Techviewspro

Techviewspro ​The latest in tech, reviewed and unboxed, simply put.

08/06/2026

Siri AI အသစ်နဲ့ Dynamic Island Animation Design က လန်ထွက်နေတယ်။

iOS 27 နဲ့အတူ ဒီညကတော့ New Siri ကို မြင်ရတော့မှာ....... Apple User တွေအတွက် AI ကောင်းတစ်ခု ဖြစ်လာနိုင်မလား?
08/06/2026

iOS 27 နဲ့အတူ ဒီညကတော့ New Siri ကို မြင်ရတော့မှာ....... Apple User တွေအတွက် AI ကောင်းတစ်ခု ဖြစ်လာနိုင်မလား?

07/06/2026

vivo V70 FE တော့ သွားကြည့်တာပဲ။ ဆော့ပြီးပဲ ပြန်လာခဲ့တာ။

06/06/2026

ဒီနေ့သွားခဲ့တဲ့ mStudio နဲ့ BestTrend ရဲ့ Grand Opening

05/06/2026

Wireless Charger သုံးချင်လားရတယ်။ အားသွင်းကြိုးမပါဘူးလား ရတယ်။ Device 2 ခု သုံးခု သွင်းချင်လားရသေးတဲ့ Remax ရဲ့ 10000mAh Powerbank လေးအကြောင်းပြောပြပေးမယ်။

Pocket Camera မှာ DJI ကဆရာကြီး လုပ် ပိုက်ဆံပိုက်သွားလို့ Mobile ဘက်က ကင်မရာဆရာ ၂ ကောင်လည်း ရောက်ချလာပြီး ဈေးကွက်လုဖို့ပြ...
05/06/2026

Pocket Camera မှာ DJI ကဆရာကြီး လုပ် ပိုက်ဆံပိုက်သွားလို့ Mobile ဘက်က ကင်မရာဆရာ ၂ ကောင်လည်း ရောက်ချလာပြီး ဈေးကွက်လုဖို့ပြင်နေပြီ။
--------------------------------

အခုလောလောဆယ် Gimbal ပါတဲ့ Pocket Camera တွေထဲမှာမှာ DJI Osmo Pocket 4 က ဘုရင်လုပ်နေတာ အားလုံးသိကြမှာပါ။ ၁ လက်မ Sensor နဲ့ အမြင့်ဆုံး 37MP အထိ ထွက်တယ်။ ဒါပေမဲ့ အခုတော့ BBK အုပ်စုကြီးအောက်က အမြွှာညီအစ်ကိုတွေဖြစ်တဲ့ OPPO နဲ့ VIVO က DJI ကို တော်တော်လေး ခြိမ်းခြောက်လာနိုင်မယ့် ပုံစံမျိုး ရှိနေတယ်။ ကုမ္ပဏီနှစ်ခုစလုံးက အိတ်ဆောင် Gimbal ကင်မရာတွေကို ကိုယ်စီ သီးခြားစီ တီထွင်နေကြပြီး နှစ်ခုစလုံးမှာ Sony ရဲ့ 200MP ရှိတဲ့ LYT-901 Sensor ကို သုံးဖို့ အတည်ပြုထားကြတယ်ဗျ။ ဒါက 1/1.2 Inch အရွယ်အစားဆိုတော့ DJI ရဲ့ 1 inch Sensor ထက်တောင် ပိုကြီးပြီး Resolution ပိုင်းမှာ ၅ ဆလောက် ပိုသာသွားမယ့် သဘောပဲ။ စာရွက်ပေါ်က Specification အရတင် တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ။

