It & Knowledge Sharing

  • Home
  • It & Knowledge Sharing

It & Knowledge Sharing နည်းပညာနဲ့ ပတ်သက်သော ပညာများကို sharing ​ပေး​ပါသည်။
(1)

IT & Knowledge Sharing ဟာ 2020 ကတည်းက Ko Kyi Soe Win မှ စတင်ခဲ့တာဖြစ်ပါတယ်။
Mobile Phone, Computer နဲ့ တခြားသော နည်းပညာဆိုင်ရာ ပညာများကို လူသားအကျိုးပြု Sharing လုပ်ပေးတဲ့ Social Media Channel တစ်ခုဖြစ်ပါတယ်။

လက်ရှိတွင် နည်းပညာသင်တန်းများနှင့် Service များကိုလည်း ဝန်ဆောင်မူ့ပေးနေပါတယ်။

IT & Knowledge Sharing မှာလေ့လာနိုင်တဲ့ သင်တန်းများနှင့် Service များကို
ITK - Online Class နှင့် ITK - Digital

Page ၂ ခုတွင်သာ လက်ခံပေးတာဖြစ်ပါတယ်။
( တခြားသော Platform များတွင် ငွေကြေးလက်ခံခြင်းမျိုးမလုပ်သည်ကို သတိပြုပါရန် )

ဆက်လက်၍လည်း နည်းပညာများကို Sharing လုပ်ပေးသွားမှာဖြစ်ပြီး၊
YouTube, Tiktok နှင့် Facebook တွင် နေရာယူထားပါတယ်။

Facebook မှာဆိုလည်း Page တစ်ခုတည်းပေါ်တွင်မှီခိုခြင်းမဖြစ်အောင်
IT & Knowledge Sharing 2 ဆိုတဲ့ Page ခွဲဖွင့်ထားပါတယ်။

နောက်ပိုင်းတွင် အများနှင့်သက်ဆိုင်သော Company တစ်ခုဖြစ်နိုင်အောင်ရည်မှန်းထားပြီး
လူသားများကို အကျိုးပြုသော နည်းပညာရပ်များ၊ သင်တန်းများနှင့် ဝန်ဆောင်မူ့များကို
တိုးချဲ့လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားပါတယ်။

16/12/2025

“ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲလို့ တွေးကြည့်ဖူးပါသလား”

🔹ကျွန်တော်တို့ လူသားတွေအားလုံးဟာ နေ့စဉ် စားဝတ်နေရေး၊ လူမှုရေး အစရှိတဲ့ အရေးကိစ္စ အမျိုးမျိုးကို ဖြေရှင်းနိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစား ရုန်းကန်နေကြရတယ် မဟုတ်ပါလား ခင်ဗျာ။

🔹ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲလို့ ကျွန်တော် တွေးကြည့်တဲ့အခါမှာတော့ ဒီအချက်လေး (၃) ချက်ကို သွားတွေ့ပါတယ်။

(၁) ကျန်းမာရေး

ကျန်းမာရေးကောင်းမှ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာ အသေအချာ‌ပေါ့ဗျာ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့လို့ သတိပေးပါရစေ။

(၂) ချစ်ခင်တွယ်တာရသူများနဲ့ ဆက်ဆံရေး

ကျွန်တော်တို့ ချစ်ခင်တွယ်တာရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတို့နဲ့ ကောင်းမွန်တဲ့ အပြန်အလှန် စိတ်ချမ်းသာစေတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ Toxic relationship တွေကို ဖြတ်တောက်ပစ်ဖို့ ဝန်‌မလေးပါနဲ့ ခင်ဗျာ။

(၃) ရည်ရွယ်ချက်၊ ရည်မှန်းချက်များရှိခြင်း

ကိုယ့်ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတဲ့ ရည်မှန်းချက်ရှိဖို့ အရေးကြီးပါတယ်။ ရည်မှန်းချက် မရှိတဲ့သူအတွက် ဘဝမှာ ရှင်သန်ရတာက ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက် ဖြစ်နေမှာပါ။ ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ အိပ်မက်တွေ မက်ပါ။ လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

