Mate Phat - Digital Solutions

Mate Phat - Digital Solutions Rise with us!

စီးပွါးရေးလုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း  🤩 10%OFF 🤩ခုလို online ခေတ်မှာ ကိုယ့် product/service တွေကို online ကနေ...
21/08/2023

စီးပွါးရေးလုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း
🤩 10%OFF 🤩

ခုလို online ခေတ်မှာ ကိုယ့် product/service တွေကို online ကနေ ရောင်းချင်တယ်၊ဝန်ဆောင်မှုပေးချင်တယ်။ဒါပေမယ့် ဘယ်လို brand တည်ဆောက်ရမယ်၊ ဘယ်လို online Marketing လုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေပါသလား ❓

Boosting တွေသုံးပေမယ့် ရောင်းအားကတက်မလားဘူးဖြစ်နေပါသလား ❓

ဘယ်လို content/design တေွနဲ့ Customer တွေကိုဆွဲဆောင်ရမယ်ဆိုတာမသိပဲဖြစ်နေပါသလား ❓

Strategy တွေဖန်တီးပြီး လစဥ◌် Post တွေတင်ဖို့ ခက်ခဲနေပါသလား ❓

ဒီလို အခက်တွေ့နေတဲ့ လုပ်ငန်းရှင်များအတွက် “မိတ်ဖက်” က လှည့်ကြည့်စရာမလိုတဲ့ Digital Marketing team တစ်ခုအနေနဲ့ Digital Marketing Service အကုန်ကို တစ်နေရာတည်း အကောင်းမွန်ဆုံး Service ပေးနေပါပြီ။

ဘယ်လို service တွေလဲဆိုတော့

ℹ Online Marketing မစတင်ရသေးတဲ့ လုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုရဲ့ အရေးအကြီးဆုံးbrand logo ကစတင်လို့ page create၊ page like run ပေးတဲ့ Service

ℹ Customer တွေကိုဆွဲဆောင်ဖို့နဲ့ ကိုယ့် product ကိုစျေးကွက်ထဲမှာ competitor တွေထက်ထူးခြားပြီးထိုးဖောက်နိုင်ဖို့ content/designs Service

ℹ ရောင်းအားကို ဆထက်တိုးပေးမယ့် Boosting Service

ဒီ service တွေကိုတစ်ခုခြင်းစီ (သို့မဟုတ်) ၁လစာ/ ၆လစာ package အလိုက် ရယူနိုင်မယ့် အပြင် ဒါတွေမလိုသေးဘူး ဆိုရင်လည်း

- ကိုယ့်ရဲ့ လုပ်ငန်းနဲ့ကိုက်ညီမယ့် digital -marketing strategy ကဘာဖြစ်မလဲ
- ကိုယ့်လုပ်ငန်းမှာ ဘာတွေလိုအပ်နေမလဲ
- Online Marketing ဘာတွေဆက်လုပ်ရမယ်
- Budget ဘယ်လောက်ထားပြီး results ကိုဘယ်လိုတိုင်းတာမယ်
- Brand Positioning ဘယ်လိုယူရမယ်
- Branding ဘယ်လိုဖောက်ရမယ်၊
- Campaign, promotion တွေ ဘယ်လိုဆောင်ရွက်ရမလဲ
စတဲ့ Digital Marketing ဆိုင်ရာ အကြံဥာဏ် အားလုံးအတွက် consulting လဲလုပ်ဆောင်ပေးမယ့် service ရှိနေပါပြီ။

ဒီ Service တွေကို September လကုန်အထိ 10% Discount လဲရှိနေတော့ အခုပဲ page chat box မှာ ဆွေးနွေးတိုင်ပင်ရယူလိုက်ပါ။

ဒေါ်လာစျေး 4000 ကျပ်မှာ လုပ်ငန်းတွေအနေနဲ့ Digital Marketing ဘယ်လိုလုပ်မလဲ မြင့်မားလာတဲ့ ဒေါ်လာစျေးတွေနဲ့အတူ ကြော်ငြာတွေပ...
19/08/2023

ဒေါ်လာစျေး 4000 ကျပ်မှာ လုပ်ငန်းတွေအနေနဲ့ Digital Marketing ဘယ်လိုလုပ်မလဲ

မြင့်မားလာတဲ့ ဒေါ်လာစျေးတွေနဲ့အတူ ကြော်ငြာတွေပြုလုပ်တဲ့အခါမှာ အရင်ကလောက် ရောင်းအားမကောင်းတော့တာ၊ customer မရတော့တာတွေဟာ ခုဆို businesses တွေမှာကြုံတွေ့နေရပါပြီ။

ဒါဆိုရင် business တွေအနေနဲ့ ရေရှည်အဆင်ပြေဖို့ ကြော်ငြာ သုံးအားနဲသွားရင်တောင် ရောင်းအားငြိမ်နေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကိုသိရှိဖို့လိုလာပြီဖြစ်ပါတယ်။ ကြော်ငြာပဲအားကိုးမနေရပဲ ရေရှည်လဲ အဆင်ပြေအောင် “မိတ်ဖက်” ကအကြံပေးသွားပါ့မယ်။

ℹ️ Brand ကိုစတင်တည်ဆောက်ပါ။

ကျတော်တို့ ပုံမှန်ဆိုရင် ရောင်းအားအတွက်ပဲ budget ထားပေမယ့်၊ branding တည်ဆောက်ဖို့ကိုလဲ budget ခွဲသုံးစေလိုပါတယ်။
Branding ဟာ ရေရှည်ဖြစ်ပြီး Marketing ဟာရေတို strategy ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။