OPPO ဘက်ကတော့ သူတို့ Device ကို "Fuyao" လို့ လျှို့ဝှက်ကုဒ်ပေးထားပြီး Find X9 Ultra တုန်းကလိုပဲ Hasselblad နဲ့ ပူးပေါင်းထားတာ ဖြစ်တယ်။ Vivo ဘက်ကတော့ "Vivo Pocket" ဆိုတဲ့ နာမည်နဲ့ထွက်လာမှာဖြစ်ပြီး သူတို့ရဲ့ ထုံးစံအတိုင်း Zeiss အမှတ်တံဆိပ်နဲ့ လာမှာပါ။ အားသာချက်ကတော့ ဒီကင်မရာငယ်လေးတွေမှာ Flagship အဆင့်မြင့် Chip တွေ သုံးမှာဖြစ်တဲ့အပြင် OPPO ဒါမှမဟုတ် Vivo ဖုန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဗီဒီယိုတွေကို ဖုန်းထဲချက်ချင်းပြောင်း၊ ချက်ချင်း Edit လုပ်လို့ရမယ့် Ecosystem ပုံစံမျိုး သွားဖို့ရှိလိမ့်မယ်။

ဒါပေမဲ့ ဒီနေရာမှာ စဉ်းစားစရာတစ်ခု ရှိတာက BBK အောက်မှာ ရှိနေတဲ့ ကုမ္ပဏီနှစ်ခုက ဘာလို့ ဒီလိုမျိုး ထုတ်ကုန်တူတူ၊ Sensor တူတူကို ပြိုင်တူလုပ်နေကြတာလဲဆိုတာပါပဲ။ အင်ဂျင်နီယာအဖွဲ့ချင်း မတူပေမဲ့ Supplier နဲ့ မိခင်ကုမ္ပဏီရဲ့ မဟာဗျူဟာချင်း ထပ်နေတာကြောင့် ဒါက အတွင်းပိုင်း ပြိုင်ဆိုင်မှုအဆင့်ပဲလား၊ ဒါမှမဟုတ် အထက်လူကြီးတွေ ညှိနှိုင်းဖို့ လိုနေပြီလားဆိုတာ စောင့်ကြည့်ရမှာပဲ။

နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် ဒီ Sony LYT-901 Sensor ကြောင့် အရည်အသွေးမကျတဲ့ Hardware အဆင့် 4x Lossless Zoom ဆွဲလို့ရမယ်၊ 4K ကို 120fps နဲ့ Binning mode မှာ အမိုက်စား ရိုက်လို့ရမယ့်အပြင် Dynamic Range ကလည်း 100dB ကျော်တယ်ဆိုတော့ ဆရာကျနေတာ အမှန်ပဲ။ ဒါပေမဲ့ Reviewer တစ်ယောက်အနေနဲ့ အမှန်အတိုင်း ပြောရရင် Megapixel ကြီးတာ၊ Sensor အရွယ်အစား ကြီးတာတစ်ခုတည်းနဲ့တော့ Pocket ကင်မရာကောင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ DJI ဘက်မှာက ဆယ်စုနှစ်တစ်ခုစာ ရှိခဲ့တဲ့ Stabilization Software တွေ၊ Motor နည်းပညာတွေနဲ့ Creator အသိုင်းအဝိုင်း နဲ့ ဂေဟစနစ်က အခိုင်အမာ ရှိနေတာ။ ပြီးတော့ 1-inch main ဆန်ဆာကို Telephoto နဲ့ တွဲပေးထားပြီး Leica နဲ့ ပူးပေါင်းထားတဲ့ Insta360 Luna Ultra လို ကောင်မျိုးကလည်း Software ပိုင်း ရင့်ကျက်ပြီးသားမို့ DJI အတွက် ပိုပြီး လက်တွေ့ကျတဲ့ ပြိုင်ဘက် ဖြစ်နေနိုင်ပါတယ်။

အချိန်ဇယားအရ ပြောရရင်တော့ Vivo က ကင်မရာကို Creator တွေဆီ ပို့ပြီး စမ်းသပ်နေပြီမို့ ၂၀၂၆ နှောင်းပိုင်းလောက်မှာ မြင်ရဖို့ ရှိတယ်။ OPPO ကတော့ စိတ်ဝင်စားတယ်လို့ပဲ ပြောထားပြီး ရက်အတိအကျ မရှိသေးပါဘူး။ DJI ဘက်ကလည်း လက်ဦးမှုယူတဲ့အနေနဲ့ အခု Pocket 4 ရော၊ Pocket 4P ကိုပါ ပြိုင်တူထုတ်ပြီး ဈေးကွက်ကို ကြိုပိတ်ဖို့ ပြင်နေတယ်။ ဘာပဲဖြစ်ဖြစ် နှစ်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ အိတ်ဆောင် Gimbal ကင်မရာလောကကြီးကတော့ အခု ၂၀၂၆ မှာ တော်တော်လေး အကြိတ်အနယ်ရှိပြီး ကျွန်တော်တို့ Content Creator တွေအတွက်တော့ တကယ့်ကို ရင်ခုန်စရာ ရွေးချယ်မှုတွေ ဖြစ်လာတော့မှာပေါ့ဗျာ။

