ထွက်တယ်။ တစ်နာရီခွဲလောက်စီးရပြီး ကမ်းခြေကို တိုက်ရိုက်ရောက်ပါတယ်။ မဟုတ်လည်း တခြား ကိုယ်ဆင်းချင်တဲ့နေရာပြော ရပ်ခိုင်းလို့ရတယ်။

ဘာတွေလည်စရာရှိလဲဆိုရင်
- Bang Saen ကမ်းခြေ
- Aquarium
- Bang Saen Toshin (Japan Town)
- Bangsaenkaosammuk Viewpoint
- Viewpoint အနီးက ကော်ဖီဆိုင်လေးတွေ
- Ang Sila Fishing Market

ကိုယ်တွေကတော့ တစ်နေရာနဲ့ တစ်နေရာ bolt ငှါးပြီးသွားတယ်။

ဘန်ကောက်ကနေ အနီးအနား ကမ်းခြေသွားချင်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်စရာ အပန်းဖြေစရာ နေရာလေးတစ်ခုဖြစ်လောက်တယ် 🌊

Bang Pu ညနေခင်းမှာ ငှက်စာကျွေးနေတဲ့သူတွေနဲ့ လူတွေလက်ထဲက ရအောင် ယူစားကြတဲ့ ဇင်ယော်လေးတွေ 🤍
05/02/2025

Bang Pu ညနေခင်းမှာ ငှက်စာကျွေးနေတဲ့သူတွေနဲ့ လူတွေလက်ထဲက ရအောင် ယူစားကြတဲ့ ဇင်ယော်လေးတွေ 🤍

ဘန်ကောက် အနီးနား မြင်ကွင်းကျယ်ကျယ်  Sunset အလှတရားနဲ့ ဇင်ယော်ငှက်လေးတွေကို အစာကျွေးလို့ရတဲ့ Bang Pu ရဲ့ညနေခင်းကိုယ်တွေက ...
02/02/2025

ဘန်ကောက် အနီးနား မြင်ကွင်းကျယ်ကျယ် Sunset အလှတရားနဲ့ ဇင်ယော်ငှက်လေးတွေကို အစာကျွေးလို့ရတဲ့ Bang Pu ရဲ့ညနေခင်း

ကိုယ်တွေက ပိတ်ရက်သွားတာဖြစ်လို့ လူတော့အတော်များတယ်။ ဓါတ်ပုံရိုက်တဲ့သူ ငှက်စာကျွေးတဲ့သူ ဆော့နေတဲ့ ကလေးတွေ အများမှ အများကြီးဘဲ။

အနီးအနား ညနေခင်းလေး လေညင်းခံ sunset ကြည့် ငှက်စာကျွေးမယ်ဆ်ို သွားဖို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ သွားမယ်ဆိုရင် BTS Kheka အဆုံးထိ စီးသွားပြီး ၁၀ ဘတ်တန် ကားသေးသေးလေး ထပ်စီးရပါမယ်။ တစ်ချို့ကားတွေဆို Bang Pu Recreation Center အထဲထိရောက်ပါတယ်။

Bangkok က ဒီတစ်ပတ်လုံးနီးပါး လေထုညစ်ညမ်းနေတာ အခုဆိုရင် Swiss အခြေစိုက် IQAir နောက်ဆုံး အချက်အလက်အရဆို ကမ္ဘာမှာ အဆိုးဆုံး...
24/01/2025

Bangkok က ဒီတစ်ပတ်လုံးနီးပါး လေထုညစ်ညမ်းနေတာ အခုဆိုရင် Swiss အခြေစိုက် IQAir နောက်ဆုံး အချက်အလက်အရဆို ကမ္ဘာမှာ အဆိုးဆုံး (၄) နေရာ ရောက်နေတာမို့ ဘန်ကောက်မှာ နေတဲ့သူတွေ ကျန်းမာရေး ဂရုစိုက်ကြဦးနော်

✅ ဖြစ်နိုင်ရင် အပြင်သိပ်မထွက်ကြပါနဲ့။

✅ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း mask တပ်ကြပါ။

✅ အိမ်မှာဆို ပြင်ပလေတွေ အတက်နိုင်ဆုံး မဝင်နိုင်အောင် ပြတင်းပေါက် တံခါးတွေ ပိတ်ထားပေးပါ။

