Short Feelings သူ့အတွက် ခံစားချက်လေးများ

22/12/2025

ပိုက်ဆံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ချမ်းသာအောင်နေပါ ။

မိတ်ဆွေပေါသည်ဖြစ်စေ မပေါသည်ဖြစ်စေ မေတ္တာမပျက်အောင်နေပါ ။

ပတ်ဝန်းကျင် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ်ကောင်းအောင်နေပါ ။

အောင်မြင်မှုရသည်ဖြစ်စေ မရသည်ဖြစ်စေ ယိုင်လဲမှုမရှိအောင်နေပါ။

အပြစ်တင်ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ခွင့်လွှတ်နားလည်မှုနဲ့နေပါ။

21/12/2025

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် တချို့လူတွေဟာ ဘာလုပ်လုပ် အရာရာ အဆင်ပြေချောမွေ့နေတာကို တွေ့ရတတ်ပါတယ်။ ရေပေါရာ မိုးရွာသလို ငွေကြေးတွေဝင်၊ လုပ်ငန်းတွေတိုးချဲ့ပြီး စီးပွားတွေတိုးတက်၊ ကျန်းမာရေးတွေလည်း ကောင်းမွန်နေတတ်ပါတယ်။ ဒါမျိုးကို "ဘုန်းကံမြင့်တယ်" လို့ ခေါ်ဆိုနိုင်ပါတယ်။

ဒါပေမဲ့ တချို့ကျပြန်တော့လည်း ပြဿနာတွေ တစ်ခုပြီးတစ်ခု တန်းစီဝင်ရောက်လာတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အလုပ်အကိုင် အဆင်မပြေ၊ ကျန်းမာရေး မကောင်း၊ စီးပွားရေးတွေ ထိုးကျပြီး ငွေကုန်ပေါက်ကြီးတွေ ဖြစ်လာတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ "ဘုန်းကံနိမ့်နေပြီ" လို့ ပြောရပါလိမ့်မယ်။

ဒီလို အခက်အခဲတွေနဲ့ ကြုံလာပြီဆိုရင် ဘယ်သူတွေက ဘယ်ဆရာကောင်းတယ်ဆိုပြီး ပြေးပြီ ဗေဒင်ဆရာတွေဆီ လိုက်ကြ၊ နတ်ကတော်တွေဆီ မေးမြန်းကြရပါတယ်။ အရင်က ဘယ်တုန်းမှ မပူဇော်ဖူးတဲ့ ဘုရားကို ဝတ်ပြုပြီး စီးပွားတက်စေ၊ ချမ်းသာစေ၊ အန္တရာယ်ကင်းစေဆိုတဲ့ မန္တာန်မှန်သမျှ အလွတ်ရတဲ့အထိ ရွတ်ဆိုကြပါတယ်။ ညတိုင်းလည်း ပုတီးကိုင်ပြီး စိတ်နေကြရပါတယ်။ ဒါပေမဲ့ ကြိုးစားလုပ်နေပါလျက်နဲ့ သိပ်မထူးခြားသေးဘူးလို့ ခံစားနေရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာ ဘုန်းကံက အတော်ကို နိမ့်ကျနေပြီး အကုသိုလ်အတုံးလိုက် အတစ်လိုက် ဝင်လာနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဘာကို ပြောချင်တာလဲဆိုတော့ လူတွေဟာ အလုပ်အကိုင်လေး အဆင်ပြေနေရင်၊ ကျန်းမာရေးလေး ကောင်းနေရင်၊ လုပ်သမျှ အောင်မြင်နေရင် ဘုရား၊ တရား၊ သံဃာကိုလည်း မေ့နေတတ်ပါတယ်။ မိဘဆရာသမားတွေကိုလည်း မေ့လျော့တတ်ပြီး ဗေဒင်ဆရာ၊ နတ်ကတော်ဆိုတာ အဝေးကြီးမှာပါပဲ။ ဘယ်သူ့ကိုမှ အမှတ်တရ မရှိ၊ ကိုယ့်ကိုယ်ကိုယ်ပဲ အစွမ်းထက်တယ်လို့ ထင်နေတတ်တာမျိုးပါ။