03/06/2026

mStudio နဲ့ Best Trend ဆိုင်သစ်ဖွင့်ပွဲ Invitation ရယ် PR Gift ရယ် ရောက်လို့ ဖွင့်ကြည့်

mStudio | Best Trend ဆိုင်သစ်ကို June လ ၆ ရက်နေ့မှာ Grand Opening လုပ်မှာဗျ။ ဖွင့်ပွဲနေ့ June လ (၆) ရက်နေ့ တစ်ရက်တည်းမှာပဲ mStudio (၆မိုင်ခွဲ) မှာ လာဝယ်တဲ့သူတွေကို သိန်း ၆၅၀ ဝန်းကျင် တန်ဖိုး ဗလာမပါ ဆုလက်ဆောင်တွေ စီစဉ်ထားတယ်လို့သိရတယ်။ Apple Product တွေ ဝယ်ဖို့ စဉ်းစားနေရင် ၆ ရက်နေ့ ၆ မိုင်ခွဲက Apple Products တွေ အစုံရှိတဲ့ mStudio မှာ ဇွန် ၆ ရက်နေ့ကတော့ ရှယ်တန်နေလိမ့်မယ်။

ဘွဲ့ရခါစပဲ သင်တန်းပြီးကာစပဲ ရှိသေးတယ်... လစာလည်းရမယ်၊ နေထိုင်မှုစရိတ်လည်း အကုန်အကျခံမယ့်အပြင် (၁၈) လလည်း ပြည့်ရော ကုမ္ပဏ...
02/06/2026

ဘွဲ့ရခါစပဲ သင်တန်းပြီးကာစပဲ ရှိသေးတယ်... လစာလည်းရမယ်၊ နေထိုင်မှုစရိတ်လည်း အကုန်အကျခံမယ့်အပြင် (၁၈) လလည်း ပြည့်ရော ကုမ္ပဏီကြီးတစ်ခုမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်မယ့် အခွင့်အရေးမျိုးကို စိတ်ဝင်စားလား။ အခု မြန်မာနိုင်ငံရဲ့ 4.5G အော်ပရေတာ ATOM ကနေ တကယ့်ကို ထူးထူးခြားခြား ခေါ်ယူလိုက်တဲ့ Talent Accelerator Programme 2026 ကို စတင်လိုက်ပါတယ်။
------------------------------------------

မြန်မာနိုင်ငံရဲ့ 4.5G ဝန်ဆောင်မှုပိုင်းမှာ တော်တော်လေး အားကောင်းတဲ့ အက်တမ် (ATOM) ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုက လူငယ်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးမယ့် ‘Talent Accelerator Programme 2026’ ဆိုတဲ့ အစီအစဉ်အသစ်ကို မကြာသေးမီကတင် တရားဝင် မိတ်ဆက်ပေးလိုက်တာပါပဲ။