ℹ️ User Generated Content တွေပိုဖန်တီးရပါမယ်။

အရင်က mouth-to-mouth marketing လုပ်ခဲ့သလိုပါပဲ၊ customer တစ်ယောက်ရဲ့ တကယ့် feedbackကောင်းဟာ customer 10 ယောက်ကိုလဲစွဲဆောင်နိုင်ပါတယ်။ customer feedback လေးတွေ post တင်တာမျိုးလုပ်ပါ။

ℹ️ Customer Frequency ကိုဂရုပြုပါ။

လုပ်ငန်းတွေက ပုံမှန်ဆိုရင် customer အသစ်တွေကို ပဲရှာနေတက်ပြီး၊ customer အဟောင်းတွေကိုမေ့ထားတတ်ပါတယ်၊ တကယ်တော့ ဝယ်နိုင်ခြေက customer အဟောင်းတွေထဲက ပိုဖြစ်နိုင်ပါတယ်။ ဒီတော့ customer အဟောင်းတွေနဲ့ relation မပြတ်အောင်တည်ဆောက်ပါ။

ℹ️ တခြား advertising platform တွေလဲရှာဖွေကြည့်ပါ။

တခါတလေမှာ လူတိုင်းကြော်ငြာသုံးနေတဲ့ platform ထက် လူသုံးနည်းတဲ့ platform တွေဟာ စျေးသက်သာတတ်ပါတယ်။ စျေးသက်သာပေမယ့် ကိုယ့်ရဲ့ target customer တွေရောရှိရဲ့လားဆိုတာတော့ သုံးသပ်ရမှာဖြစ်ပါတယ်။

ℹ️ Consumer အစစ်တွေကိုယ့် page မှာ engaging ဖြစ်နေပါစေ။

တခါတလေ page တွေမှာ comment တွေပလူပျံနေပေမယ့် ရောင်းအားကမတက်တာ၊ငြိမ်နေတာမျိုးဖြစ်ပါတယ်။ ဒါဆိုရင် comment ပေးနေတာက တကယ့် customer တွေဟုတ်ရဲ့လားဆိုတာ ပြန်ဂရုပြုရပါမယ်။ Customer မဟုတ်ဖူးဆိုရင်တော့ တကယ့် customer တွေရဲ့ nature ကိုကြည့်ပြီး သူတို့ engage ဖြစ်မယ့် content တွေပြန်တည်ဆောက်ရတော့မှာဖြစ်ပါတယ်။

တကယ်လို့ကြော်ငြာသုံးမယ်ဆိုရင်တော့

ℹ️ Target Audience ကိုပြောင်းကြည့်ပါ။

ယခင်ကသုံးခဲ့တဲ့ target audience တွေဟာ ဒီကြော်ငြာကိုပဲထပ်ခါတလဲမြင်နေရတော့ ရိုးအီပြီးစိတ်ဝင်စားမှုနဲလာကြပါပြီ။ Customer Journey အရ engaging ဖြစ်ပြီးမှ Sales လာတာမို့ engaging မလုပ်တဲ့သူတွေများတဲ့အခါ ရောင်းအားပါကျရတာဖြစ်ပါတယ်။

ℹ️ ကြော်ငြာပုံပြောင်းပါ။

ကြော်ငြာပုံဆိုတာ design ပုံကိုပဲရည်ရွယ်တာမဟုတ်ပါဘူး။ Design နဲ့ တင်မဟုတ်ပဲ video content မျိုးလေးတွေဖန်တီးပြီးကြော်ငြာကြည့်ပါ။ တခါတလေ video content တွေကစျေးပိုသက်သာပြီး ထိရောက်တတ်ပါတယ်။ Design ဆိုရင်လည်းပုံမှန် ပြနေကြ design တွေကနေခွဲထွက်ပြီး creation အသစ်တွေလုပ်ကြည့်ပါ။

ဒါဆိုရင် Online ကနေ ရောင်းအားငြိမ်နေဖို့၊ ပိုတက်လာဖို့ ဘာတွေလုပ်ရမယ် ဆိုတာသိသွားပြီဖြစ်ပါလိမ့်မယ်။ ဘာလိုလုပ်ရမလဲဆိုတာ မသိရင်တော့ Digital Marketing ဆိုင်ရာ လိုအပ်ချက် အားလုံးအတွက် “မိတ်ဖက်” ကကူညီဖြေရှင်းပေးဖို့အသင့်ပါပဲနော်။

2023 ရဲ့ ဝင်ငွေအကောင်းဆုံး Career တစ်ခုကိုစတင်ဖို့ အဆင်သင့်ဖြစ်ပြီလား Digital Marketing ကအခုဆိုရင် လုပ်ငန်းတိုင်းမှာလိုအ...
18/08/2023

2023 ရဲ့ ဝင်ငွေအကောင်းဆုံး Career တစ်ခုကိုစတင်ဖို့ အဆင်သင့်ဖြစ်ပြီလား

Digital Marketing ကအခုဆိုရင် လုပ်ငန်းတိုင်းမှာလိုအပ်လာပြီဖြစ်ပြီးတော့ လူငယ်တွေ အသက်မွေးလမ်းကြောင်းအနေနဲ့အရွေးချယ်သင့်ဆုံး ပညာရပ်လဲဖြစ်ပါတယ်။

ခေတ်လူငယ်တွေနဲ့ ရင်းနှီးတဲ့ Social Media Platform တွေပေါ်မှာပဲ အခြေခံပြီး လုပ်ကိုင်ရတဲ့ ပညာရပ်ဖြစ်လို့ လွယ်ကူပြီး ခုဆိုရင် အလုပ်အကိုင် အခွင့်အလမ်း တွေလဲအများကြီးပေါ်ပေါက်နေပါပြီ။