မိတ်ဆွေတို့ရဲ့ ဘဝမှာရော ဘယ်အရာတွေက အရေးကြီးလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

—————————

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး

ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်

https://www.facebook.com/itklearn

Messenger

m.me/itklearn

m.me/ITKOnlineClass

Learn, Create and Grow

Anytime, Anywhere with itklearn



15/12/2025

“Me at the Zoo”

အပေါ်က စာသားကို မြင်တာနဲ့ သိတဲ့သူတွေက သိပြီးကြမှာပါခင်ဗျာ။

ပထမဦးဆုံး Youtube မှာ တင်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ “Me at the Zoo” ဆိုတဲ့ video လေးကတော့ အမျိုးသားတစ်ယောက် တိရစ္ဆာန်ရုံထဲက ဆင်တွေရှေ့မှာ ရိုက်ထားတဲ့ Video အတိုလေးဖြစ်ပါတယ်။

၁၉ စက္ကန့်သာရှည်တဲ့ အဲ့ဒီ Video ဟာ အခုဆိုရင် ကြည့်ရှုသူ 337 M Views ထိ ရှိနေပြီ ဖြစ်ပါတယ်။

“Me at the Zoo” ခေါင်းစဉ်နဲ့ video ကို Jawed Karim က 2005 ခုနှစ် April လမှာ uploaded လုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ၁၉ နှစ် ကြာခဲ့ပြီဖြစ်တဲ့ video လေး ဖြစ်နေပါပြီခင်ဗျာ။ Jawed Karim က American Software Engineer တစ်ဦးဖြစ်ပြီး Youtube ရဲ့ Co-founder တစ်ဦးလည်း ဖြစ်ပါသေးတယ်။

Youtube ရဲ့ ပထမဆုံး Video အဖြစ်သတ်မှတ်ခံရတဲ့ “Me at the Zoo” တင်တဲ့နေ့မှာပဲ တင်ခဲ့တဲ့ နောက်ထပ် video တစ်ပုဒ် ရှိပါသေးတယ်။ အဲ့တာကတော့ Snowboarder တစ်ဦးရဲ့ “My Snowboarding skillz” လို့ ခေါင်းစဉ်တပ်ထားတဲ့ Video ပဲဖြစ်ပါတယ်။

ပထမဆုံး Youtube Video တွေကို ကြည့်ဖူးချင်တယ် ဆိုရင် အောက်ကလင့်လေးတွေကို နှိပ်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။

https://www.youtube.com/watch?v=jNQXAC9IVRw “Me at the Zoo”

https://www.youtube.com/watch?v=LeAltgu_pbM “My Snowboarding Skillz”

—————————

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး

ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်

https://www.facebook.com/itklearn

Messenger

m.me/itklearn

m.me/ITKOnlineClass

Learn, Create and Grow

Anytime, Anywhere with itklearn



14/12/2025
13/12/2025

Premiere Pro Basic ကို 10ရက်တည်းနဲ့ ပိုင်နိုင်သွားစေမယ့်

Prp 10days Challenge Plan

itklearn မှာတက်လို့ရပါပြီ

📌 သင်တန်းအ​ကြောင်း အပြည့်အစုံ

https://www.facebook.com/share/p/191w7R1DvR/?mibextid=wwXIfr

13/12/2025
12/12/2025

“Laptop တစ်လုံးရဲ့ Keyboard မှာ Key တွေ ကောင်း၊ မကောင်း ဘယ်လိုစစ်မလဲ”

