Jinnee

Jinnee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jinnee, Digital creator, ha vi, Ha Vi.
(1)

26/07/2025

ငှက်ပျောပေါင်းလုပ်နည်







#ငှက်ပျောပေါင်းလုပ်နည်း

ငှက်ပျောပေါင်းလုပ်နည်း- အလုံးသန်သန် အရမ်းကြီးမမှည့်သေးတဲ့ အိမ်နားငှက်   ပျော တဖီးကို အခွံခွာပြီး အလယ်က နှစ်စိပ်စိပ်ထားပါ...
25/07/2025

ငှက်ပျောပေါင်းလုပ်နည်း
- အလုံးသန်သန် အရမ်းကြီးမမှည့်သေးတဲ့ အိမ်နားငှက်
ပျော တဖီးကို အခွံခွာပြီး အလယ်က နှစ်စိပ်စိပ်ထားပါ
- အုန်းသီးတလုံး အသားခြစ်ပြီး အဆီကျအောင်တည်
ပါ...
- အုန်းသီးအဆီကျလာရင် သကြားထည့်ပြီးမွှေပေးပါ
သကြားကို အချိုအလေးအပေါ့ မြည်းကြည့်ပြီး ထည့်
ပါ....
- မွှေပြီးခဏကြာရင် ငှက်ပျောသီးထည့်လို့ရပါပြီး
- ဆားနည်းနည်းထည့်ပါ
- သာဂူစေ့နည်းနည်းထည့်ပြီး မွှေပေးပါ......
- ခဏနေပြီးရင် ကျက်ပါပြီ....







#ငှက်ပျောပေါင်း

24/07/2025

ဒီနေ့တော့ ဂျင်းနီတို့တွေ မိုးအေးအေးနဲ့ ခရမ်းချဥ်သီးနဲ့ ပုဇွန်ချဥ်စပ်ချက်စားကြမယ်နော် ထမင်းစားလို့အရမ်းကောင်းတဲ့ဟင်းပါနော်







#ပုဇွန်ခရမ်းချဥ်သီးချဥ်စပ်

ပုဇွန်ခရမ်းချဥ်သီးချဥ်စပ်ချက်နည်း- sea pink ပုဇွန် ​လေးဆယ်သားခန့်ကို ခေါင်းဖြုတ်၊ ရေစင်အောင်   ဆေးပြီး ကျောမှာရှိတဲ့ အကြ...
23/07/2025

ပုဇွန်ခရမ်းချဥ်သီးချဥ်စပ်
ချက်နည်း
- sea pink ပုဇွန် ​လေးဆယ်သားခန့်ကို ခေါင်းဖြုတ်၊ ရေစင်အောင်
ဆေးပြီး ကျောမှာရှိတဲ့ အကြောလေးကို ကတ်ကြေးနဲ့
ညှပ်ပြီးဖယ်ထုတ်ပြစ်ပါ...
- ခရမ်းချဥ်သီး သုံးဆယ်သားကို ရေစင်အောင်ဆေးပြီး
အရစ်အရစ်လှီးပြီး ပန်းကန်လုံးထဲထည့်ထားပါ...
- ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ... ဆီကျက်လျှင်
နနွင်းမှုန့်အနည်းငယ်ထည့်မွှေပါ....ကြက်သွန်နီလှီးထား
တာ ထည့်မွှေပေးပါ....
- ပြီးတော့ လှီးထားတဲ့ ခရမ်းချဥ်သီးထည့်မွှေပေးပါ...
- ခရမ်းချဥ်သီးကျက်လာရင် ပုဇွန်ထည့်မွှေပါ...
- ငရုပ်သီးအကျက်မှုန့်၊ ငရုပ်သီးစိမ်းအတောင့်၊ နံနံပင်၊
ဆားထည့်မွှေပြီး မီးအေးအေးနဲ့နှပ်ထားပါ...
- အရည်ပျစ်ပြီး ပုဇွန်ကျက်သွားလျှင် စားလို့ရပါပြီ
နော်.....
မနက်ဖြန်မှ ချက်နည်းဗီဒီယို တင်ပေးမယ်နော်.....