ဒီပညာရပ်ကို လူငယ်တွေလက်ထဲရောက်ရှိနိုင်အောင် “မိတ်ဖက်” က Digital Marketing Basic to Intermediate သင်တန်း ကိုစတင်ဖွင့်လစ်လိုက်ပါတယ်ဗျ။

🤩 Discount ရမယ့် အစီအစဉ်ကလဲအောက်မှာပါတယ်နော်။

ဒီသင်တန်းကိုဘာလို့ရွေးချယ်တက်ရောက်သင့်လဲဆိုတော့-

ℹ️ Basic ကနေစသင်ပေးမှာဖြစ်လို့ ဘာမှမသိဘူးဆိုရင်တောင် သင်ကြားတတ်မြောက်နိုင်ပါတယ်။

ℹ️ Basic ပဲလားဆိုတော့ မဟုတ်ပါဘူးဗျ၊ ဒီသင်တန်းတစ်ခုနဲ့တင် လုပ်ငန်းခွင်မှာ professional တစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်သည်အထိ Intermediate lvl Course တွေပါဝင်မှာပါ။

ℹ️ သင်တန်းပြီးလို့ လုပ်ငန်းခွင်မဝင်ချင်ဘူးဆိုရင်လည်း freelancer အနေနှင့်ဖြစ်စေ၊ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းမှာဖြစ်စေ လက်တွေ့ စနစ်တကျအသုံးချနိုင်မှာဖြစ်ပါတယ်။

သင်ကြားမှုပုံစံကတော့ Zoom Class အနေနှင့်သင်ကြားပေးသွားမှာဖြစ်ပြီး လူဦးရေကန့်သတ်ထားပါတယ်။

လူဦးရေကန့်သတ်ရတာကတော့ သင်တန်းတက်ပြီး နားမလည်လိုက်တာမျိုး မဖြစ်အောင် မရှင်းတာတွေကို အေးအေးဆေးဆေး ပြန်မေးနိုင်အောင်ပဲဖြစ်ပါတယ်။

ဒါ့အပြင် သင်ကြားရေးမှာလဲ သင်တန်း သင်ပေးရုံတင်မဟုတ်ပဲ မေးမြန်းဆွေးနွေးပေးတာတွေ၊ လက်တွေ့သင်ခန်းစာတွေ၊ သင်တန်းပြီး assignment စစ်ပေးတာတွေပါ ပါဝင်မှာမို့ မတတ်မှာစိတ်ပူစရာမလိုပါဘူးဗျ။

သင်တန်းပြီးသွားလဲ ပြန်လည်မေးမြန်ဆွေးနွေးလို့ရအောင် facebook group ဖွဲ့ပြီး သင်တန်းကစာတွေကို ပြန်လည် ရှင်းပြကူညီပေးသွားမှာဖြစ်ပါတယ်။

ဒီ Course မှာပါမယ့် Chapter တွေကတော့

- Introduction of Digital Marketing
- Digital Marketing Languages
- Page Creating, Settings,
- Insights analysis
- Ads manager/ Boosting
- Business Suite
- Basic Content Writing
- Content Creation
- Content Calendar
- Budget & Planing တွေနဲ့ အတူ ဘယ်သင်တန်းမှာမှမရနိုင်တဲ့ စဉ်းစားတွေးခေါ်ပုံသင်ကြားမှုတွေနဲ့ Practical Exercises တွေပါဝင်မှာဖြစ်ပါတယ်။

Discount ရရှိမည့် အစီအစဉ်ကတော့ 10% လျော့စျေး ရရှိမယ့် အစီအစဉ်ဖြစ်ပါတယ်။

ဒီ Discount က ပထမဆုံးစားရင်းသွင်း အပ်နှံသူ 10 ဦးအတွက်ပဲဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်း အပ်နှံဖို့တော့လိုမယ်နော် 🤓

သင်တန်းကြေး - 50,000 ks

Batch - 1 သင်တန်းချိန် - 26/27.8.23 ( 10AM to 3 PM )

သင်ကြားရေး platform - Zoom Class

ဒါဆိုရင်တော့ မြင့်မားတဲ့ဝင်ငွေ၊ ကောင်းမွန်သော အခွင့်အရေးတွေကို ဖမ်းဆုပ်နိုင်ဖို့အတွက် message box ကနေ ခုပဲ သင်တန်းအပ်လိုက်ပါ။

“စျေးဦးပေါက်မို့နော်”“ဖောက်သည်ဖို့ဒီစျေးနဲ့ပဲယူနော်” “အမမို့ လျော့ပေးတာ” Customer တိုင်း ဒီစကားတွေကိုကြားဖူးကြပါတယ်။ ဝယ်...
17/08/2023

“စျေးဦးပေါက်မို့နော်”
“ဖောက်သည်ဖို့ဒီစျေးနဲ့ပဲယူနော်”
“အမမို့ လျော့ပေးတာ”

Customer တိုင်း ဒီစကားတွေကိုကြားဖူးကြပါတယ်။

ဝယ်သူက စျေးလျော့ခိုင်းတဲ့အခါ ဒီတိုင်းပဲ စျေးလျော့ပေးလို့ရပေမယ့် ဆိုင်ရှင်တွေကဘာလို့ ဒီလိုပြန်ပြောကြတာလဲဆိုတော့..ဒီနည်းလေးက စိတ်ပညာနဲ့သက်ဆိုင်ပြီး အလွန်ကောင်းမွန်တဲ့ ရောင်းချခြင်းဆိုင်ရာ နည်းစနစ်တခုဖြစ်လို့ပါ။

