T-sean Zambia

T-sean Zambia
| Musician | Producer | Performer

ဆိုင်ချက်အရသာ တုံယမ်းဟင်းချိုချဥ်ချဥ်စပ်စပ်လေးအိမ်မှာကိုယ်တိုင်ချက်စားလိုသူများအတွက် 💛ကြက်သား/ဝက်သားပြုတ်ရည်ထဲသို့ ရှောက...
01/03/2024

ဆိုင်ချက်အရသာ တုံယမ်းဟင်းချိုချဥ်ချဥ်စပ်စပ်လေး
အိမ်မှာကိုယ်တိုင်ချက်စားလိုသူများအတွက် 💛
ကြက်သား/ဝက်သားပြုတ်ရည်ထဲသို့ ရှောက်ရွက် စပါးလင်
တုံယမ်းအနှစ် ဆား သကြားဂျင်း+ကြက်သွန်နီ+ကြက်သွန်ဖြူ အခွံခွာပြီးအတုံးလိုက်ထည့်ပြုတ်ပါ ဟင်းရည်ဆူပွက်လာရင်နို့စိမ်းထည့်ပါ စားလိုသောအသား ငါး ပင်လယ်စာထည့်ပါ အသားကျက်ရင် အသီးနှံများထည့်ပါ ပီနံငရုတ်သီးထက်ခြမ်းခွဲထည့်ပါ ရှမ်းနံနံ/နံနံပင်အုပ်ပါ သံပုရာရည်ညှစ်ထည့်လိုက်ပါ ☺
ဒါဆိုစားမြိန်စေမယ့် တုံယမ်းချဥ်စပ်ဟင်းရည်လေးရပါပြီနော်
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

 #နံက်ခင်းစာ မြေအိုးမြီးရှည် ပြုလုပ်နည်း😋😋ပါ၀င်သောပစ္စည်းများ=============၁။ ကြက်သား - ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိ...
01/03/2024

#နံက်ခင်းစာ မြေအိုးမြီးရှည် ပြုလုပ်နည်း😋😋

ပါ၀င်သောပစ္စည်းများ
=============

၁။ ကြက်သား - ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု
၂။ ကြက်အူချောင်း - ၁ ချောင်း
၃။ ငုံးဥ - ၄ လုံး
၄။ ကိုက်လန် - ၁ ချောင်း
၅။ ပါးပါးလှီးထားသော မုန်လာဥနီ - အနည်းငယ်
၆။ မုန်ညှင်းဖြူ - အနည်းငယ်
၇။ ပန်းမုန်လာ - အနည်းငယ်
၈။ အစိမှးေ၇ာငပှနှးမုနလှာ - အနညှးငယှ
၉။ ကျောက်ပွင့် - အနည်းငယ်
၁၀။ ကြွက်နားရွက် (ကျောက်ပွင့်အမည်း) - အနည်းငယ်
၁၁။ အသားတု - ၂လုံး
၁၂။ မြီးရှည်အခြောက်ဖတ် - လက်တဆုပ်စာ
၁၃။ အဖြူရောင် အပြားခေါက်ဆွဲဖတ် - ၄ ပြား (မထည့်လဲရ)
၁၄။ ပဲပြားခြောက် - အနည်းငယ်
၁၅။ ပဲပြား - အတုံးသေး ၄ တုံး (ပုံထဲမှာမပါ။)
၁၆။ ဆား - အနည်းငယ်
၁၇။ အချိုမှုန့်(သို့) သကြား - အနည်းငယ်
၁၈။ ပဲငပိ အစပ် - ထမင်းစားဇွန်း ၂ ဇွန်း
၁၉။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် - ထမင်းစားဇွန်း ၂ ဇွန်း
၂၀။ ဟွာကျောင်းအမှုန့်- အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။ ထည့်ရင်အနံ ့ပိုမွှေးပါတယ်။)
၂၁။ ငရုတ်ကောင်း - အနည်းငယ်