ဒီပရိုဂရမ်က တစ်လနှစ်လနဲ့ ပြီးသွားမယ့်အရာမျိုး မဟုတ်ဘဲ (၁၈) လတောင် ကြာမြင့်မှာဖြစ်လို့ တကယ့်ကို ရေရှည်စီမံကိန်းကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာလူငယ်တွေအတွက် ဒစ်ဂျစ်တယ်နဲ့ တယ်လီကွန်း စီးပွားရေးရဲ့ အခြေခံ သဘောတရားတွေ၊ အိုင်တီနဲ့ ကွန်ရက်ပိုင်းဆိုင်ရာ အသိပညာတွေ၊ သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ လုပ်ဆောင်ချက်တွေအပြင်၊ အခုခေတ်မှာ အရမ်းအရေးကြီးတဲ့ အချက်အလက်အခြေပြု တွေးခေါ်မှုနဲ့ ဆန်းစစ်မှု (Data-driven thinking and analysis) ဆိုင်ရာ အဓိကစွမ်းရည်တွေကို အဆင့်မြှင့်တင်ပေးဖို့ စနစ်တကျ ဖန်တီးထားတာပါ။ အဓိကကတော့ စာတွေ့သင်ကြားမှုကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပေးပြီး၊ အနာဂတ်မှာ ဒစ်ဂျစ်တယ်နဲ့ တယ်လီကွန်းကဏ္ဍကို ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ ATOM ကနေ ရည်မှန်းပြီး လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီပရိုဂရမ်ကို လျှောက်ထားခဲ့ကြတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်ကနေ ဧပြီလ (၅) ရက်နေ့အထိ လျှောက်လွှာတွေ လက်ခံခဲ့တာ ဖြစ်ပြီး၊ ATOM ရဲ့ ဝက်ဘ်ဆိုက်က အလုပ်အကိုင် ကဏ္ဍ၊ သူတို့ရဲ့ Social Media ပလက်ဖောင်းတွေ၊ ပြီးတော့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းချိတ်ဆက်မှုတွေ အပါအဝင် နေရာစုံကနေ လျှောက်ထားသူ အရေအတွက် (၄၀၀) ကျော်အထိ ရှိခဲ့တာမို့ ပြိုင်ဆိုင်မှု တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီနောက်မှာတော့ သူတို့က အရည်အချင်း စစ်ဆေးတာတွေ၊ လူတွေ့မေးမြန်းတာတွေကို အဆင့်ဆင့် သေသေချာချာ လုပ်ဆောင်ခဲ့ပြီး၊ တကယ့် ထူးချွန်ထက်မြက်တဲ့ လူငယ် (၂၈) ဦးကိုပဲ စိစစ်ရွေးချယ်ခဲ့ပါတယ်။ ဒီလူငယ်တွေကိုတော့ ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှာ တရားဝင် စတင်ကြိုဆိုခဲ့ပြီးပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့က လုပ်ငန်းခွင်အကြို ပြင်ဆင်မှုကာလကို အောင်မြင်စွာ ပြီးမြောက်အောင် အရင်လုပ်ရမှာဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှ ATOM ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ဌာနအသီးသီးထဲကို တိုက်ရိုက်ဝင်ရောက်ပြီး လေ့လာလုပ်ကိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ လူငယ်တွေအတွက် ခံစားခွင့်ပိုင်းကို ကြည့်ရအောင်ပါ။ ဒါကလည်း တကယ့်ကို ပြည့်စုံကောင်းမွန်တယ်လို့ ဆိုရမယ်။ သင်တန်းသားတွေအနေနဲ့ လစာ၊ နေထိုင်မှုစရိတ် အပါအဝင် ထောက်ပံ့ကြေးတွေနဲ့ ဝန်ထမ်းခံစားခွင့်တွေကို ရရှိမယ့်အပြင်၊ ပရိုဂရမ်တစ်ခုလုံးမှာ အနီးကပ် စနစ်တကျ လမ်းညွှန်ပံ့ပိုးမှု (Mentorship) တွေကိုပါ ရရှိသွားမှာပါ။ ဒါတင်မကသေးပါဘူး၊ ATOM အနေနဲ့ ဒီလူငယ်တွေရဲ့ ရေရှည်အလုပ်အကိုင် တိုးတက်ရေးကိုပါ အလေးထားတာမို့၊ ပရိုဂရမ် ပြီးဆုံးသွားတဲ့အခါ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ သင်တန်းသားတွေကို ၎င်းတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အရည်အချင်းနဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလိုအပ်ချက်တွေအပေါ် မူတည်ပြီးတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ဖို့အတွက်ပါ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