အကြောင်းမဲ့ စျေးလျော့ပေးလိုက်ခြင်းဟာ customer စိတ်ထဲမှာရှိတဲ့ ကိုယ့် product ရဲ့ တန်ဖိုးကိုလဲ ကျကောင်းကျစေနိုင်ပါတယ်။ ဒီလိုစကားအသုံးအနှုန်းလေးနဲ့ ပြောလိုက်တာဟာ product တန်ဖိုးမကျစေတဲ့ အပြင် တခြားကောင်းကျိုးတွေအများကြိးရရှိစေပါတယ်။

"အမမို့လို့" "အကိုမို့လို့" စသည်ဖြင့်သုံးစွဲလိုက်ခြင်းဟာ Customer ရဲ့စိတ်မှာ သူ့ကိုယ်သူထူးခြားစေတယ်တို့ ခံစားရစေတဲ့အတွက် ဒီဆိုင်မှာကျေနပ်ပြီး၊နောက်တခါဝယ်ယူဖို့ သေချာသလောက်ရှိစေပါတယ်။

“ဖောက်သည်မို့ လျော့ပေးလိုက်တယ်နော်” လို့ပြောခြင်းအားဖြင့် Customer ရဲ့ ဝယ်ယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပါတယ်။ ဘာလို့လဲဆိုတော့ ဒီလျော့စျေးဟာ သီးသန့်ဖြစ်တယ်၊ သူနဲ့ပဲထိုက်တန်တယ်လို့ ခံစားရစေပါတယ်။

“ စျေးဦးပေါက်မို့လျော့ပေးမယ်နော်”လို့ပြောတဲ့အခါ Customer စိတ်ထဲမှာ ဒီစျေးဟာပုံမှန်အချိန်မှာမရနိုင်ဘူး လို့ထင်သွားစေတယ်။ ဒါ့ကြောင့် ခုပဲဝယ်လိုက်တော့မယ် ဆုံးဖြတ်ချက်မျိုးဖြစ်စေပြီး ဝယ်ယူဖို့ပိုသေချာစေပါတယ်။

ဒါကဆိုင်ငယ်လေးတွေမှာ သုံးတက်တဲ့ နည်းစနစ်ဖြစ်ပြီးတော့ ရောင်းသူစိတ်တိုင်းကျ စျေးလျော့ဖို့မလွယ်တဲ့ ကုန်ပစ္စည်းတွေမှာကျ ဒီလို စျေးလျော့ပေးတာကို promotion ချတယ်လို့ သုံးကြပါတယ်။

ဥပမာ -

“အကို၊အမ ကိုပဲလျာ့ပေးတာနော်”

ဒီသဘောကို စီးပွါးရေးလုပ်ငန်းတွေက ဘယ်လိုသုံးကြလဲဆိုတော့… နာမည်မှာ “မိတ်”ပါရင် 10% Discount ယူ၊ August လမွေးတဲ့သူတွေအတွက် ထီးတစ်လက် လက်ဆောင်၊ စသည်ဖြင့် customer ရဲ့ဖြစ်တည်မှုဟာ အရေးကြီးတယ်ဆိုတဲ့ ခံစားချက်ပေးပြီး ရောင်းချမှုပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကြပါတယ်။

“စျေးဦးပေါက်လေးဖြစ်လို့ လျော့ပေးလိုက်မယ်နော်” ဆိုတာက ခုအချိန်မှာ “ပထမဆုံး ဝယ်ယူသူ 100 အတွက်လက်ဆောင်” ဆိုတဲ့ Promotion ချ ပေးခြင်း နည်းစနစ်မျိုးပါ။

ဒီစကားအသုံးအနှုန်းတွေ၊Promotion တွေရဲ့ အဓီက ရည်ရွယ်ချက်တွေကတော့ customer ကို မိမိကိုကိုယ် အရေးကြီးတယ်လို့ခံစားစေရခြင်း၊ လျော့ဈေးဟာ အထူးသီးသန့်ဖြစ်တယ်ခံစားရစေခြင်း၊ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ တန်ဖိုးရှိတယ်လို့ခံစားစေရခြင်း၊ ဝယ်ယူဖို့ဆုံးဖြတ်ချက်ကို လျှင်မြန်စွာချစေခြင်း စတာတွေဖြစ်ပါတယ်။

customer ကို စိတ်ပိုင်းဆိုင်ရာကျေနပ်မှုကို ပေးနိုင်ပြီး အရောင်းတက်စေတဲ့ နည်းစနစ်လေးတွေဖြစ်တာကြောင့် ခုထိ ဗျူဟာမြောက် ဆင့်ကဲပြောင်းလဲ အသုံးပြုနေကြတာပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ဒီလိုနည်းစနစ်လေးတွေ မိမိဆိုင်မှာဖြစ်စေ၊ page မှာဖြစ်စေ သုံးဖြစ်ကြရဲ့လား၊ မသုံးရသေးဘူးဆိုရင် စမ်းသုံးဖို့ “မိတ်ဖက်” ကတိုက်တွန်းလိုက်ပါတယ်နော်။

သုံးဖြစ်တယ်ဆိုရင် တခြားရော ဘယ်လိုနည်းစနစ်တွေသုံးဖြစ်သေးလဲဆိုတာ အားလုံးသိသွားအောင် comment မှာဆွေးနွေးခဲ့ပါအုံး။