ပြုလုပ်နည်း
=======

၁။ ကြက်ရင်အုပ် နှင့် လည်ချောင်းရိုးများကို ဆား၊အချိုမှုန့် (သို့) သကြား အနည်းငယ်ထည့် ရေ ၄ ခွက်ထည့်ရ်ျ မိနစ် ၂၀ ခန့်ပြုတ်ပါ။
၂။ ပြီးလျှင် ရင်အုပ်မှ အသားများကို နွှာရ်ျ အတုံးအသေးလေးတွေတုံးထားပါ။ ရငျအုပျမှအ၇ိုးကို ကြက်ပြုတ်ရည်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။ ကြက်ပြုတ်ရည်အိုးတွင် ရေနည်းသွားလျှင် ရေပြန်ပြန်ဖြည့်ပေးပါ။
၃။ မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြွက်နားရွက်၊ အသားတုတို့ကို အနည်းဆုံး ၁ နာရီ ခန့်ရေစိမ်ထားပါ။
၄။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေလှီးထားပါ။
၅။ မြေအိုးမြီးရှည်ပြင်ဆင်နည်း
- မြေအိုးကို မီးဖိုပေါ်တင်ရ်ျ အပူပေးပါ။ ပဲငပိအစပ်ကို ထည့်ပါ။ ထို့နောက် အတုံးအသေးလေးတွေတုံးထားသော ကြက်သားကို ထည့်ပြီး ပဲငပိနှင့် သမအောင်မွှေပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်ပါ။
- ထို့နောက် ကြက်ပြုတ်ရည်ကို မြေအိုးရဲ ့တ ၀ကျကြောျကြောျလောကျ အထိထည့်ပါ။ ဟွာကျောင်းနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပါ။ ရေစိမ်ထားသော အရာများကို ထည့်ပြုတ်ပါ။ ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
- ပြီးလျှင် ပဲပြား၊ လှီးထားသော အသီးအ၇ှကျမြား၊ ငုံးဥတို့ကို ထည့်ရ်ျ နောက်ထပ် ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
၆။ ထို့နောက်မီးဖိုပေါ်မှချရ်ျ ပူပူနွေးနွေး မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပါပြီ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

ဒီညနေတော့ ... ဝက်သုံးထပ်သား ငံပြာရည်ကြော်လေး ကြော်စားT😋😋😋ဝက်သားငံပြာရည်ကြော်...............................ဝက်သားသုံးထပ်...
01/03/2024

ဒီညနေတော့ ... ဝက်သုံးထပ်သား ငံပြာရည်ကြော်လေး ကြော်စားT😋😋😋
ဝက်သားငံပြာရည်ကြော်...............................
ဝက်သားသုံးထပ်သား ၅၀ကျပ်သား
ဆီ
ရှမ်းပဲငံပြာရည် စတီးဇွန်း တစ်ဇွန်း
ခရု့ဆီ စတီးဇွန်း နှစ်ဇွန်း
သကြား တစ်ဇွန်း
အသားမှုန့်. အနည်းငယ်
ငရုပ်သီး ခွဲခြမ်းဖက် တစ်ဆယ်သား
မြိတ်ငံပြာရည်ချိူ စတီးဇွန်းတစ်ဇွန်း
ကြက်သွန်နီ ငါးလုံး
ကြက်သွန်ဖြူ ဥကြီးလေးမွှာ
ဝက်သားကို အနေတော်တုံးပြီး ရေစင်စင်ဆေး စစ်ထားပြီး ရေစစ်သွားရင် ... ရှမ်းပဲငံပြာရည် ... ခရု့ဆီ... သကြား အသားမှုန့်တို့နဲ့ ရောနယ်ပြီး ဆယ်ငါးမိနစ်လောက်နှပ်ထား ပေးပါ ...။
ဆီဆူလာအောင်တည်ပြီး ဆီပူလာပြီဆိုရင် နှပ်ထားတဲ့ဝက်သားက်ို ထည့်ပြီး မွှေ နှံအောင်မွှေပြီးတာနဲ့ အဖုံးအုပ်ထားပေးပါ ဝက်သားထဲကရေတွေထွက်ပြီး ဆီကျန်သည်အထိ ခြောက်အောင်ကြော်ထား ... ကျက်ရင်ဆယ်ယူပြီးဆီစစ်ထား
ကြက်သွန်အနီ အဖြူ ကို ထောင်းပြီး ခုနပိုတဲ့ ဆီနဲ့ ကြက်သွန်ကျတ်သည်အထိဆီသတ် ခြွဲခမ်းဖက်ထည့် မြိတ်ငံပြာရည်အချိူ ထည့် အသားမှုန့်ထည့် ခွဲခြမ်း အစိမ်းနံပျောက်ပြီး အနံ့မွှေးလာပြီဆိုရင် ကြော်ပြီးဆီစစ်ထားတဲ့ ဝက်သားကိုထည့် ပြီးရောကြော် ပြီးရင် ... အနံအရသာ ကောင်းတဲ့ ဝက်သားငံပြာရည်ကြော် ... စားလို့ရပီလေ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

