09/07/2026
🔴🏆 𝑮𝒂𝒌𝒑𝒐 & 𝑰𝒔𝒂𝒌 — 𝗣𝗟 𝗣𝗹𝗮𝘆𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗪𝗲𝗲𝗸 𝗡𝗼𝗺𝗶𝗻𝗲𝗲𝘀 💫
ပရီးမီးယားလိဂ် ပွဲစဉ် (၃) မှာ လီပါပူးလ်အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့ကြတဲ့ 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 နဲ့ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 တို့ဟာ ပွဲစဉ် (၃) ရဲ့ အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အစ်ဆွစ်တောင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ 𝑰𝒔𝒂𝒌 က လီပါပူးလ်အတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပြီး 𝑮𝒂𝒌𝒑𝒐 ကတော့ အဆိုပါသွင်းဂိုးနှစ်ဂိုးလုံးအတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
တစ်ပွဲတည်းမှာ တိုက်စစ်အတွဲအဖက်ကောင်းကောင်းနဲ့ ခြေစွမ်းပြခဲ့တဲ့ နှစ်ဦးစလုံးအတွက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတစ်ခုလို့ ဆိုရမှာပါပဲ။