Digital Marketing ဆိုင်ရာလိုအပ်ချက်အားလုံး အတွက် Page Chat Box မှာ အခုပဲ ဆက်သွယ်လိုက်ပါနော်။

Freelance ကမ္ဘာသို့ တိုးဝင်လေ့လာခြင်းFreelancer ဆိုတာကတော့ လုပ်ငန်းတစ်ခု၊ရုံးတစ်ခုမှာ ရုံးထိုင်အနေနဲ့မလုပ်ကြပဲ သက်ဆိုင်ရ...
12/08/2023

Freelance ကမ္ဘာသို့ တိုးဝင်လေ့လာခြင်း

Freelancer ဆိုတာကတော့ လုပ်ငန်းတစ်ခု၊ရုံးတစ်ခုမှာ ရုံးထိုင်အနေနဲ့မလုပ်ကြပဲ သက်ဆိုင်ရာ career အလိုက် မိမိဘာသာ မတူညီတဲ့ client တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့လုပ်နိုင်တာတွေကို project အလိုက်ဖြစ်စေ အရေအတွက်နဲ့ဖြစ်စေ လုပ်ဆောင်ကြတဲ့သူတွေဖြစ်ပါတယ်။ Freelance အနေနဲ့ အများဆုံးလုပ်ဆောင်ကြတဲ့ career တွေကတော့ content writer, design, developer, digital marketing, consulting, photography စတဲ့ နယ်ပါယ်တွေပဲဖြစ်ပါတယ်

အောက်မှာဖော်ပြပေးသွားမယ့်အချက်တွေက ကိုယ့် career မှာ freelancer စလုပ်မယ့်သူတွေသိချင်နေတဲ့အချက်တွေနဲ့ ကြုံတွေ့ရနိုင်တာတွေဖြစ်ပါတယ်။

? ဘာတွေလိုမလဲဆိုရင် ?

ℹ ပထမဆုံးကတော့ Skill ပါ။

Skill မှာမှ Freelance သမားဟာ မိမိကိုကိုယ်ထိန်းကျောင်းရမှာဖြစ်တဲ့အတွက် hard skill ရော soft skill ရောနှစ်မျိုးစလုံးလိုအပ်ပါတယ်။

ℹ Hard Skill မှာဆိုရင် Career နဲ့ဆက်စပ်တဲ့Technical၊ Software ကျွမ်းကျင်မှု၊ self learning အားကောင်းမှု၊ Career မှာတခြားသူတွေ ဘာတွေလုပ်နေလဲသိရပါမယ် ပြောရရင် Client အတွက်ရော ကိုယ့်အတွက်ရော analysis လုပ်ရမှာပါ၊ ကိုယ့်အားကိုကိုးရမှာဖြစ်တဲ့အတွက် ကိုယ့်နယ်ပယ်ကအကြောင်းတွေအကုန်သိနေဖို့လိုပါတယ်။

ℹ Soft Skill ဆိုရင်၊ Time Management, Project Management, Presentation Skill ကောင်းရမယ်၊ Client နဲ့ Relationship ကောင်းကောင်းတည်ဆောက်နိုင်ခြင်း၊ Client က Customer ဖြစ်တဲ့အတွက် Customer Service လဲကျွမ်းကျင်ရမယ်၊ ပြသနာတွေဖြေရှင်းနိုင်ရမယ်၊ Client လိုချင်တာသိနိုင်ရမယ်၊ Emotional ထိန်းနိုင်ရမယ် Client အရေအတွက်များရင်များသလို ပြသနာမှန်သမျှကိုယ့်ခေါင်းပေါ်ရောက်မှာဖြစ်ပါတယ်။

ခုလို မီးကပျက်ချင်တိုင်းပျက်တဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ Mee Management ပါလိုပါတယ် :3

ℹ ကျန်တာကတော့ အလုပ်လုပ်တဲ့အခါသုံးတဲ့ assents တွေပါ။ PC,Laptop, တွေကနေ အင်တာနက်လိုင်းနဲ့ မီတာခအထိပါဝင်ပါတယ်။

?ဘယ်လောက်ရမလဲ?

ℹ Freelance သမားတွေရတဲ့ amount က ဘယ်သူမှအတိအကျမရှိပါဘူး၊ သူတို့ကိုယ်တိုင်တောင် လစဉ်စာရင်းချုပ်မှသိနိုင်မှာမျိုးပါ။

ဒီနေရာမှာ အားလုံး သိချင်ကြတာက ဘယ်လိုယူမလဲ(fees) ဖြစ်နိုင်ပါတယ်။

ℹ Fees ဘယ်လိုယူကြလဲဆိုရင် ကိုယ့် skill
အပေါ်မှာပဲမူတည်ပါလိမ့်မယ်။ freelancer တယောက်နဲ့တယောက် skill မတူတဲ့ အတွက် သူအများကြီးယူရင် ငါလည်းအများကြီးယူမယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့် skill lvl ကိုကိုယ်သိပါ၊ ရိုးသားပါ။

ℹ နောက်တဆင့်တက်လို့ ကိုယ်က skill မြင့်လာပြီ၊ client တော်တော်များများကလဲ ကိုယ့် servicesကိုကြိုက်လာပြီဆိုပါစို့၊ ဒါဆိုရင် ကိုယ်က demand များလာပြီးဖြစ်တဲ့အတွက် ကိုယ်သင့်တော့တဲ့ fees တစ်ခုကို ယူလို့ရမှာဖြစ်ပါတယ်။

ကိုယ်စလုပ်ခါစက 15 သိန်းရဖို့ project 10 ခုလောက်ကိုင်ရပေမယ့် skill မြင့်လာနဲ့အမျှ 15 သိန်းအတွက် project 3 ခုလောက်နဲ့ပြည့်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ် skill မြင့်လာတဲ့ အခါမှာ ကိုယ်နဲ့တွဲလုပ်တဲ့ client ကလဲ ပိုမြင့်ပြီး budget ပိုသုံးနိုင်တဲ့ client မျိုးဖြစ်နေမှာပါ။ ဒီလို client အမြင့်တွေနဲ့ချိတ်ဆက်ဖို့ဆိုရင် soft skill တွေထဲက networking, communication, presentation တွေကောင်းဖို့လိုတာပဲဖြစ်ပါတယ်။

? အားသာချက် ?