" ချဉ်ပေါင်ကြော် "😋😋😋ကျနော်တို့လူမျိုးတွေရဲ့အကြိုက်ဆုံးဟင်း 😊ချဉ်ပေါင်ကြော် ကိုဘယ်ချိန်စားစားကြိုက်နှစ်သက်ကြပါတယ်ကြော်မယ...
28/02/2024

" ချဉ်ပေါင်ကြော် "
😋😋😋
ကျနော်တို့လူမျိုးတွေရဲ့အကြိုက်ဆုံးဟင်း 😊

ချဉ်ပေါင်ကြော် ကိုဘယ်ချိန်စားစားကြိုက်နှစ်သက်ကြပါတယ်
ကြော်မယ်ဆိုလည်း
ကြော်နည်းအမျိုးမျိုးရှိကြပါတယ်
တစ်ချို့ကအစိမ်းအတိုင်းထည့်ကြော်ပါတယ်
တစ်ချို့ကတော့ချဉ်ပေါင်ရွက်ကိုမွှေ
ထွက်လာတဲ့အချဉ်ရည်တွေဖယ်ပြီးမှပြန်ကြော်ပါတယ်
(ဒါကတော့အချဉ်သိပ်မများတော့ဘူးပေါ့)
ချဉ်ပေါင်ရွက် ကို နေလှန်းပြီးမှ
ခြောက်ခြောက်လေးပြန်ကြော်တာလည်းတွေ့ရပါတယ်

ကျနော်ကအချဉ်ကြိုက်သူမို့
အစိမ်းအရွက်တိုင်းရေဆေးပြီးထည့်ကြော်ပါတယ်

ကြော်နည်းလေးရေးပေးပါမယ်
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး တို့ကို
ညက်အောင်ထောင်းပြီး နနွင်းမှုန့် အနည်းငယ်နဲ့ဆီသပ်ပါ
(ဆီများများနဲ့ကြော်ပါ
ကြော်ပြီးမှမလိုတဲ့ဆီတွေပြန်ခပ်ထုတ်ပါ)
ကြက်သွန်တွေနွမ်းပြီဆို
စိမျးစားငပျိထညျ့ကွောျပါ
ပုစွန်ခြောက်နဲ့ကြော်မယ်ဆိုပုစွန်ခြောက်ထည့်
ပုစွန်နဲ့ကြော်မယ်ဆိုပုစွန်ထည့်ပါ
ကြော်နံ့မွှေးလာရင် မျှစ်ထည့်ကြော်ပါ
ချဉ်ပေါင်ရွက် တွေထည့်ပါ
အဆက်မပြတ်မွှေရင်းကြော်ပါ
ချဉ်ပေါင်ရွက် ကအရည်တွေထွက်လာပါလိမ့်မယ်
ရေကုန်ပြီးဆီပြန်တဲ့ထိကြော်ပါ
အချိုအငန်အရသာထည့်ပါ
နောက်ဆုံးမှ
နံနံပင်၊ နဲ့ ငရုတ်သီးစိမ်း အုပ်ပါတယ်
စပ်တာကြိုက်ရင်တော့
ငရုတ်သီးစိမ်းများများထောင်းထည့်ကြော်လို့ရပါတယ်
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

မှို/သီးရွက်စုံကြော်——————-ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီးတစ်လုံး ငြုပ်သီးစိမ်းအားလုံးဆီသတ်ပါ မွှေးလာရင် မှိုနဲ့ကိုယ်နှစ်သက်...
28/02/2024

မှို/သီးရွက်စုံကြော်
——————-
ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီးတစ်လုံး ငြုပ်သီးစိမ်း
အားလုံးဆီသတ်ပါ မွှေးလာရင် မှိုနဲ့ကိုယ်နှစ်သက်ရာ
အသီးရွက်များထည့်ပါ ငါးငံပြာရည် နည်းနည်းထည့်ပါ
နှစ်သက်ရာအချိုမှုန့်ထည့်ပါ ရေအနည်းငယ်ထည့်ပြီးလုံးပေးပါ
အသီးရွက်တွေနွမ်းရင် အရသာမြည်းပြီး အငံလိုပါက ဆားထည့်ပါ ရပါပြီ
ဆူးပုပ်ရွက်နဲ့ပင်စိမ်းပါရင် ပိုမွှေးပြီးပိုစားကောင်းပါတယ်
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

ဗုံလုံသီးဝက်သားအစာသွပ်ဝက်သားအစာသွပ်ဆိုတိုင်း ဝက်သားနုပ်နုပ်စင်းပြီးဗုံလုံသီးထဲထည့်ချက်တာမျိုးမဟုတ်ပါဘူးနော်ဝက်သားကို တဆင...
28/02/2024