ကျွန်တော်အမြင်ကတော့ ဒီပရိုဂရမ်က ဘွဲ့ရခါစ လူငယ်တွေနဲ့ လုပ်ငန်းခွင်ဝင်ခါစ ထူးချွန်တဲ့ ပညာရေးနောက်ခံရှိသူတွေအတွက် သီးသန့်ရည်ရွယ်ပြီး ဖန်တီးထားတာပါ။ သင်တန်းသားတွေအနေနဲ့ ATOM ထဲမှာ မတူညီတဲ့ လုပ်ငန်းတာဝန်တွေကို အလှည့်ကျ လုပ်ကိုင်ခွင့် (Job Rotation) ရမှာဖြစ်သလို၊ မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ တင်ပြချက်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့် ရဦးမှာပါ။ ပြီးတော့ ATOM ရဲ့ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေနဲ့ အမှုဆောင်အရာရှိကြီးတွေဆီကနေ တိုက်ရိုက် လမ်းညွှန်ပြသမှုတွေကိုပါ ရရှိမှာဖြစ်လို့ ဘက်စုံအတွေ့အကြုံကောင်းတွေကို ထိထိရောက်ရောက် ဆည်းပူးနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

ကွန်ပျူတာကို Mouse နဲ့ Keyboard ကိုင်သုံးတဲ့ ခေတ်က ကုန်တော့မယ်တဲ့ဗျာ။ ကျွန်တော်တို့ အဲ့ခေတ်ထဲ ပါဝင်နိုင်ပါ့မလား။--------...
01/06/2026

ကွန်ပျူတာကို Mouse နဲ့ Keyboard ကိုင်သုံးတဲ့ ခေတ်က ကုန်တော့မယ်တဲ့ဗျာ။ ကျွန်တော်တို့ အဲ့ခေတ်ထဲ ပါဝင်နိုင်ပါ့မလား။
--------------------------------------------------------

NVIDIA က ထိုင်ဝမ်မှာ လုပ်နေတဲ့ GTC Taipei ပွဲမှာ သိလိုက်ရတာတစ်ခုက ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ အက်ပ်တွေလိုက်ဖွင့်၊ ကလစ်တွေလိုက်နှိပ်၊ စာတွေလိုက်ရိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ အလုပ်ခိုင်းနေရတဲ့ ခေတ်ကြီးက ကုန်သွားပြီတဲ့။ အခုဆို ကွန်ပျူတာအသုံးပြုတဲ့ခေတ်သစ်ကို ရောက်လာပြီး အဲ့လိုဖြစ်ဖို့ RTX Spark စူပါချစ်ပ်နဲ့ Microsoft Windows တို့ ပေါင်းစပ်သွားတာပဲ ဖြစ်ပါတယ်။

NVIDIA ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang) ရှင်းပြသွားတာကတော့ အနှစ် ၄၀ ကြာ ကီးဘုတ်နဲ့ မောက်စ်ကို အားကိုးခဲ့ရတဲ့ ကွန်ပျူတာခေတ်ကြီးကို AI Agent တွေက အစအဆုံး ပြောင်းလဲပစ်တော့မယ်ဆိုတာပါပဲ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့တွေ အလုပ်တစ်ခုလုပ်ဖို့ အက်ပ်တွေဖွင့်၊ Interface တွေပေါ်မှာ လိုက်နှိပ်၊ Command တွေ ရိုက်ထည့်ပြီးမှ အလုပ်ဖြစ်ကြတာလေ။ ဒါပေမဲ့ အခုလာမယ့် Agentic Computing ခေတ်မှာတော့ "AI ကသာ UX (User Experience)" ဖြစ်လာတော့မှာပါ။ ဆိုလိုတာက အက်ပ်တွေထဲမှာ လိုက်ပြီး နပန်းလုံးနေစရာမလိုတော့ဘဲ မိမိဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို AI Agent ဆီ ဗီဒီယိုခေါ်ပြောသလိုမျိုး လှမ်းပြောလိုက်ရုံပဲ။ ကျန်တာကို အဲဒီ Agent က သူ့အလိုအလျောက် ပြီးအောင်လုပ်ပေးသွားမှာကို ထိုင်ကြည့်နေရုံပဲဗျ။

