09/21/2026
၂၀၂၆၊ စက်တင်ဘာ (၂၁) ရက် ဟာ ကျွန်တော်
ရဟန်းဖြစ်တာ (၇) နှစ် ပြည့်သွားတဲ့ နေ့ လေး ဖြစ်ပါတယ်။
***************************************
စာအုပ်လေး ပြီးလို့ အမှီထုတ်မယ်ကြံရွယ်သော်လည်း၊
Publishing မှာ နိုင်ငံခြားနှင့် မြန်မာပြည်
ခက်ခဲတာလေးတွေရှိနေသေးလို့
စိတ်ရှည် စောင့်မျှော်အားပေးရန် မေတ္တာရပ်ခံထားပါတယ်။
ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော် ရှိပါစေ။
တစ်ခုတော့ ကြိုပြောထားချင်ပါတယ်။
ဒဿနိက (အတွေးအခေါ်ပညာကို အခြေခံထားတဲ့အတွက်)
စာဖတ်သူ၏ အတွေးအခေါ်မြင့်မားမှုအဆင့် အခြေခံတော့ လိုအပ်ပါတယ်။ ဖတ်ရတာ ခက်ခဲမှု ရှိပါမယ်။ လူငယ်များအတွက် ရည်စူးထားတဲ့ အတွက် (အခြေခံ ပညာ အထက်တန်း နှင့် အထက် တော့လိုအပ်ပါလိမ့်မယ်)။ မဟုတ် ရင် တော့ ပိုက်ဆံ ကုန်ခံ ပြီး ဝယ်မဖတ်ပါနဲ့။
ရဟန်းဝါ (၇) ဝါပြည့် အမှတ်တရ -
Fr. Paul Lin Htut
September 21, 2026
(မြန်မာပြည်စံတော်ချိန်)