✅အခုတလော အဆုတ်အားကောင်းစေမယ့် အစားအသောက်လေးတွေ စားပေးပါ။

အားလုံးဘဲ အဆင်ပြေကြပါစေ 💕🤍

Andaman ပင်လယ်ရေပြင်ကျယ်ကြီးထဲ အစိမ်းရောင်ဒီရေတောတွေကြားထဲက ထိုးထွက်နေတဲ့ တောင်စွယ်အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ “Phang Ng...
15/12/2024

Andaman ပင်လယ်ရေပြင်ကျယ်ကြီးထဲ အစိမ်းရောင်ဒီရေတောတွေကြားထဲက ထိုးထွက်နေတဲ့ တောင်စွယ်အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ “Phang Nga Bay”

Grace တို့ အခုတစ်ခေါက် ဖူးခတ်သွားရင်း အပြန်မှာ ဝင်ခဲ့တဲ့ အရမ်းလှတဲ့ Phangnga bay view point နေရာလေးကို share ပေးပါရစေ။

သူက ဖူးခတ်ကနေကားနဲ့သွားမယ်ဆို တစ်နာရီကျော်လောက် သွားရပါတယ်။

View point အနေနဲ့ သွားကြည့်မယ်ဆိုရင် Samet Nangshe Viewpoint နဲ့ อ่าวโต๊ะหลี&ที่พักกางเต็นท์ Ao Toh Li Viewpoint နှစ်ခုက view ကောင်းကောင်းမြင်ရတဲ့ နေရာဖြစ်ပြီး ခရီးသွားတွေ အတော်များ အဲ့ကို သွားကြည့်လေ့ရှိပါတယ်။

မသွားခင်က အဲ့နေရာလေးကို ရှာကြည့်ရင်း အမတစ်ယောက်တင်ထားတဲ့ ပို့စ်တစ်ခုမှာ Ao Tho Li Viewpoint မှာ camping လုပ်လို့ရတယ်ဆိုတာနဲ့ Grace တို့ tent ငှါးပြီး တစ်ညအိပ်နေဖြစ်ခဲ့ပါတယ်။ Samet Nangshe ဘက်မှာလည်း ညအိပ်တည်းဖို့နေချင်လဲ ရတယ်နော်။ သူကတော့ အနည်းငယ် စျေးပိုများတယ်ရယ်။

Áo Tho Li မှာကတော့ Tent နဲ့နေမယ်ဆို စျေး၃မျိုး - Baht 1000,1200,1300 ရှိပါတယ်။ အခန်းလေးတွေနဲ့နေချင်တယ်ဆိုလဲ သူ့မှာရသေးတယ်။ ကိုယ်လိုချင်တဲ့ view နဲ့ tent နေရာ ရဖို့ဆို ကြိုတင် booking လုပ်ဖို့တော့ လိုအပ်မယ်ရယ်။

Grace က FB ကနေ booking လုပ်သွားတာပါ။ ဒါသူတို့ Page ပါ - อ่าวโต๊ะหลี&ที่พักกางเต็นท์

ကိုယ်တွေသွားတဲ့အချိန် ဖူးခတ်ဘက်မှာ မိုးတွေရွာနေသေးတာဆိုတော့ ရာသီဥတု သုံးမျိုးလုံးကို ခံစားခဲ့ရတယ်။ မနက်စောစောဆို အေးနေပြီး နေထွက်လာချိန်မှာတော့ အနည်းငယ် ပူပါတယ်။

အေးအေးဆေးဆေး ရှုခင်းလေးကိုကြည့် သဘာဝတရားကို ခံစားပြီး နေချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုပါ။



သဘာဝရေမြေတောတောင်အလှတရားတွေနဲ့ ကာရံထားတဲ့ ဘားအံ 🤍
20/05/2024

သဘာဝရေမြေတောတောင်အလှတရားတွေနဲ့ ကာရံထားတဲ့ ဘားအံ 🤍

Address


Website

Alerts

Be the first to know and let us send you an email when Gracy HappySpace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share