ဆိုကော့ဒီခေတ်သစ်ကြီးကို ခေါ်ဆောင်လာမယ့် ဟာ့ဒ်ဝဲကတော့ Windows Laptop တွေနဲ့ ကွန်ပျူတာအသေးလေးတွေအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်ထားတဲ့ NVIDIA ရဲ့ RTX Spark ဆိုတဲ့ စူပါချစ်ပ် (Super-chip) အသစ်ကြီးပဲ ဖြစ်ပါတယ်။ NVIDIA ဘက်ကတော့ ဒါကို "ကွန်ပျူတာအသစ်" ဒါမှမဟုတ် "ကိုယ်ပိုင် AI ကွန်ပျူတာ" (Personal AI Computer) လို့ တရားဝင် ကြေညာသွားပါတယ်။ ဒီကောင်က NVIDIA ဘက်က နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ နည်းပညာတွေဖြစ်တဲ့ CUDA, RTX, FP4, TensorRT, OptiX, Reflex နဲ့ G-Sync စတဲ့ ဆော့ဖ်ဝဲလ်ပေါင်းစုံကို တစ်စုတစ်စည်းတည်းဖြစ်အောင် မွှေနှောက်ပြီး ထည့်ပေးထားတာပါ။

ဂျန်ဆန်ဟွမ် ကိုယ်တိုင်ပြောသွားတာကတော့ "အနှစ် ၄၀ လုံးလုံး ခင်ဗျားတို့ အက်ပ်တွေ ဖွင့်ခဲ့ကြတယ်၊ ကလစ်နှိပ်ခဲ့ကြတယ်၊ စာရိုက်ခဲ့ကြတယ်။ ဒါပေမဲ့ RTX Spark နဲ့ Microsoft Windows နဲ့ဆိုရင်တော့ ခင်ဗျားတို့က တောင်းဆိုလိုက်ရုံပဲ၊ ကွန်ပျူတာက အလုပ်တွေအကုန်လုံးကို လုပ်ပေးသွားလိမ့်မယ်။ သူက စက်ထဲမှာတင် တိုက်ရိုက်အလုပ်လုပ်မယ့် Local Agent တွေ၊ အဆင့်မြင့် Frontier Model တွေ၊ Creative လုပ်ငန်းစဉ်တွေအပြင် RTX ဂိမ်းတွေကိုပါ လက်ပ်တော့တစ်လုံးတည်းပေါ်မှာတင် အကုန်ဆွဲနိုင်မှာဖြစ်လို့ ဒါဟာ တကယ့်ကို ကွန်ပျူတာခေတ်သစ်ပဲ" ဆိုပြီးတော့ပြောသွားတယ်။

လိုရင်းတိုရှင်း ဖြတ်ပြောရရင်တော့... NVIDIA ရဲ့ ဒီထုတ်ပြန်ချက်ဟာ ကွန်ပျူတာလောကရဲ့ နောက်ထပ် အပြောင်းအလဲကြီးတစ်ခု (Major Shift) ပဲဗျ။ ဒါက ပိုမြန်တဲ့ ကီးဘုတ်၊ ပိုလန်းတဲ့ မျက်နှာပြင် ဒါမှမဟုတ် ပိုကောင်းတဲ့ Specs တွေလောက်တင် မဟုတ်ဘဲ ကျွန်တော်တို့တွေ ကွန်ပျူတာကို အစဉ်အလာအတိုင်း လက်နဲ့ လိုက်နှိပ်ပြီး သုံးနေရတဲ့ ပုံစံဟောင်းကြီးကနေ လုံးဝခွဲထွက်သွားမယ့် သဘောပဲ ဖြစ်ပါတယ်။

ကဲ... နည်းပညာက တကယ့်ကို အရှိန်အဟုန်နဲ့ သွားနေတာဗျာ။ မိတ်ဆွေတို့ကော ဘယ်လိုမြင်လဲ။ မောက်စ်နဲ့ ကီးဘုတ်ကိုပဲ ဆက်ကိုင်ချင်သေးလား၊ ဒါမှမဟုတ် AI ကိုပဲ အကုန်ခိုင်းတော့မလား။

vivo က သူတို့ရဲ့ ပထမဆုံး Over ear Headphone အသစ်ကို တရုတ်ပြည်မှာ မိတ်ဆက်သွားတယ်။ ဒီဇိုင်းလေးက တော်တော်မိုက်တယ်ဗျ--------...
31/05/2026

vivo က သူတို့ရဲ့ ပထမဆုံး Over ear Headphone အသစ်ကို တရုတ်ပြည်မှာ မိတ်ဆက်သွားတယ်။ ဒီဇိုင်းလေးက တော်တော်မိုက်တယ်ဗျ
------------------------------------------