ဗုံလုံသီးဝက်သားအစာသွပ်

ဝက်သားအစာသွပ်ဆိုတိုင်း ဝက်သားနုပ်နုပ်စင်းပြီး
ဗုံလုံသီးထဲထည့်ချက်တာမျိုးမဟုတ်ပါဘူးနော်
ဝက်သားကို တဆင့်ချင်းအရသာသွင်းပြီးမှ
ဗုံလုံသီးထဲအစာသွပ် နူးနူးအိအိလေးဖြစ်အောင်
ချက်ထားတာမို့ ကလေး၊လူကြီး အားလုံးခံတွင်းတွေ့စေမှာပါ
ဝက်သားကိုလည်း နူးအိစေးထုပ်နေအောင်
နုပ်နုပ်စင်း အသားလုံးထားတာမို့ အရသာကတော့
ညွှန်းစရာမလိုအောင် ရှယ်ဘဲနော်

အိမ်ချက်အရသာကိုမှ စိတ်ရှည်အရသာကောင်းစားချင်ရင်တော့
အဲ့လိုလေး ချက်စားကြည့်ကြဖို့ အကြံပြုပါရစေ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

ါးရံ့ နဲ့ ဒန့်ဒလွန်သီး မီးဖုတ်ဟင်း*****************************ဒန့်ဒလွန်သီးကိုပျော့လာအောင် မီးဖုတ်ပီးအတွင်းသားတွေကို ဇွန...
27/02/2024

ါးရံ့ နဲ့ ဒန့်ဒလွန်သီး မီးဖုတ်ဟင်း
*****************************
ဒန့်ဒလွန်သီးကိုပျော့လာအောင် မီးဖုတ်ပီး
အတွင်းသားတွေကို ဇွန်းနဲ့ခြစ်ထားပါ။

ငါးရံ့ကို အကြေးခွံချွတ်,ဆားကြမ်းနဲ့ အချွဲတွေပြောင်အောင်ပွတ်ဆေးပီး
အတုံးတုံး, ဆား,သကြား,နနွင်း,ဟင်းခပ်မှုန့်,
မဆလာ နဲနဲ နဲ့ နယ်ထားပေးပါ။

ကြက်သွန်ဖြူ/နီ,ငရုတ်သီးအစိမ်းမှုန့် ကို ရွနေအောင်ဆီသတ်ပီး
ငါးရံ့,ခရမ်းချဉ်သီးကွင်း ထည့်ပီး မွှေပေးပါ။
မကျီးရည်နဲ့ ရေနွေးပူပူကို ရေမြုပ်ရုံ ထည့်ပါ။

ရေဗွမ်းဗွမ်းဆူရင်
ဒန့်ဒလွန်သီး, ရှမ်းနံနံ,နံနံပင်,ငရုတ်သီးစိမ်းထည့်ပါ။

ငါးကျက်တဲ့အခါ အပေါ့,အငံ,အချို,အချဉ်မြည်းပီး
ဆီပျံ ရေကျန်လေးမှာ အိုးချစားသုံးနိုင်ပါပြီ။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

အချဥ်ဟင်း*************ကြက်သွန်ဖြူ/နီ ငရုတ်သီး အစိမ်းမှုန့်ဆီသတ်ပြီး ရွလာခါနီးရင်ဒန့်ဒလွန်သီး, ဗူးသီး, အာလူးထည့်မွှေပါ။အရ...
27/02/2024

အချဥ်ဟင်း
*************
ကြက်သွန်ဖြူ/နီ ငရုတ်သီး အစိမ်းမှုန့်ဆီသတ်ပြီး ရွလာခါနီးရင်
ဒန့်ဒလွန်သီး, ဗူးသီး, အာလူးထည့်မွှေပါ။
အရသာမှုန့်, ဆား , ငံပြာရည် ထည့်ပါ။
အဖုံးအုပ်ပြီး တည်ထားပါ။
ဗူးသီး နူးခါနီးမှာ ခရမ်းသီး, ပန်းဂေါ်ဖီ ထည့်ပါ။
အသီးအနှံတွေနူးရင် မကျည်းရည်ထည့်ပါ။
ငရုတ်တောင့်ရှည်လေး ထည့်ပါ။
ရုံးပတီသီး, နံနံပင်ထည့်မွှေပြီးရင် အိုးချလို့ရပါပြီ။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

ဒန်ဒလွန်သီးဟင်း****************ကြက်သွန်ဖြူ/နီ ငရုတ်သီး အစိမ်းမှုန့်ဆီသတ်ပြီး ရွလာခါနီးရင်ကြိတ်ထားတဲ့ ခရမ်းချဥ်သီးကို ဆီသ...
27/02/2024