#ပုဇွန်ခရမ်းချဥ်သီးချဥ်စပ်

22/07/2025

ပဲလင်းမြွေသီးကြက်ဥကြော်







#ပဲလင်းမြွေသီးကြက်ဥကြော်

ပဲလင်းမြွေသီး ကြက်ဥကြော်- ချက်နည်း- ပဲလင်းမြွေသီးကြက်ဥကြော်🥬 ပဲလင်းမြွေသီး တစ်တောင့်ကို အပေါ်ကြေးစင်အောင်       ဆားနဲ့သေ...
21/07/2025

ပဲလင်းမြွေသီး ကြက်ဥကြော်
- ချက်နည်း
- ပဲလင်းမြွေသီးကြက်ဥကြော်
🥬 ပဲလင်းမြွေသီး တစ်တောင့်ကို အပေါ်ကြေးစင်အောင်
ဆားနဲ့သေချာလေးပွတ်ပေးပါ...ပြီးတော့ရေစင်ကြယ်
အောင်ဆေးထားပါ....
🥬 အနေတော် ပိုင်းထားတဲ့ ပဲလင်းမြွေသီးလေးတွေကို
အရစ်အရစ်လှီးပြီး ပန်းကန်လုံးထဲ ထည့်ထားပါ.....
🥬 ကြက်ဥ ၅ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပါ.....
🥬 ကြက်ဥထဲ ဆားအနည်းငယ်ထည့်ပါ......
🥬 ကြက်ဥကို နှံ့စပ်သွားအောင် ခလောက်ပြီး လှီးထား
တဲ့ ပဲလင်းမြွေသီးထဲ ရောမွှေထားပါ.......
🥬 ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ....
🥬 ဆီကျက်လာရင် ကြက်သွန်နီ နနွင်းမှုန့်နည်း
နည်းထည့်မွှေပါ....
🥬 ပြီးတော့ ရောမွှေထားတဲ့ ပဲလင်းမြွေသီးနဲ့ ကြက်ဥကို
ထည့်ကြော်ပါ....
🥬 အရသာရှိတဲ့ ပဲလင်းမြွေသီး ကြက်ဥကြော်ဟင်းတခွက်
စားလို့ရပါပြီနော်......
မနက်ဖြန်မှ ကြော်နည်း ဗီဒီယို တင်ပေးမယ်နော်
🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬







#ပဲလင်းမြွေသီးကြက်ဥကြော်

19/07/2025








18/07/2025








#မုန့်ဖက်ထုပ်

မုန့်ဖက်ထုပ်လုပ်နည်း--------------------ပါဝင်ပစ္စည်းများ၁. သကြား၂. အုန်းသီး၃. ကောက်ညှင်းဆန်မှုန့် (မုန့်နှစ်)၄. ငှက်ပျော...
17/07/2025

မုန့်ဖက်ထုပ်လုပ်နည်း
--------------------
ပါဝင်ပစ္စည်းများ
၁. သကြား
၂. အုန်းသီး
၃. ကောက်ညှင်းဆန်မှုန့် (မုန့်နှစ်)
၄. ငှက်ပျောရွက်

- ငှက်ပျောဖက်ကို မုန့်ထုပ်လို့ရမယ့်အရွယ် အနေတော်
လေးတွေဖြတ်ပါ....
- ဖြတ်ထားတဲ့ ငှက်ပျောဖက်တွေကိုပျော့ပျောင်းသွား
အောင် ပေါင်းအိုးထဲ ထည့်ပေါင်းထားပါ......
- နေလှန်းတာတို့ မီးကင်တာတို့လဲ လုပ်လို့ရပါတယ်..
- ကောက်ညှင်းဆန်ကို ရေဆေးပါ ပြီးရင် ခြောက်သည်
အထိ ရေစစ်ထားပါ....
- ခြောက်သွားတဲ့ဆန်ကို အမှုန့်ဖြစ်အောင် ကြိတ်ပါ...
- ဆန်မှုန့်ရလာရင် ရေနဲ့နှဲပါ...နဲဲပြီးခဏ နှပ်ထားပေးပါ...
- အုန်းသီးကိုခြစ်ပြီး သကြားနှင့် ရှေ့ကနယ်ထားခဲ့ရမည်
- နှဲထားတဲ့မုန့်နှစ်ကို အနေတော် အလုံးလေးတွေအရင် လုပ်ထားပါ...အလုံးကိုအခွက်​လေးလုပ်ပြီး
အုန်းသီးဆာထည့်ပီးလုံးပါ...
- ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်း
ရပါတယ်...
- အခုနားက အဆာသွပ်ပြီးလုံးထားတဲ့မုန့်လုံးကို ပေါင်း
ပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး ပေါင်းအိုးထဲထည့်
နာရီဝက်လောက် ပေါင်းလျှင် မုန့်ဖက်ထုပ်ရပါပြီနော်....