ဒီလိုနဲ့ ရှိရင်းစွဲ ကုသိုလ်ကောင်းမှု ဘုန်းကံလေးတွေဟာ တစ်နေ့တခြား လျော့နည်းလာပါတော့တယ်။ ဘုန်းကံ နိမ့်ကျလာပြီဆိုတာနဲ့ ဘာလုပ်လုပ် အဆင်မပြေတော့ဘဲ အခက်အခဲတွေ ဆက်တိုက်ကြုံရပါတော့တယ်။ အဲ့ဒီကျမှ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ဗေဒင်ဆရာ အကုန် သတိရပြီး ပြေးလွှားပူဇော်၊ မေးမြန်းကြရပါတော့တယ်။ ဒါပေမဲ့ ဒီလို သတိရပြီးမှ လုပ်ဆောင်ရတာဟာ အရာရာ နောက်ကျနေပြီဖြစ်ပြီး ဗေဒင်ဆရာတွေလည်း မကယ်နိုင်၊ ဘုရားလည်း မကယ်နိုင်၊ မန္တာန်တွေလည်း အစွမ်းမထက်နိုင်တော့ဘဲ လိုက်မမီတော့တာမျိုး ကြုံရတတ်ပါတယ်။ မိမိ ကုသိုလ်လျော့ရင် လျော့သလောက် ခံဖို့သာ ပြင်ဆင်ရတော့မှာပါ။

ဒါဆိုရင် အခက်အခဲတွေနဲ့ ကင်းဝေးပြီး ငြိမ်းချမ်းတဲ့ ဘဝကို ဘယ်လို တည်ဆောက်မလဲ။ ဘဝမှာ ကြီးကြီးမားမား ပြဿနာမရှိ၊ အေးချမ်းစွာ နေထိုင်နိုင်သူတွေဟာ နေ့စဉ် ကုသိုလ်ကောင်းမှုတစ်ခုခုကို စိတ်ပါလက်ပါ မပျက်မကွက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ပြောချင်တာကတော့ ဘဝမှာ အခက်အခဲဖြစ်မှ အကူအညီတောင်းခံတာထက် အခက်အခဲမဖြစ်ခင် ကြိုတင်ပြင်ဆင်ပြီး မေးမြန်းရပါလိမ့်မယ်။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး၊ ဘာတွေ ဆောင်ရမယ်၊ ဘာတွေ ရှောင်ရမယ်ဆိုတာကို တတ်ကျွမ်းနားလည်တဲ့ ဆရာသမားတွေဆီက ကြိုတင် အကြံဉာဏ်တွေ ရယူထားသင့်ပါတယ်။ နေ့စဉ် ပုတီးစိပ်ခြင်း၊ ဒါမှမဟုတ် စိတ်အေးချမ်းသာယာအောင် အနည်းဆုံး ၁၅ မိနစ်ခန့် တရားထိုင်ခြင်းစတဲ့ ကုသိုလ်ကောင်းမှုတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

တကယ်လို့ ဒီလို အမြဲတမ်း မပျက်မကွက် လုပ်ဆောင်ပါလျက်နဲ့ ပြဿနာတွေ ပေါင်းစုံ တက်နေသေးတယ်ဆိုရင်လည်း စိတ်မပျက်ပါနဲ့။ “အိုးတစ်လုံးထဲ ရေတစ်စက်ချင်း ချရင် ပြည့်နိုင်ပါတယ်” ဆိုသလို သင်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေဟာ တစ်နေ့တော့ ပြည့်ဝလာပြီး သင့်အတွက် ကောင်းကျိုးတွေ ပြန်လည် ဆောင်ကြဉ်းပေးမှာ အမှန်ပါပဲ။

ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တချို့ မိသားစုလေးတွေဆိုရင် အလွန်အမင်း ချမ်းသာကြွယ်ဝတာမျိုး မဟုတ်ပေမဲ့ ဘဝမှာ နေနိုင် ထိုင်နိုင် စားနိုင် သောက်နိုင်ရုံမျှနဲ့ သိပ်ကို အေးအေးချမ်းချမ်း နေထိုင်ကြရပါတယ်။ ညစဉ်အတူတူ ဝတ်ပြုရွတ်ဖတ်ကြ၊ တရားထိုင်ကြ၊ မနက်ဆို ဆွမ်းတော်ကပ်ကြနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ဖြတ်သန်းကြတာကို တွေ့ရပါတယ်။ ဒါဟာ ဘဝမှာ ငွေရှိတိုင်း ချမ်းသာတာ မဟုတ်ဘဲ၊ နေတတ်ထိုင်တတ် စားတတ်သောက်တတ်ဖို့၊ အေးချမ်းစွာ ဖြတ်သန်းတတ်ဖို့ပဲ လိုတယ်ဆိုတာကို ပြသနေတာပါပဲ။

အဓိက ပြောချင်တဲ့ အချက်ကတော့ မိမိ ဘာလုပ်လုပ် အောင်မြင်နေတယ်ဆိုပြီး အောက်ခြေလွတ် မနေပါနဲ့။ မိမိ ဘုန်းကံ မြင့်သထက် မြင့်နေအောင် ကုသိုလ်အရှိန်တွေနဲ့ မြှင့်တင်ကြပါ။

နောက်ပြီး ဘဝမှာ ငါဘာလုပ်လုပ် အဆင်ပြေတယ်၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး၊ ဘယ်သူ့မှ လူမထင်ဘူးဆိုတဲ့ မာန်မာနတွေ မထားပါနဲ့။ မိမိ အပေါင်းအသင်း၊ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်တွေကိုလည်း တတ်နိုင်သလောက် ကူညီပါ။

တတ်နိုင်သမျှ မိမိတက်သလောက် ကုသိုလ်တရားတွေ ဖြစ်စေမယ့် ဂါထာမန္တာန်တွေ ရွတ်ဖတ်ပါ၊ အဓိဋ္ဌာန်ဝင်ပါ။ စီးပွားရေး အဆင်ပြေနေလို့၊ ကျန်းမာရေး အဆင်ပြေနေလို့ ဒါတွေကို မေ့မထားပါနဲ့။ နောင်သင့်ဘုန်းကံ နိမ့်ပါးလာရင် လိုက်မမှီတော့မှာ စိုးရိမ်ရပါတယ်။ မိဘ၊ ဆရာသမားတွေ ရှိရင်လည်း ပြစ်မထားပါနဲ့။ ဘုရား၊ တရား၊ သံဃာကို ဘယ်တော့မှ မမေ့ပါနဲ့လို့ တိုက်တွန်းပြောကြားလိုပါတယ်။

06/11/2025
08/10/2025
05/10/2025
03/10/2025
01/10/2025
အဆီပြန်တာကနေ လုံးဝကင်းဝေးပြီး ကြည်လင်တဲ့မျက်နှာလေး ပိုင်ဆိုင်ချင်လား? 💧 ဒီအချက် (၃) ချက်ကိုသာ လိုက်နာလိုက်! 💖
30/09/2025

အဆီပြန်တာကနေ လုံးဝကင်းဝေးပြီး ကြည်လင်တဲ့မျက်နှာလေး ပိုင်ဆိုင်ချင်လား? 💧 ဒီအချက် (၃) ချက်ကိုသာ လိုက်နာလိုက်! 💖

မျက်နှာအဆီပြန်ခြင်းကြောင့် စိတ်ညစ်နေရသူတိုင်းအတွက် မဖြစ်မနေသိထားသင့်တဲ့ အသားအရေထိန်းသိမ်းနည်းလမ်းကောင်းများ

နွေရာသီပဲဖြစ်ဖြစ်၊ ရာသီဥတုအနည်းငယ်ပူလာတာနဲ့ မျက်နှာပြင်မှာ အဆီပြန်ပြီး ပြန်လင်းနေတာမျိုး၊ မိတ်ကပ်တွေပျက်ပြီး ကြည့်မကောင်းဖြစ်ရတာမျိုး၊ အဆီကြောင့် ဝက်ခြံတွေထွက်လာတာမျိုးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံဖူးကြမှာပါ။

မျက်နှာအဆီပြန်တာဟာ လူအများစုမှာ ဖြစ်လေ့ရှိတဲ့ အသားအရေပြဿနာတစ်ခုဆိုပေမယ့် မှန်ကန်တဲ့ ထိန်းသိမ်းမှုပုံစံလေးတွေနဲ့ဆိုရင် သက်သာပျောက်ကင်းအောင် ပြုလုပ်လို့ရပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ မျက်နှာအဆီပြန်ခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ မှန်ကန်စွာ အစိုဓာတ်ဖြည့်ပေးပါ

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာ Moisturizer လိမ်းဖို့ မေ့လျော့တတ်ကြပါတယ်။ တကယ်တော့ အဆီပြန်တဲ့အသားအရေဟာလည်း အစိုဓာတ်လိုအပ်ပါတယ်။

အစိုဓာတ်မလုံလောက်တဲ့အခါ အသားအရေက လိုအပ်တဲ့အစိုဓာတ်ကို ဖြည့်တင်းဖို့အတွက် အဆီပိုထုတ်လုပ်တတ်တာကြောင့် ပိုပြီးအဆီပြန်တတ်ပါတယ်။

ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း အဆီပါဝင်မှုနည်းတဲ့၊ ဂျယ်လ်အမျိုးအစား (Oil-free/Non-comedogenic) Moisturizer မျိုးကို ပါးပါးလေးလိမ်းပေးဖို့ အရေးကြီးပါတယ်။ အများကြီးလိမ်းတာကတော့ အဆီပြန်တာကို ပိုဆိုးစေနိုင်ပါတယ်။

၂။ Clay Mask လေးတွေကပ်ပါ

ရွှံ့စေး (Clay) နဲ့ပြုလုပ်ထားတဲ့ မျက်နှာပေါင်းတင် Mask တွေဟာ မျက်နှာပေါ်က ပိုလျှံနေတဲ့အဆီတွေကို စုပ်ယူပေးပြီး ချွေးပေါက်အတွင်းက အညစ်အကြေး၊ မကောင်းတဲ့ဆဲလ်တွေနဲ့ အမဲစက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

ဒါကြောင့် တစ်ပတ်ကို (၁) ကြိမ်မှ (၂) ကြိမ်ခန့် Clay Mask ကပ်ပေးသင့်ပါတယ်။ Mask ကပ်တဲ့အခါ အချိန်ကြာကြာထားတာမျိုး၊ ကပ်ပြီးအိပ်တာမျိုးတော့ ရှောင်သင့်ပါတယ်။ ၁၅ မိနစ်မှ မိနစ် ၂၀ လောက်သာ ထားပြီး ရေဆေးချတာက အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။

၃။ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ

အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မျက်နှာသစ်ဆေး ရွေးချယ်မှုက အထူးအရေးကြီးပါတယ်။

ဆပ်ပြာပြင်းတဲ့ မျက်နှာသစ်ဆေးတွေ၊ သာမန်ဆပ်ပြာတုံးတွေနဲ့ မျက်နှာသစ်တာမျိုးက သင့်မျက်နှာပေါ်က သဘာဝအဆီဓာတ်တွေကို လွန်ကဲစွာ ဖယ်ရှားလိုက်တာကြောင့် အသားအရေက ပြန်လည်ပြီး အဆီပိုထုတ်လုပ်စေကာ ပိုပြီးအဆီပြန်တတ်ပါတယ်။

ဒါကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့၊ ချွေးပေါက်ပိတ်ဆို့မှုကို သက်သာစေတဲ့၊ Sulfate-free အမျိုးအစား မျက်နှာသစ်ဆေး (Oil-control cleanser) မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

ဒီနည်းလမ်းလေးတွေကို ပုံမှန်လိုက်နာမယ်ဆိုရင် မျက်နှာအဆီပြန်တဲ့ ပြဿနာကနေ ကင်းဝေးပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်

30/09/2025
30/09/2025

ที่อยู่

Maha Chai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Short Feelingsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์