20/06/2024
စာရေးသူက ဘာပြောချင်တာလဲ။
သူ့ဟာသူ သမိုင်းမှာ ဘယ်လောက်နာမည်ကြီးခဲ့ကြီးခဲ့၊ လူဆိုတာ သူ့နေရာနဲ့သူ ဟီရိဩတပ္ပတရားဆိုတာရှိရတယ်။ နာမည်ကြီးတာိဲ့ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတာ ပရိတ်သတ်ကိုစော်ကားတာဘဲ။
သူ့အနုပညာကိုလေးစားခဲ့ပေမဲ့ သူ့လုပ်ရပ်ပပြုအမူမမှန်တဲ့အခါ လူကဲ့ရဲ့ခံရတာ ဓမ္မတာပါဘဲ။
#စတီရီယိုလောကမှာအဆိုတော်လင်မယားအများကြီးရှိခဲ့ဖူးတယ်။
မင်းမင်းလတ်-နေနေလှိုင်းဇင်၊ဘိုဘိုဟန်-သျှား၊ဇော်မင်းလေး-လေးလေးနွယ်၊ပလေးဘွိုင်းသန်းနိုင်-ပုလဲ၊သိန်းတန်(မြန်မာပြည်) -ဇာခြည်လင်း(ဧပရယ်ချစ်ခင်) နောက်ကျန်ကြအုံးမယ်ထင်တယ်။
ကျနော်မှတ်မိသလောက်မြန်မာပြည်သိန်းတန်နဲ့သိန်းတန်(မြန်မာပြည်)မှာသိန်းတန်(မြန်မာပြည်) အမှန်ယူဆတယ်။မြန်မာသံဆိုတဲ့ဇာတိတွံတေးမြို့ကိုယ်စားပြု “တွံတေးသိန်းတန်” စတီယိုသံစဉ် လောကမှာ “သိန်းတန်(မြန်မာပြည်)” ထက်ဆယ်နှစ်ခန့်စောတယ်။
အသိထဲမှာသိန်းတန်(မြန်မာပြည်)သီချင်းကိုအပီဆိုနိုင်တဲ့သူတွေရှိတယ်။ရန်ကင်းဂျူးပလက်ကကိုဆန်နီ၊ကိုနိုင်ဝင်း၊၁၂ လုံးတန်းကကိုဝဏ္ဏသူတို့သီချင်းဆိုလိုက်ရင်တကယ့်သိန်းတန်(မြန်မာပြည်)အတိုင်း။
နယ်မှာဂီတာတီးဝိုင်းထောင်တဲ့သူငယ်ချင်းတယောက်နဲ့အတူ သိန်းတန်(မြန်မာပြည်)ရဲ့ကြည့်မြင်တိုင်ဗားဂရာချိုင့်နားကခြံဝင်းကြီးထဲရောက်ဖူးတယ်။၁၉၈၀-၈၁ လောက်က။
ဧည့်သည်လာရင်စကားပြောဖို့လုပ်ထားတဲ့ခြံဝင်းတဲအိမ်လေးမှာသူငယ်ချင်းနဲ့အတူအဆိုတော်ကြီးကိုအနီးကပ်ထိုင်စကားပြောဘူးတယ်။အဖြူရောင်စွတ်ကျယ်လက်စက၊ပုဆိုးကွက်ကြားနဲ့နာမည်ကြီးအဆိုတော်ကိုအနီးကပ်မြင်ခဲ့ဖူးတယ်။
ကြည်လင်တဲ့အသံဩဇာအပြည့်နဲ့
တည်တည်ငြိမ်ငြိမ်အဆိုတော်ကြီးကိုလေးစားမိတယ်။စကားပြောနေရင်းသူ့နှာခေါင်းမွှေးမကြာခဏဆွဲနူတ်တတ်တာသတိထားမိတယ်။
သိန်းတန်(မြန်မာပြည်)သီချင်းတပုဒ်မှာသူ့ဇာတိအကြောင်းပါတယ်။မယ်နုအုဋ်ကျောင်းရှိတဲ့မြို့ပြောတယ်။မန္တလေး၊တံတားဦးနားကအင်းဝမြို့ဟောင်းဇာတိယူဆပါတယ်။
၈၀-၈၁ ဆယ်တန်းနှစ်ဗဟန်းဂွတ္တလစ် “သုံးရာသီ” လက်ဖက်ရည်ဆိုင်ညတိုင်းသွားထိုင်ဖြစ်တယ်။တိပ်ရီကော်ဒါကြီးနဲ့ဖွင့်တဲ့သိန်းတန်(မြန်မာပြည်)သီချင်းတဝကြီးနားထောင်ခဲ့ရတယ်။
၁၉၈၀-၈၁ ရန်ကင်းရဲစခန်းရှေ့ “ငြိမ်းချမ်းရေး” လဘက်ရည်ဆိုင်မှာအဆိုတော်ကြီးရဲ့တေးပုလဲ(၁)(၂)(၃) အခွေကိုညတိုင်းဖီလ်းအပြည့်ခံစားခဲ့ရတယ်။
မှတ်မိသလောက်သိန်တန်(မြန်မာပြည်)ထုတ်လုပ်သူကစိုးစံနဲ့တေးပုလဲတေးသံသွင်းပါ။ “တေးပုလဲကိုဘမြင့်” နာမည်တိတ်ခွေကာဗာပေါ်အမြဲတွေ့ခဲ့တယ်။