Laptop ဆိုတာနဲ့ သယ်ဆောင်သွားရလွယ်ကူပြီး အသုံးပြုရာမှာ သက်တောင့်သက်ပိုရှိတာကို မြင်ယောင်မှာ အမှန်ပါပဲ။ နောက်တစ်ခုက Personal Computer (PC) တွေလို Monitor က သပ်သပ်၊ Keyboard က သပ်သပ် နဲ့ Hardware ပစ္စည်းတစ်ခုစီ ပြန့်ထွက်မနေဘဲ တစ်ခုတည်း စုစုစည်းစည်းနဲ့ အတွဲလိုက် ရှိနေတာလေးက Users တွေရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ ကိုယ်ဝယ်မယ့် Laptop မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Laptop မှာပဲဖြစ်ဖြစ် keyboard က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ ငြင်းမရတဲ့ အချက်ပဲ မဟုတ်ပါလားခင်ဗျာ။

✨ဒါဆို Laptop တစ်လုံးရဲ့ Keyboard မှာ Key တွေ ကောင်း၊ မကောင်း ဘယ်လိုစစ်မလဲ။

✨ပုံမှန်ဆိုရင်တော့ Word file or Notepad တစ်ခုခုကို ဖွင့်ပြီး a to z ရိုက်ကြည့်တာမျိုး၊ Key တွေ မိ/မမိ နှိပ်ကြည့်ပြီး စမ်းတာမျိုးနဲ့ စမ်းကြည့် တတ်ကြပါတယ်။ ဒီလိုနည်းနဲ့ဆိုရင်တော့ စမ်းသပ်ဖို့ ကျန်သွားတဲ့ key တွေ ရှိနိုင်ပါတယ်။

✨ဒါကြောင့် laptop တစ်လုံးရဲ့ keyboard ကို အထာကျကျ နဲ့ စနစ်တကျ စစ်လို့ရမယ့်နည်းလေးကို ဒီနေ့ ကျွန်တော် ပြောပြသွားပါမယ်။

🍁 ပထမဆုံး အနေနဲ့ laptop ကို အင်တာနက် ချိတ်ဆက်ထားလိုက်ပါ။

🍁Chrome (သို့) Firefox လိုမျိုး Browser တစ်ခုခုရဲ့ Search မှာ keyboardtester.com ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါမှမဟုတ် ဒီ လင့်ခ် https://www.keyboardtester.com/ လေးထဲကို ဝင်လိုက်ပါခင်ဗျာ။

🍁KeyboardTester.com ဆိုတဲ့ web page လေးပေါ်လာပြီဆိုရင် Launch the Tester ကိုနှိပ်လိုက်ပါ။ Esc ကနေစပြီး Number pad အထိပါတဲ့ Keyboard ပုံလေး ပေါ်လာပြီဆိုရင် စ နှိပ်ပြီး စမ်းလို့ရပါပြီ။

🍁ကိုယ်နှိပ်လိုက်တဲ့ Key က မိတယ်၊ မညိနေဘူးဆိုရင် အကွက်လေးက စိမ်းသွားမှာဖြစ်ပါတယ်။

🍁Key တစ်ခုချင်းစီကို နှိပ်သွားပြီး keyboard တစ်ခုလုံး ကောင်း၊ မကောင်း စနစ်တကျ စစ်ဆေးလို့ ရပါပြီ။

Laptop တစ်လုံးမှာ ဘယ် Key တွေ ပျက်တာ အများဆုံးဖြစ်မလဲ ဆိုတာလေးကိုလည်း comment မှာ ခန့်မှန်းဆွေးနွေးပေးပါဦးခင်ဗျာ။

—————————

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး

ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်

https://www.facebook.com/itklearn

Messenger

m.me/itklearn

m.me/ITKOnlineClass

Learn, Create and Grow

Anytime, Anywhere with itklearn



11/12/2025

“Laptop တစ်လုံးမှာ HDD သုံးထားတာလား ဒါမှမဟုတ် SSD သုံးထားတာလား ဆိုတာ အလွယ်ကူဆုံး စစ်နည်း”