ဒန်ဒလွန်သီးဟင်း
****************
ကြက်သွန်ဖြူ/နီ ငရုတ်သီး အစိမ်းမှုန့်ဆီသတ်ပြီး ရွလာခါနီးရင်
ကြိတ်ထားတဲ့ ခရမ်းချဥ်သီးကို ဆီသတ်ပါ။
ဒန့်ဒလွန်သီး ထည့်မွှေပါ။
အရသာမှုန့်, ဆား , ငံပြာရည် ထည့်ပါ။
အဖုံးအုပ်ပြီး တည်ထားပါ။
ဒန်ဒလွန်သီးနူးတဲ့အခါမှာ
ငရုတ်တောင့်ရှည်လေးတွေ ထည့်ပါ။
နံနံပင်အုပ်ပြီးရင် အိုးချလို့ရပါပြီ။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

ါးဥ မဆလာ ချဉ်စပ်=============ပါဝင်ပစ္စည်းများ- ငါးဥ (နှစ်သက်ရာ) - ၄၀ သား- ကြက်သွန်နီ ကြီးကြီး - ၄ လုံး- ခရမ်းချဉ်သီး - ၁...
26/02/2024

ါးဥ မဆလာ ချဉ်စပ်
=============
ပါဝင်ပစ္စည်းများ

- ငါးဥ (နှစ်သက်ရာ) - ၄၀ သား
- ကြက်သွန်နီ ကြီးကြီး - ၄ လုံး
- ခရမ်းချဉ်သီး - ၁ လုံး
- ငရုတ်သီး (အာဝါးသီး) - ၂ တောင့်
- နံနံပင် - ၁ စည်း
- ရှမ်းနံနံ - ၁ စည်း
- မဆလာ - ၁ ဇွန်း (လက်ဖက်ရည် ဇွန်း)
- ဆား/နနွင်း/အရောင်တင်မှုန့်/ရေ - အနည်းငယ်
- ချင်း - ၁ တက်
- ဆီ - ၁၀ သား
- ကြက်သွန်ဖြူ - ၅ မွှာ

Ok ...စမယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံးလုပ်ရမှာက အိုး တစ်လုံးထဲမှာ ငါးဥတွေကို အတုံးလိုက် အရင်ပြုတ်ရပါမယ်။ အဲဒါမှ အကြောတင်းသွားမှာမို့ဗျ။ ပြုတ်တဲ့အခါ ချင်းကို ထုထောင်းပြီး ထည့်ရပါမယ်။ ပြီး ဆား နည်းနည်း နဲ့ နနွင်း လက်ဖက်ရည် ဇွန်း ၁ ဇွန်း ထည့်ပြုတ်ရမယ်ခင်ဗျ။ ပြီး ၁၅ မိနစ်လောက်ပြုတ်ပြီးရင် ဓားပါးပါးလေးနဲ့ ထိုးကြည့်။ အကြောမာပြီး ကျက်သွားပြီဆိုရင် အိုးထဲကနေ ဆယ်ပြီး အနေတော် အတုံးလေးတွေ လှီးထားလိုက်ဗျို့။
ပြီးရင် ဆီ ထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ကိုထည့်ပါ။ ဆား/နနွင်း/အရောင်တင်မှုန့် လိုသလိုထည့်ပါ။ အနံ့လေးမွှေးပြီး အရောင်လေးလှလာပြီဆို ပြုတ်ထားတဲ့ ငါးဥတွေကို ထည့်ချက်ပါ။ ရေ နို့ဆီဗူး ၁ ဗူးလောက်ထည့်ပြီး နှံ့အောင်မွှေ လို့ ဆက်ချက်ဗျ။ ဆီပြန်ခါနီးပြီဆိုမှ နုပ်နုပ်လေးတွေ လှီးထားတဲ့ နံနံပင်၊ ငရုတ်သီး၊ ရှမ်းနံနံ တွေထည့်ပြီး နှံ့အောင်မွှေ။ နှံ့သွားပြီဆိုမှ မဆလာ လေးဖြူးလိုက်။
ငါးဥ မဆလာ ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးကို ခံတွင်းတွေ့ပါလိမ့်မယ်လေ။ ဝါးလိုက်တိုင်း အိကျိ..အိကျိ လေးက ဖြစ်နေလိုက်သေး
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

Address

Lusaka

Website

Alerts

Be the first to know and let us send you an email when T-sean Zambia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category