ℹ ကိုယ့်မှာရွေးချယ်ခွင့်ရှိမယ်- client နဲ့အဆင်ပြေဆက်လုပ်ချင်တယ်၊မပြေလို့ ဆက်မလုပ်ချင်ဘူး၊

ℹ ကိုယ်ပိုင် schedule ရှိမယ် - 9 to 5 မဟုတ်ပဲ ကိုယ်အလုပ်လုပ်ချင်တဲ့အချိန်ကို သတ်မှတ်ထားလို့ရမယ်။

ℹ တချို့ စရိတ်တွေနဲသွားမယ် - taxi ခ၊အဝတ်အစားဖိုး

ℹ Location freedom ရှိမယ် - ကိုယ်ကအလုပ်ရှိနေပေမယ့်လဲ ခရီးသွားချင်တာ မျိုးဆို laptop တလုံးထည့်ပြီး ခရီးသွားရင်းလုပ်လိုက်ရုံပဲ၊ ကိုယ်ကြိုက်တဲ့နေရာကနေအလုပ်လုပ်နိုင်တယ်။

ℹ Skill - Self learning အမြဲလုပ်ရတာဖြစ်တဲ့အတွက် ကိုယ့် career မှာ အမြဲ development ဖြစ်နေစေပါလိမ့်မယ်။

ℹ Personal Growth - အချိန်၊ငွေကြေး၊စီးပွါးရေးနဲ့ပါတ်သတ်တဲ့ လူတွေ၊လုပ်ငန်းရှင်တွေနဲ့ တက်သွယ်ပြောဆိုမှု စတာတွေကိုကိုယ့်ဘာသာ manage လုပ်ရတဲ့အတွက် personal development ပိုကောင်းစေမှာပါ။

? အားနည်းချက် ?

ℹ Income မငြိမ်သက်မှု - ဝင်ငွေကမငြိမ်နေပါဘူး နဲတဲ့လရှိသလိုများတဲ့လလဲရှိနေနိုင်ပါတယ်။ financial skill ကောင်းကောင်းနဲ့ avg အသုံးစရိတ် avg incomeစတာတွေ တွက်ချက်ထိန်းချုပ်တတ်ဖို့လိုပါလိမ့်မယ်။ ဒီအချက်ကြောင့်ပဲ တော်တော်များများ freelance မလုပ်ကြတာလဲဖြစ်ပါတယ်။

ℹ Client မရှာတတ်ခြင်း - Freelancer တစ်ယောက်အနေနဲ့ self-marketing လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီအတွက် marketing အားနည်းရင်လဲ ဒီအပိုင်းက အခက်တွေ့စေမှာပါ

ℹ Work life balance - freelance သမားတစ်ယောက်က client တွေဆီက အချိန်မရွေး လိုချင်တာတွေပြင်ချင်တာတွေစတဲ့ ဆက်သွယ်မှုတွေရနေမှာပါ။ တခါတလေညဘက် ဖုန်းပြောရတာတွေနဲ့ work & life balance မညီတာမျိုးတွေဖြစ်နိုင်ပါတယ်။

ℹ တကိုယ်ရေလုပ်ကိုင်ရခြင်း - တယောက်ထဲလုပ်ရတဲ့အတွက် တိုင်ပင်ချင်တာတွေ၊အသိပညာဝေမျှတဲ့အပိုင်းတွေဆိုရင် အခက်တွေ့စေမှာပါ၊ တချို့ freelancer တွေကတော့ ဒီပြသနာအတွက် group တွေတည်ဆောက်ထားပြီးတော့ sharing လုပ်ကြတာမျိုးရှိပါတယ်။

ℹ ခွင့်ရက်မရခြင်း - ဒီနေရာမှာခွင့်ရက်မရဘူးဆိုတာက ရှောင်တခင်အတွက်ကိုအဓိကဆိုလိုပါတယ်။ ရှောင်တခင်နေမကောင်းဖြစ်လာပေမယ့် project schedule တွေက ကြိုချထားတာဖြစ်တဲ့အတွက် deadline အမှီလုပ်ဆောင်ရမှာပါ။

ဒီလောက်ဆိုရင်ကိုယ့်ကိုကိုယ် freelance လုပ့်သင့်လား ကိုယ်နဲ့ကိုက်လား မကိုက်ဖူးလား ဆိုတာတွေကို သိရှိသုံးသပ်နိုင်ပြီပဲဖြစ်ပါတယ်။
ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ သိချင်တာတွေရှိသေးရင် comment နဲ့ message box တွေမှာ မေးနိူင်ပါတယ်။ Like & Share လုပ်ဖို့လဲမမေ့နဲ့နော်။

😮 Zero Budget နှင့် ကွမ်းယာဆိုင် Digital Marketing ကျတော်တို့စီမှာက Digital Marketing ဆိုရင် Page ထောင်မယ်၊post တင်ပြီး ...
08/08/2023