အရင်နေ့က HDD နဲ့ SSD တို့ရဲ့ ကွာခြားပုံနဲ့ အားသာချက်/ အားနည်းချက်တွေကို မျှဝေပေးပြီးသွားပြီဆိုတော့ ဒီနေ့မှာ ကိုယ်ဝယ်ယူ အသုံးပြုမယ့် Laptop က HDD သုံးထားတာလား၊ SSD သုံးထားတာလားဆိုတာကို အလွယ်ကူဆုံး ဘယ်လို စစ်ကြည့်လို့ရလဲဆိုတာကို ကျွန်တော် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

🍀ပထမဆုံး Task Manager ထဲကို သွားပါ။ Taskbar ပေါ်က Type here to search နေရာမှာ Task manager လို့ ရိုက်ထည့်ပြီး သွားလို့ရသလို Ctrl+Shift+Esc ခလုတ် (၃) ခု ကို အတူတူ တစ်ပြိုင်တည်းနှိပ်ပြီး shortcut နဲ့ သွားလို့လည်း ရပါတယ်။

🍀Task Manager ထဲက Performance ကိုနှိပ်ပါ။ CPU, Memory ဆိုတဲ့ စာလုံးတွေအောက်က Disk 0 (C:) , Disk 1 (D:) စတဲ့ Disk စာသားအောက်မှာ HDD, SSD ဆိုပြီးဖော်ပြထားပါတယ်ခင်ဗျာ။

🍀အဲ့ဒီ Disk ကို ကလစ်လိုက်မယ်ဆို ညာဘက် Box အကွက်ထဲက အပေါ်ထိပ်မှာ HDD ဒါမှမဟုတ် SSD အမျိုးအစားကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

🍀Laptop မှာ HDD သုံးထားတာလား၊ SSD သုံးထားတာလားဆိုတာ ကြည့်နည်းလေးသိပြီမို့ ကိုယ့် Laptop ဒါမှမဟုတ် ကိုယ်ဝယ်မယ့် Laptop တွေမှာ စစ်ကြည့်လို့ရပါပြီဗျ။

မိတ်ဆွေတို့အနေနဲ့ ကျွန်တော့်ကို ရေးသား မျှဝေပေးစေချင်တဲ့ ‌အကြောင်းအရာလေးတွေရှိတယ် ဆိုရင်လည်း comment မှာ ပြောပေးသွားပါဦး။ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားပေးသွားပါမယ် ခင်ဗျာ။

—————————

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး

ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်

https://www.facebook.com/itklearn

Messenger

m.me/itklearn

m.me/ITKOnlineClass

Learn, Create and Grow

Anytime, Anywhere with itklearn



09/12/2025

“HDD နဲ့ SSD ရဲ့ အားနည်းချက်နဲ့ အားသာချက်များ”

HDD နဲ့ SSD နှစ်ခုလုံးကတော့ Data Storage Devices တွေဖြစ်ပြီး အဓိက ကွာခြားချက်ကတော့ အချက်အလက်တွေ သိမ်းဆည်းထုတ်ယူပုံပဲ ဖြစ်ပါတယ်။

Hard Disk Drive (HDD) မှာ Data Storage အတွက် Mechanical Storage Disk ကို သုံးပြီးတော့ Solid State Drive (SSD) မှာတော့ Memory Chips တွေကို သုံးထားတာဖြစ်ပါတယ်ခင်ဗျာ။

SSD ရဲ့ အားသာချက်/အားနည်းချက်များ

- အသုံးပြုရ မြန်ဆန်ခြင်း

- သက်တမ်း ၁၀ နှစ်ကျော်ထိ အသုံးပြုနိုင်ခြင်း

- မဂ္ဂနက်ကြောင့် Data ပျက်မှာ စိတ်မပူရခြင်း

- Operating System, Gaming Apps တွေနဲ့ မကြာခဏအသုံးပြုရတဲ့ ဖိုင်တွေ သိမ်းဆည်းခြင်း အတွက် ပိုမိုကောင်းမွန်ခြင်း