သိန်းတန်(မြန်မာပြည်)မှာကြည်လင်ပြတ်သားတဲ့အသံဩဩကြီးရှိတယ်။ဩပေမယ့်ချိုသာပြီးယောင်္ကျားပီသတဲ့အသံဩဇာပိုင်ရှင်တစ်ယောက်ဖြစ်တယ်။အသံတည်ငြိမ်ပြီးလေးနက်ခန့်ညားတဲ့အသံပိုင်ရှင်ဖြစ်ပါတယ်။သူ့အသံကို “ဘယ်သံ” အနုပညာလောကသတ်မှတ်ထားတယ်။
သူသီဆိုခဲ့တဲ့သီချင်းတိုင်းမှာတည်ကြည်ခန့်ငြားတဲ့သံစဉ်ရှိတယ်။သီချင်းစာသားအနက်အဓိပါယ်ကိုယ်စီရှိကြတယ်။ကိုယ်ပိုင်ဟန်ကိုယ်ပိုင်စတိုင်အပြည့်ရှိတယ်။
၁၉၇၉-၈၀ LPJ (Love Peace & Joy) တေးဂီတအဖွဲ့ပေါ်လာတော့အချို့က LPJ ကို “လဘာဂျာ” ဆိုပြီးရှုံ့ချကြတယ်။၁၉၇၉ ရန်ကင်းတိုက်သစ်လိပ်ပြာတောင်အနောက်ဘက်ကစားကွင်းမှာ LPJ တီးတော့ကွင်းအနားနေ့ကလေးထိန်းကျောင်းခေါင်းမိုးပေါ်ကတက်ကြည့်ခဲ့ဖူးတယ်။
၁၉၇၈-၇၉ ရန်ကင်းထ(၁)ကျောင်းရှေ့ကွင်းမှာတီးဝိုင်း ၂-၃ ဝိုင်းစုတီးကြတော့ LPG ပါတာမှတ်မိတယ်။သိန်းတန်(မြန်မာပြည်) ကအမြဲတမ်းအဖြူရောင်ဥရောပဝတ်စုံဝတ်လေ့ရှိတယ်။ပုံမှန်ခေါင်းငုံပြီး Lead ဂီတာတီးလေ့ရှိတယ်။
စင်ပေါ်ဂီတာတီးရင်ဟိုဟိုဒီဒီလှမ်းကြည့်တာမရှိသလောက်နည်းတယ်။ Announcer အနေနဲ့ကျေညာရင်ကြည်ကြည်လင်လင်အသံဩဇာကောင်းကောင်းနဲ့တိုတိုတုတ်တုတ်တလုံးခြင်းကျေညာလေ့ရှိတယ်။သိန်းတန်(မြန်မာပြည်)ဟာမြန်မာပြည်စတီရီယိုတေးဂီတသမိုင်းမှာမပါမဖြစ်ပါရမယ့်ရေး၊ဆို၊တီးစွယ်စုံရဂီတပညာရှင်ကြီးတဦးပါ။
“စနေထောင့်ပန်းလှူမယ်”
“မေတ္တာရေလှိုင်း”
“နေရာဟောင်း လေးမှာ”
“ရွှေမြိုင်မှာပင်နေတော့မယ်”
“ရွှေရုပ်ကလေးကောက်ရသူ”
“သောကတောင်တန်း”
အကုန်ကြိုက်တယ်။သီချင်းအများကြီးကျန်ပါသေးတယ်။မြန်မာသံစဉ်သီချင်းတွေဖြစ်တဲ့ “ရွှေသုန္ဒရီ" “မြမန်းဂီရိ” “ဗေဒါရီ ”“ငါသာစော်ဘွားဖြစ်ချင်တယ်” သီချင်းတွေကိုပထမသိပ်မကြိုက်ဘူး။နောက်မှရင်ထဲအတော်ထိခဲ့တယ်။
အသက်အရွယ်နဲ့ကြံ့ခိုင်မှုအရအဆိုတော်ကြီးအသံအရင်ကလိုမဟုတ်တာသတိပြုမိတယ်။အနုပညာကိုသံယောဇင်ကြီးလွန်းလို့သာဒီအရွယ်အထိအနုပညာလောကမှာဝင်လှုပ်ရှားနေတာထင်တယ်။
Myanmar Idol season (2) မှာ သိန်းတန်(မြန်မာပြည်) ရဲ့ “အန်ကယ်ကတော့ NO ပါကွယ် ” “ ခေသူမဟုတ်” ဆိုတဲ့အပြောလူငယ်တွေကြားခေတ်စားခဲ့တယ်။သီချင်းပြိုင်ပွဲမှာ “Yes” “No” ကိုလွယ်လွယ်မပြောတာသတိထားမိကြမှာပါ။
ဒီနေ့ခေတ်အချို့လူငယ်တွေအဆိုတော်ကြီးသမိုင်းကြောင်းကိုမသိမှီခဲ့လို့ဇဝေဇဝါဖြစ်နိုင်တာနားလည်ပါတယ်။၁၉၇၀-၂၀၀၀ လူငယ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့တဲ့အဆိုတော်ကြီးတွေထဲမှာသိန်းတန် (မြန်မာပြည်) ထိပ်ဆုံးမှာရှိနေမှာပါ။
Repost
လွင်ဦး(ရန်ကင်း)