😮 Zero Budget နှင့် ကွမ်းယာဆိုင် Digital Marketing

ကျတော်တို့စီမှာက Digital Marketing ဆိုရင် Page ထောင်မယ်၊post တင်ပြီး boost ထိုးတာလောက်ပဲသိကြတာများပါတယ်။ Digital Marketing Sectors တွေက တကယ်တော့ အများကြီးရှိပါတယ်။ Channel Development, Insight checking & Analytics, Customer Journey, ROI checking စတာတွေနဲ့တခြား ကဏ္ဍတွေများစွာရှိပါသေးတယ်။

ထားပါတော့ topic အတိုင်းပဲ ကွမ်းယာဆိုင်တစ်ဆိုင်က Digital Marketing လုပ်တယ်ဆိုပါစို့၊သေချာတာကတော့ Customer Relationship အခိုင်အမာရရှိသွားမှာဖြစ်ပါတယ်။

ℹ Customer အနေနဲ့ ကြိုပြီး မှာထားလို့ရမယ်။ ဆိုင်အနေနှင့်ကလဲ ကြိူပြင်ဆင်ထားလို့ရမယ်။

ℹ တချို့နေ့တွေဆိုင်ပိတ်တယ်ဆိုတာကို စာ content ပဲတင်ရင်နိုင်ရင် သီးသန့်လာဝယ်မယ့် customer အနေနဲ့ ကြိုရွေးချယ်ခွင့်ရမှာဖြစ်ပါတယ်။

ℹ ဒီကွမ်းယာဆိုင်လေးဖွင့်ထားတယ် ဆိုတဲ့အကြောင်းကို post တင်ပြီး ဆိုင်တည်ရှိရာ မြို့နယ်တွေမှာ share ထားမယ်ဆိုရင် ဒီပါတ်ဝန်းကျင်ကလူတွေက ဒီဆိုင်အကြောင်းသိရှိလာမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်ပုံမှန်ဖောက်သည်နဲ့ ကြုံလို့ဝင်စားတဲ့‌ဖောက်သည်တွေအပြင် တခြားဖောက်သည်တွေပါရရှိလာနိုင်ပြီး sales ပါတက်လာမှာပါ။

ℹ အနည်းဆုံး 2000 ကျပ်နှင့်အထပ်မှာယူပါက ရပ်ကွက်ထဲလိုက်ပို့ပေးမယ်ဆိုပြီး Basic online sales ကိုဖော်ဆောင်နိုင်ပါကလဲ sales ထပ်တက်အုံးမှာပါ။

ℹ ပြီးတော့ ဆိုင်မှာရှိတဲ့ Product တွေဖြစ်စေ၊ Service တွေဖြစ်စေပုံမှန်တင်ပေးမယ်ဆိုရင် ကွမ်းယာအပြင် ဆေးလိပ်၊ ရေသန့်ဗူး၊ ငှက်ပျောသီး၊ K Pay ထုတ်ပေးခြင်းစတာတွေကလဲ sales တက်လာမှာဖြစ်ပါတယ်။

ဒါတွေက ဘာမှမကုန်ပဲ Page ဖွင့် post တင်ရုံနဲ့ကို ရရှိလာမယ့် customer relation နဲ့အတူ ရောင်းအားတက်စေတဲ့ Digital Marketing အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

ဆိုင်ပြောင်းသွားခြင်းဖြစ်စေ ဒီကွမ်းယာဆိုင်ကနေ ဆိုင်ခွဲထပ်ဖွင့်အုံးမယ်ဆိုရင်လဲ follower (customer network) ဟာ ကိုယ့်အပိုင်ဖြစ်နေပြီးတော့ အသစ်ဖွင့်တဲ့နေရာ တွေမှာလဲ Sales ရရှိစေမှာဖြစ်ပါတယ်။

Digital Marketing က ကွမ်းယာဆိုင်တစ်ဆိုင်ကို ဒီလောက် အခွင့်အလမ်း၊ရောင်းအားတိုးတက်မှုတွေ၊ ဖန်တီးပေးနိုင်တယ်ဆိုရင် သင့်လုပ်ငန်းအနေနဲ့ Digital Marketing မလုပ်ရင် အရမ်းနောက်ကျပြီး အလကားရရှိနိုင်တဲ့ အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးနေရတယ်ဆိုတာ သတိရစေလိုပါတယ်။

ဒီတော့ Digital Marketing ဆိုင်ရာလိုအပ်ချက်အားလုံး အတွက် Page Chat Box မှာ အခုပဲ ဆက်သွယ်လိုက်ပါ။

ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ သိချင်တာတွေရှိသေးရင် comment နဲ့ message box တွေမှာ မေးနိူင်ပါတယ်။ Like & Share လုပ်ဖို့လဲမမေ့နဲ့နော်။

ခုမှစပြီး Digital Marketing နယ်ပါယ်ထဲကို စမ်းတဝါးဝါးနဲ့ စဝင်ချင်တဲ့သူတွေ၊ ကိုယ်ရောက်နေတဲ့ lvl နဲ့ ရရှိနိုင်တဲ့ လစာ range...
06/08/2023

ခုမှစပြီး Digital Marketing နယ်ပါယ်ထဲကို စမ်းတဝါးဝါးနဲ့ စဝင်ချင်တဲ့သူတွေ၊ ကိုယ်ရောက်နေတဲ့ lvl နဲ့ ရရှိနိုင်တဲ့ လစာ range ကိုသိချင်တဲ့သူတွေ သိချင်တဲ့မေးခွန်းလေးဖြစ်မှာပါ။