- ကုန်ကျစားရိတ်မြင့်ခြင်း

HDD ရဲ့ အားသာချက်/အားနည်းချက်များ

- အသုံးပြုရ နှေးကွေးခြင်း

- သက်တမ်း ၅ နှစ်မှ ၁၀ နှစ်ကြားသာ အသုံးပြုရ အဆင်ပြေခြင်း

- မဂ္ဂနက်ကြောင့် Data ပျက်နိုင်ခြင်း

- ဗွီဒီယို၊ ဓာတ်ပုံနှင့် စာရွက်စာတမ်းအချက်အလက်များသိမ်းဆည်းခြင်းအတွက် ပိုမိုကောင်းမွန်ခြင်း

- Power Consumption များခြင်းကြောင့် Battery Life ကို ထိခိုက်စေခြင်း

- ကုန်ကျစားရိတ်သက်သာခြင်း

SSD ရဲ့ အားသာချက်က HDD ရဲ့ အားနည်းချက် ဖြစ်နေသလို HDD ရဲ့ အားသာချက်က SSD ရဲ့ အားနည်းချက်ပါပဲ ခင်ဗျာ။

HDD နဲ့ SSD ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေးစိတ်သိရပြီမို့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးချယ်တဲ့ နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိတ်ဆွေတို့ လက်တွေ့အသုံးပြုချိန်မှာ သိလာရတဲ့ နောက်ထပ် အားသာချက်၊ အားနည်းချက်တွေကိုလည်း comment မှာ မျှဝေပေးခဲ့ပါဦးခင်ဗျာ။

—————————

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး

ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်

https://www.facebook.com/itklearn

Messenger

m.me/itklearn

m.me/ITKOnlineClass

Learn, Create and Grow

Anytime, Anywhere with itklearn



08/12/2025

အိမ်မှာ​နေရင်း ပိုက်ဆံရမည့် Freelance Website ( ၃ ) ခု $$$ .... !!

အခုချိန်မှာ ​ကျောင်းသား လူငယ်များအတွက်

အိမ်မှာ​နေရင်း အလုပ်လုပ်လို့ရတဲ့ Freelance Website ​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ်

Freelance လုပ်ဖို့အတွက် မိမိမှာ Skill တစ်ခုခုတတ်ကျွမ်းဖို့​တော့လိုအပ်ပါတယ်။

Photoshop ၊ Video Editing၊ Website & App၊ Content Writing၊ Translating စသဖြင့် ​​ပေါ့

တစ်ခုခု ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်မယ်ဆိုရင် မိမိ​ပေးမည့် Service ကို အဲ့ဒီ Website ​တွေက​နေ Client ​တွေ ရှာနိုင်မှာပါ။

Service အပ်ချင်​တဲ့ သူ​တွေကလဲ အဲ့ Website ​တွေမှာ မိမိအပ်ချင်တဲ့ Service ​ပေးတဲ့ Freelancer ​တွေကို ရှာဖွေနိုင်ပါတယ်။

06/12/2025

FinalCut Pro နဲ့ Video Edit လုပ်ချင်သူ​တွေအတွက် ​FinalCut Pro Video Course ရှိပါတယ်ဗျ

FinalCut Pro သင်တန်း

https://www.facebook.com/share/p/16UPVR5oxn/

05/12/2025

TikTok Monetization Run နည်း
Video ကနေငွေရှာနည်း
TikTok Shop ကနေ ငွေရှာနည်း
TikTok မှာ Boost ထိုးနည်း
JP/ Acc ဖောက်နည်းတွေ
Setting ပိုင်းတွေ
TikTok အတွက် Video ရိုက်နည်း
Editing လုပ်နည်း
Creation Tips တွေကို
သင်ပေးမယ့် TikTok Master Zoom class က

မနက်ဖန်ညမှာ စသင်ပေးပါမယ်
အသေးစိတ်ကို Comment မှာကြည့်ပါ

စိတ်ဝင်စားရင် TT လို့မန့်ခဲ့ပါ

Address


Website

Alerts

Be the first to know and let us send you an email when It & Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to It & Knowledge Sharing:

  • Want your business to be the top-listed Media Company?

Share