ကဲ...လုပ်စားလိုက်တော့...မနက်ဖြန်မှ ဗီဒီယိုတင်ပေးမယ်နော်.....






#မုန့်ဖက်ထုပ်

16/07/2025


゚viralシfypシ゚ #ငပလီကောက်ညှင်းထုပ်

ကောက်ညှင်းထုပ်....- အားလုံးဘဲ မဂ်လာပါရှင် ဒီနေ့တော့ ဂျင်းနီတို့ ငပလီ  ကောက်ညှင်းထုပ်ပူပူလေး လုပ်စားကြမယ်....- ငပလီကောက်ည...
15/07/2025

ကောက်ညှင်းထုပ်....
- အားလုံးဘဲ မဂ်လာပါရှင် ဒီနေ့တော့ ဂျင်းနီတို့ ငပလီ
ကောက်ညှင်းထုပ်ပူပူလေး လုပ်စားကြမယ်....
- ငပလီကောက်ညှင်းထုပ်လုပ်ဖို့အတွက်
ကောက်ညှင်းဆန်ကို ၁ နာရီခန့်ရေကြိုစိမ်ထားပေးပါ။
- ပြီးရင် ဆန်ကိုရေကြည်အောင်ဆေးပြီး အခြောက်ခံထား
ပါ..
- ကောက်ညှင်းဆန်ထဲ ဆားအနည်းငယ်ထည့်ပြီး
သမအောင် မွှေပေးပါ...
- စလူဖက်ကို အဖျားလေးတိနေအောင်ညှပ်၊ အရှည် တစ်
တောင်လောက်ဖြတ်ပါ...
- ဖြတ်ထားတဲ့စလူဖက်လေးတွေကို သန့်စင်အောင် အဝတ်
နဲ့ သေချာလေးသုတ်ပေးထားပါ...
- အခြောက်ခံထားတဲ့ ကောက်ညှင်းဆန်၊ ပဲစေ့၊
ငှက်ပျောသီး နှစ်သက်ရာနဲ့ စလူဖက်ထဲ ထည့်ထုပ်ပြီး နှီးနဲ့ သုံးတန်စည်းပေးပါ.....
- ထုပ်ပြီးသား ကောက်ညှင်းထုပ်လေးတွေကို အိုးထဲထည့်
ပြီး ကောက်ညှင်းထုပ်မြုပ်အောင် ရေထည့်ပြီး ပြုတ်ပေး
ပါ၊ နှစ်နာရီခွဲ သုံးနာရီကြာအောင် ပြုပ်ပေးပါ.....
- အခုဆိုရင် ကောက်ညှင်းထုပ် ပူပူလေးစားလို့ရပါပြီနော်..
- နောက်ရက်တွေမှာလဲ ဟင်းချက်နည်း၊ မုန့်လုပ်နည်းလေး
တွေ တင်ဆက်ပေးသွားမှာမို့ ဂျင်းနီရဲ့ပေ့လေးကို Like
and Share လုပ်ပေးသွားကြပါဦးနော်....

゚viralシfypシ゚ #ငပလီကောက်ညှင်းထုပ်

Address

Ha Vi
Ha Vi
60

Website

Alerts

Be the first to know and let us send you an email when Jinnee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share