ဒီ field ထဲမှာက in-house ( ရုံးထိုင်) နဲ့ Freelance ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်၊ ဒီလိုမျိုးဟာ cameraman, content creator, videographer, video editor တွေနဲ့တူပြီး တခြား career နယ်ပယ်များမှာလဲ ရှိတက်ပါတယ်။

ခုပြောပြသွားမယ့် avg salary range တွေကတော့ Digital Marketing လုပ်ကိုင်ကြတဲ့ in-house ဝန်ထမ်းတွေအတွက်ပါ။ ဒီ range တွေဟာ 2020 ကနေ 2023 အထိပေးနေကြတဲ့ လစာ range တွေဖြစ်ပါတယ်။

ℹ️ Paid Intern Lvl - (non exp)
Digital Marketer - 2L ဝန်းကျင်
Content Writer - 2L ဝန်းကျင်
Desinger- 2L ဝန်းကျင်

ℹ️ Junior Lvl (1 to 2 year exp)
Digital Marketer - 3L~ ဝန်းကျင်
Content Writer - 3L ဝန်းကျင်
Desinger- 2L~3L ဝန်းကျင်

ℹ️ Senior ( 2 to 4 year exp)
Digital Marketer - 4L~6L ဝန်းကျင်
Content Writer - 4L ~5L ဝန်းကျင်
Desinger- 4L~ 6L ဝန်းကျင်

ℹ️ Executive Lvl/Non Manager (under 5years exp)
Digital Marketer - 5L~8L ဝန်းကျင်
Content Writer - 5L~8L ဝန်းကျင်
Desinger - 5L ~ 8L ဝန်းကျင်

ℹ️ Manager & Leader Lvl (over 5years experience)
Digital Marketing Manager - (10L လောက်မှ စတင်နိုင်ပြီးတော့ 30L လောက်အထိခေါ်တာမျိုးတွေ့နိုင်)
Content Writer - 6L မှ 10L
Desinger - 8L လောက်မှစတင်

ℹ️ Director Lvl (over 8 years exp )
Director of Digital Marketing - (15L လောက်မှစတင်နိုင်)
Content - (10L လောက်မှစတင်နိုင်)
Creative Director/Art Designer - (12L လောက်မှစတင်နိုင်)

အပေါ်မှာပြောပြထားတဲ့ လုပ်ခလစာတွေကတော့ ပျမ်းမျှရနိုင်တဲ့ လစာတွေဖြစ်ပြီးတော့ ကိုယ့်ရဲ့အရည်အချင်း experience၊ ကိုယ်အလုပ်လုပ်တဲ့ business organization တွေအပေါ်မူတည်ပြီးတော့ ဖော်ပြပါ salaryထက် များတာဖြစ်စေ၊ နဲတာဖြစ်စေမျိုးဖြစ်နိုင်ပါတယ်။

ကျန်တော်တို့နိုင်ငံရဲ့ ဒီနှစ်ပိုင်းတွေမှာ ငွေကြေးဖောင်းပွလာတာတွေ၊ ကုန်စျေးနှုန်းတက်လာတွေ ဖြစ်ပေမယ့် နယ်ပယ်အစုံက လုပ်ခလစာတွေကတော့ စိတ်မကောင်းစွာနဲ့တိုးလာခြင်းမရှိသေးပါဘူး။ တချို့လုပ်ငန်းအနည်းငယ်သာ လုပ်ခလစာ pay rate ကိုတိုးပေးနိုင်တာဖြစ်ပါတယ်။

တချို့ Business တွေဟာ ခုလက်ရှိကြပ်တည်းလာတဲ့အခြေအနေတွေ၊ Customers တွေက ဒီproduct/service အပေါ်မှာ ငွေသိပ်မသုံးကြတော့တာ စတဲ့အခြေအနေတွေကြောင့် Digital Marketing ကို team အပြည့်အစုံနဲ့လုပ်ငန်းမလည်ပါတ်နိုင်တော့တာ၊ မလည်ပါတ်ချင်တော့တာမျိုးတွေရှိပါတယ်။ ဒီအခါမှာလုပ်ငန်းတွေက Digital Marketing Position ဆိုပြီးခေါ်လိုက်ပြီးတော့ Content,Design, Digital Marketing, စသည်ဖြင့် Social Media Marketing အကုန်ကို ဝန်းထမ်းတစ်ယောက်တည်းကို ခိုင်းချင်တာမျိုးလဲရှိပါတယ်။

ကိုယ်ဟာ lvl တစ်ခုကိုလဲမရောက်သေးဘူး၊ Digital Marketing နဲ့ပါတ်သတ်ပြီးတော့လဲ အစုံကျွမ်းကျင်ချင်သေးတယ်ဆိုရင်တော့ ဒီလိုလုပ်ငန်းမျိုးမှာ ဝင်လုပ်ပြီး လက်ရည်သွေးလို့ရပါတယ်။ ဒီလိုအလုပ်မျိုးမှာ avg salary က 4L ကနေ 7L လောက်အထိရနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့နောက်lvl တွေမှာ အတွေ့အကြုံတွေက အထောက်အပံ့ကောင်းတွေဖြစ်စေမှာဖြစ်ပါတယ်။

ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ သိချင်တာတွေရှိသေးရင် comment နဲ့ message box တွေမှာ မေးနိူင်ပါတယ်။ Like & Share လုပ်ဖို့လဲမမေ့နဲ့နော်။

Address

Yangon

Telephone

+959972283767

Website

Alerts

Be the first to know and let us send you an email when Mate Phat - Digital Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mate Phat - Digital Solutions:

Share