အမြဲတမ်း ဖုန်းတွေပဲ ထုတ်နေကျဖြစ်တဲ့ vivo ကနေ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Over-Ear နားကြပ်အမျိုးအစားကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

ဒီနားကြပ်ကို သူတို့ရဲ့ vivo S60 Series ဖုန်းမိတ်ဆက်ပွဲနဲ့အတူ တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားတာပါ။ နာမည်အပြည့်အစုံကတော့ "vivo Over-Ear Noise-Canceling Headphones" လို့ခေါ်တယ်။ သူ့မှာက စံချိန်တင်လောက်တဲ့ ဘက်ထရီအသုံးခံမှု၊ ဆူညံသံဖယ်ပေးတဲ့စနစ်နဲ့ အရောင်းသွက်နိုင်မယ့် ဈေးနှုန်းတို့ ပေါင်းစပ်ထားတာမို့လို့ နားကြပ်ဈေးကွက်ကို အတော်လေး လှုပ်ခတ်သွားစေမယ့် အရိပ်အယောင်တွေ မြင်နေရတယ်။ ဒါပေမယ့်လောလောဆယ်တော့ တရုတ်ပြည်မှာပဲ ရဦးမှာပါ Global တော့ရောက်လာမလာမသိသေးဘူး။

ဒီဇိုင်းနဲ့ Comfort ပိုင်းကို အရင်ကြည့်ရအောင်ဗျာ။

ဒီဇိုင်းက တော်တော်လေးကို ရိုးရှင်းပြီး သန့်ပြန့်တဲ့ Minimalist ပုံစံမျိုး လုပ်ပေးထားတယ်။ နားအုပ်တဲ့ခွက်တွေကို ထောင့်ဝိုင်းစတုဂံပုံစံ လုပ်ထားပြီး Matte သား သုံးပေးထားတာမို့ တော်တော်လေး ကြည့်ကောင်းတယ်။ vivo ဆိုတဲ့ Logo လေးကလွဲရင် တခြားအလှဆင်တာတွေ မပါလို့ ခေတ်မီပြီး အဆင့်အတန်းရှိတဲ့ ရုပ်ထွက်မျိုး ရတယ်။

အရောင်ပိုင်းမှာလည်း ခရမ်းရောင်နုနုလေးက ခေတ်ဆန်ပြီး ဖက်ရှင်ကျသလို၊ အဖြူနဲ့ ခဲရောင်စပ်ထားတဲ့ ဗားရှင်းကလည်း ဘယ်တော့မှရိုးမသွားဘဲ တည်ငြိမ်တဲ့ ပုံစံမျိုးရှိတယ်။ အလေးချိန်ကလည်း ၂၃၈ ဂရမ်ပဲ ရှိတာမို့ တော်တော်လေး ပေါ့ပါးပြီး နားအုံးကူရှင်တွေကလည်း ထူထူထဲထဲနဲ့ နားကို အပြည့်ငုံမိအောင် လုပ်ထားတာမို့လို့ တပ်ဆင်ရတာ သက်သောင့်သက်သာ ရှိမှာ သေချာတယ်။ ခလုတ်တွေနဲ့ အားသွင်းပေါက်တွေကိုတော့ ညာဘက်နားအုပ်ခွက်ရဲ့ အောက်ခြေအနားသတ်မှာ သပ်သပ်ရပ်ရပ် ဖုံးကွက်ပြီး ထည့်ပေးထားတယ်။

ကဲ... အသံစနစ်နဲ့ ANC ပိုင်းကို ဆက်ပြောရရင်တော့။

နာမည်အတိုင်းပဲ ဆူညံသံပယ်ဖျက်ပေးတဲ့ Active Noise Cancellation (ANC) စနစ်က 58 dB အထိကို ပယ်ဖျက်ပေးနိုင်တာမို့ တကယ့်ကို အလန်းစားပါပဲ။ ပတ်ဝန်းကျင်အလိုက် အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့အပြင် လေယာဉ်ပေါ်၊ မြေအောက်ရထားနဲ့ ဘတ်စ်ကားတွေအတွက်ပါ သီးသန့် Profile တွေ ခွဲပေးထားသေးတယ်။ (ဒါပေမဲ့ ဒီစနစ်တွေက Bluetooth နဲ့ သုံးမှ ရမှာပါ)။

အသံပိုင်းအတွက်ကိုတော့ ၄၀ မီလီမီတာ ဒိုင်နမစ်ဒရိုင်ဘာ သုံးပေးထားပြီး ကြိုးတပ်သုံးသုံး၊ ကြိုးမဲ့သုံးသုံး Hi-Res Audio ရလိမ့်မယ်။ ဒါတင်မကသေးဘူးဗျာ၊ သူတို့ရဲ့ ကိုယ်ပိုင် Golden Ear Acoustics Lab အင်ဂျင်နဲ့ မောင်းနှင်တဲ့ Spatial Audio လည်း ပါလို့ ရိုးရိုး စတီရီယိုအသံတွေကို ၃၆၀ ဒီဂရီ ပတ်လည်အသံအဖြစ် ပြောင်းလဲနားဆင်နိုင်မှာဖြစ်ပြီး Equalizer ၁၀ မျိုးနဲ့ စိတ်ကြိုက် အသံညှိလို့ ရသေးတယ်။

ဘက်ထရီနဲ့ Smart လုပ်ဆောင်ချက်တွေကတော့

ဒေတာတွေအရ ဘက်ထရီသက်တမ်းက -
ANC ပိတ်သုံးရင် ၇၅ နာရီအထိ ခံပြီး၊
ANC ဖွင့်သုံးရင်တောင် ၃၅ နာရီအထိ အသုံးခံတယ်။
အမြန်အားသွင်းစနစ်လည်း ပါလို့ ၁၀ မိနစ်လောက် ခဏ အားသွင်းရုံနဲ့ ၉ နာရီနီးပါးအထိ ပြန်ဖွင့်လို့ ရတာဟာ တကယ့်ကို မိုက်တယ်။

ဒါ့အပြင် တစ်ပြိုင်နက်တည်း Device 3 ခုအထိ ချိတ်ဆက်ပြီး Fast Switch လုပ်နိုင်သလို၊ ဂိမ်းကစားရင် Low Latency Mode လည်း ပါတယ်။ AI လုပ်ဆောင်ချက်အနေနဲ့ Smart Translation နဲ့ ဖုန်းခေါ်ဆိုမှု စီမံခန့်ခွဲရေးအကူအညီတွေလည်း ပေါင်းစပ်ပေးထားတယ်။ ထိန်းချုပ်မှုအတွက် နားခွက်ပေါ်မှာ Physical button တွေ ပါဝင်ပြီးတော့ အသံအတိုးအကျယ်အတွက် Scroll လုပ်ရတဲ့ ဒလိမ့်တုံးခလုတ်လေးလည်း ပါသေးတယ်။

ဒီ vivo Over-Ear နားကြပ်ကို တရုတ်ပြည်မှာ ၄၉ ၉ ယွမ်နဲ့ စတင်မိတ်ဆက်ခဲ့တာဖြစ်လို့ လက်ရှိငွေလဲနှုန်းအရ ယူရို ၆၅ ကနေ ၇၀ ဝန်းကျင် ရှိမှာပါ။ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ စတင်ရောင်းချမှာဖြစ်ပြီး၊ ကျွန်တော်တို့ဆီ အပါအဝင် နိုင်ငံတကာဈေးကွက်ကို ဘယ်တော့ရောက်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပဲ။ vivo ရဲ့ ပထမဆုံး over ear Headphone အသစ်ကို ဘယ်လိုမြင်ကြလဲ။ Comment မှာ ဆွေးနွေးပေးခဲ့ကြဦး။

Address

16. 788194, 96. 127531
Rangoon Ahlone

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959792955666

Alerts

Be the first to know and let us send you an email when Techviewspro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Techviewspro:

Share